ရုပ်ရှင်သရုပ်ဆောင်ရတနာခင်၏ခင်ပွန်း ကိုစိုးလှိုင်ဦး ကင်ဆာရောဂါဖြင့် ကွယ်လွန်

by

in

ရုပ်ရှင်သရုပ်ဆောင်ရတနာခင်၏ခင်ပွန်း ကိုစိုးလှိုင်ဦး ကင်ဆာရောဂါဖြင့် ကွယ်လွန်

ရုပ်ရှင်သရုပ်ဆောင် ရတနာခင်၏ခင်ပွန်း ကိုစိုးလှိုင်ဦး ကင်ဆာရောဂါဖြင့် စက်တင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်ခဲ့ကြောင်း သိရသည်။
သရုပ်ဆောင် ရတနာခင်တို့ ဇနီးမောင်နှံတွင် သား (၃)ဦးထွန်းကားခဲ့ပြီး ကိုစိုးလှိုင်ဦးမှာ ကင်ဆာရောဂါဝေဒနာကို နှစ်ရှည်ခံစားခဲ့ရသူဖြစ်ရာ ကွယ်လွန်ချိန်တွင် အသက် (၄၇)နှစ်ရှိပြီ ဖြစ်သည်။
သရုပ်ဆောင် ရတနာခင်တို့ ဇနီးမောင်နှံက ငွေကျပ် (၅၀၀) နဲ့ ထမင်း၊ ဟင်း၊ ငါးပိရည် တို့စရာအစုံနဲ့ စားလို့ရမယ့် တန်ဖိုးသင့်ထမင်းဆိုင်များကို စွန့်ဦးဖွင့်လှစ်ခဲ့သူများတွင် ပါဝင်ခဲ့ပြီး ဝင်ငွေနည်း မိသားစုဝင်များအတွက် အားထားရာ ဖြစ်ခဲ့သည်။
Photo #credit