ရန်ကုန်တိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား

by

in

ရန်ကုန်တိုင်းအတွင်းမှ အုပ်ချုပ်ရေးမှူးများ သန်းခေါင်စာရင်း ကောက်ယူချိန်နှင့် တာဝန်ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြဘဲ ရပ်ရွာ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် တိုင်းစစ်ကောင်စီက မှာကြား
ရန်ကုန်၊ စက်တင်ဘာ ၂၆
ရန်ကုန်တိုင်းအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လာမည့်အောက်တိုဘာလ သန်းခေါင်စာရင်းကောက် ယူချိန်နှင့် ရပ်ရွာတာဝန်ထမ်းများကို ထမ်းဆောင်ချိန်များတွင် တစ်ဦးတည်း သွားလာခြင်းမလုပ်ကြရန်နှင့် ရပ်ရွာ တာဝန် များ ထမ်းဆောင်ချိန်တွင်လည်း ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့်အတူ စုဖွဲ့သွားလာ နေထိုင်ကြရန် ရန်ကုန်တိုင်းစစ်ကောင်စီက မှာကြားချက်ထုတ်ပြန်ကြောင်း သိရှိရသည်။
စက်တင်ဘာလ ၂၀ ရက်နေ့ ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးကြည်ထွန်းနှင့် ရာအိမ်မှူး ဆွေမြင့်အောင်တို့ ပစ်ခတ်ခံ၍ သေဆုံးသွားခဲ့ခြင်း၊ Non-CDM ဝန်ထမ်းများ၊ သန်းခေါင်စာရင်းနှင့်ရွေးကောက်ပွဲမဲစာရင်း ကောက်ယူသူများကို ပစ်မှတ်ထားတိုက်ခိုက်မည်ဆိုသော ကြေညာချက်များ ထွက်ပေါ်လာသည့်အတွက် ရန်ကုန်တိုင်းစစ်ကောင်စီက ထိုသို့ ရပ် ကွက် နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများကို သတိထားနေထိုင်ကြရန် မှာကြားချက် ထွက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“အုပ်ကြီးတွေအားလုံး လုံခြုံရေး သတိထားကြဖို့နဲ့ ရပ်ကွက်ပြည်သူ့လုံခြုံရေးအဖွဲ့တွေနဲ့ စုဖွဲ့သွားလာဖို့ ၊ ရုံးထိုင်ချိန်မှာလည်းအစုအဖွဲ့ နဲ့နေထိုင်ကြဖို့ ၊ လိုအပ်တဲ့ ခုခံကာကွယ်နိုင်တဲ့ လက်နက်တွေ အနီးအနားဆောင်ထားကြဖို့ မှာကြားပါတယ်။ သတိလွတ်ရင်၊ လုံခြုံရေးပေါ့လျော့ရင် တိုက်ခိုက်ခံရနိုင်တဲ့အတွက် မပေါ့ကြဖို့ မှာကြားပါတယ်။ တိုင်းက မှာကြားတာပါ” ဟု ရန် ကုန် တိုင်းစစ်ကောင်စီသတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များအနေဖြင့် အချိန်ကြာမြင့်စွာ လက် ဖက်ရည်ဆိုင်ထိုင်ခြင်း၊ ဘီယာဆိုင်ထိုင်ခြင်းနှင့် ဆိုင်ထိုင်ခြင်းများ မပြုလုပ်ကြရန်၊ မိမိ၏လုံခြုံရေးကို ခြိမ်းခြောက်သည့် မသင်္ကာဖွယ်ရာ အခြေအနေများ ကြုံတွေ့လာပါက သက်ဆိုင်ရာ တပ်နယ်၊ ရဲတပ်ဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီများထံသို့ အချိန်နှင့် တပြေးညီ အကူအညီတောင်းခံနိုင်ကြောင်း တိုင်းစစ်ကောင်စီက မှာကြားသည်။
ထို့အတူ မိမိတို့၏ ရပ်ကွက်နှင့်ကျေးရွာများသို့ ဒေသခံမဟုတ်ဘဲ ပြင်ပမှ လူစိမ်းများ ဝင်ရောက်နေထိုင်မှုများ ရှိလာပါကလည်း လုံခြုံရေးအမြင်ဖြင့် သတိပြု စစ်ဆေးကြရန်လည်း တိုင်းစစ်ကောင်စီက မှာကြားထားကြောင်း သိရှိရသည်။
ဓာတ်ပုံ- စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)