စက်တင်ဘာ ၂၀ရက်မှစ၍ ဒေသအချို့ မိုးကြီးနိုင်ကြောင်း NUG သတိပေး

by

in

စက်တင်ဘာ ၂၀ရက်မှစ၍ ဒေသအချို့
မိုးကြီးနိုင်ကြောင်း NUG သတိပေး
မိထက်/People’s Spring

တောင်တရုတ်ပင်လယ်မှ အပူပိုင်းမုန်တိုင်းသက်
ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး လေပြင်းလည်းတိုက်ခိုက်နိုင်ကြောင်း MOHADM က သတတိပေးချက်ထုတ်ပြန်သည်။
နိုင်ငံတကာ မိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကိုကိုးကား၍ လူသားချင်းစာနာ​ထောက်ထား​ရေးနှင့် သဘာဝ​ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ​ရေးဝန်ကြီးဌာန (MOHADM) က ယနေ့(စက်တင်
ဘာ ၁၇ ရက်)ညနေပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။
တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာကာ အပူပိုင်းမုန်
တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်ပြီး စက်
တင်ဘာလ(၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့အတွင်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်ကာ အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။
ထိုအပူပိုင်းမုန်တိုင်းသက်ရောက်မှုများကြောင့်စက်တင်ဘာလ ၂၀ရက်မှစတင်၍ မြန်မာနိုင်ငံအရှေ့ပိုင်းနှင့် အရှေ့တောင်ပိုင်း ဒေသများတွင် မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်ခြင်း၊ မိုး
ကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်၍ ဒေသခံပြည်သူများအနေဖြင့် နေရာကွက်၍ မိုးကြီးခြင်း၊ ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများကို သတိပြုနေထိုင်ကြရန် ကြိုတင်သတိပေးထားသည်။
မိုးလေဝသဖြစ်စဉ်များသည်အချိန်နှင့်အမျှပြောင်း
လဲဖြစ်ပေါ်နိုင်သည့်အတွက် နေ့အလိုက်ခန့်မှန်း ချက်များကို အထူးသတိထားစောင့်ကြည့်ပေးကြပါရန် တိုက်တွန်းထားသည်။
မိုးလေဝသ ခန့်မှန်းချက်များထုတ်ပြန်​၍ သတိ​ပေး​နေ​သော ဦးဝင်းနိုင်ကလည်းစက်တင်ဘာ ၂၀ ရက် စက်တင်ဘာ ၂၅ ရက်အထိ ဗီယက်နမ်၊ လာအို၊ ထိုင်းနိုင်ငံတွေကိုကျော်ဖြတ်ရွေ့လျားလာနိုင်သည့် GENERမုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များနှင့် လေပွေလှိုင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းအပါအဝင် မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာသွန်းနိုင်သည်ဟု ခန့်မှန်းထား
သည်။ လတ်တလောခန့်မှန်းချက်များအရ အဆိုပါကာလအတွင်းရွာသွန်းမည့် မိုးရေချိန် နည်းပါးနိုင်သည်ဟုဆိုသည်။
“၂၄ နာရီအတွင်းရွာသွန်းနိုင်မည့် မိုးရေချိန်များ
သည် ပြီးခဲ့သည့်တိုင်ဖွန်းမုန်တိုင်းကြီး YAGI ၏ အကြွင်းအကျန်ဝင်ရောက်စဉ်ကထက် လျော့နည်းပါမည်” ဟု ဦးဝင်းနိုင်ကခန့်မှန်းထားသည်။
ယာဂီ မုန်တိုင်းအကြွင်းအကျန် တိမ်စိုင်များဝင်ရောက်စဉ်က မိုးကြီးခဲ့သည့်ဒေသများ၌ ၂၄ နာရီအတွင်း ၁၂ လက်မခန့် ရွာသွန်းခဲ့ပြီး ယခုGENER မုန်တိုင်းသည် ၄လက်မခန့်သာ ရွာစေနိုင်ကြောင်း ဦးဝင်းနိုင်ကခန့်မှန်းထားသည်။
ယာဂီ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး စက်တင်ဘာလ ၁၀ရက်မှစ၍ ရှမ်းပြည်နယ်၊ကရင်နီပြည်၊နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေး
တိုင်း တို့၌ ဆိုးရွားသည့်ရေဘေးကြုံတွေ့ခဲ့ကြသည်။ ရေဘေး ပြန်လည်ထူ​ထောင်​ရေးပင်မလုပ်နိုင်​သေးခင် မိုးကြီးမည့်အန္တရာယ်ကို ပြည်သူများကြောက်လန့်နေကြသည်။ လိုအပ်သလို ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ဒေသခံများက အချင်းချင်းသတိ
ပေးနေကြသည်။
(​တောင်တရုတ်ပင်လယ်ပြင်တွင် အပူပိုင်းမုန်နိုင်ဖြစ်လာနိုင်​သော ​လေဖိအားနည်းရပ်ဝန်းနှင့်မုန်တိုင်းငယ်သွားနိုင်​သောလမ်း​ကြောင်း)