Soulik Typhoon အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်…

by

in

Soulik Typhoon
အားလုံးသတိ မြန်မာနိုင်ငံအထိ မိုးသက်ရောက်မည်…
၂၀၂၄ စက်တင်ဘာလ ၂၂ရက်နေ့ ၂၃ရက်နေ့ မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခုးတိုင်းအရှေ့ပိုင်းအထိ Soulik typhoon မုန်တိုင်းရဲ့ UAC 500mbar winds များရောက်ရှိမိုးကြီးစေနိုင်ပါတယ် ဟိုင်နန်ကျွန်း ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့်မြောက်ပိုင်း ကဗ္ဘောဒီးယားနိုင်ငံ ထိုင်းနိုင်ငံ မြန်မာနိုင်ငံ အားလုံး
မုန်တိုင်းအန္တရာယ်ရှိပါတယ်
ကြိုတင်ပြင်ဆင်ကြပါ
အန္တရာယ်ရှိသဖြင့် ရက်နီး update weather forecast ခန့်မှန်းချက်များကို အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်သလို လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးအကူအညီများကိုလည်း တတ်နိုင်တဲ့ဖက်က စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ပေးနေပါတယ်
17/09/2024 7:25am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

၂၄နာရီအတွင်း
ရန်ကုန်တိုင်း
မွန်ပြည်နယ် ကရင်ပြည်နယ်
ပဲခူးတိုင်း နေပြည်တော် ကယားပြည်နယ်
လင်းခေးခရိုင် တောင်ကြီးခရိုင်
ကလောခရိုင် မိတ္ထီလာခရိုင် မကွေးခရိုင် မင်းဘူးခရိုင် ချောက်ခရိုင် ညောင်ဦးခရိုင် ပခုက္ကူခရိုင် မြင်းခြံခရိုင် ဒေသတွေမှာ မိုးအနည်းငယ်မှအသင့်အတင့် ရွာနိုင်ပါတယ်
ISSUED TIME
17/09/2024 6:40am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

အရှေ့အာရှ မြန်မာသင်္ဘောသားများသတိ
၂၀၂၄ စက်တင်ဘာလ ၁၉ရက်နေ့မှ ၂၂ရက်နေ့အတွင် ပူလာစမ် Pulasan အမည်ရတဲ့ တိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံအရှေ့ပိုင်းကိုဦးတည်ဝင်ရောက်တိုက်ခတ်မှာဖြစ်ပါတယ် အဆိုပါနေ့ရက်များအတွင်း ထိုင်ဝမ်ရေလက်ကြားနှင့် တရုတ်နိုင်ငံအရှေ့ပိုင်းကမ်းရိုတန်းဖေဒသတွေမှာဖြတ်သန်းခုတ်မောင်းသွားရာခြင်း ကမ်းဆိက်ကပ်ရပ်နားခြင်းမပြုလုပ်ကြပဲ ဝေးရာသို့ရှောင်ရှားကြပါ
ISSUED TIME
17/09/2024 5:38am(MMT)
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

မြန်မာနိုင်ငံသို့ ဦးတည်နေသည့် မုန်တိုင်း၏ စက်တင်ဘာလ(၁၇)ရက်နေ့ အစောပိုင်းအထိ အခြေအနေ

* * * * *
ရှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံသို့ ဦးတည်လာနေသည့် မုန်တိုင်း သည် ဖိလစ်ပိုင်နိုင်ငံကို ကျော်ပြီး တောင်တရုတ်ပင်လယ်ထဲကို ရောက်လာနေကြောင်းနှင့် စက်တင်ဘာလ(၁၉)ရက်နေ့တွင် ဗီယက်နမ်ကမ်းခြေအနီးသို့ ရောက်မည်ဖြစ်ကြောင်း သိရသည်။
“နောက် (၂)ရက်အတွင်း အားဘယ်လောက်အထိ ကောင်းလာမယ်၊ အရွယ်အစားဘယ်လောက်အထိ ကြီးလာမယ်ဆိုတာတွေက ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေအတွက် ဘယ်လိုသဘာဝဘေးတွေကြောင့် ဆိုးကျိုးတွေ ဘယ်လောက်အထိ ဖြစ်စေနိုင်မလဲဆိုတာကို အဆုံးအဖြတ်ပေးနိုင်ပါ လိမ့်မယ်။”ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့ နံနက် (၂)နာရီ (၂၅)မိနစ်အချိန်တွင် အသိပေး ပြောကြားထားသည်။
အဆိုပါ မုန်တိုင်းလမ်းကြောင်းနှင့် ပတ်သက်၍ စက်တင်ဘာလ(၁၈)ရက်နေ့တွင် JTWC နှင့် အပြည်ပြည်ဆိုင်ရာ မုန်တိုင်းစောင့်ကြည့်ရေးအဖွဲ့ကြီးတွေထံမှ အတည်ပြုချက်များ ရနိုင်မည်ဟု သိရသည်။
“သေချာတာတခုကတော့ တောင်တရုတ်ပင်လယ်ဘက်ကို INVEST-98W ရောက်လာပြီးတဲ့နောက်၊ ဘာနာမည်ရနိုင်မယ် မသိသေးပေမဲ့ မြန်မာနိုင်ငံကို မရောက်ခင်မှာ ဗီယက်နမ်၊ လာအိုနဲ့ ထိုင်းနိုင်ငံတွေကို ကျော်ဖြတ်လာရမှာ ဖြစ်တာကြောင့် မုန်တိုင်းအကြွင်းအကျန်တွေ သယ်ဆောင်လာတဲ့ မိုးတွေက မြန်မာနိုင်ငံအတွက် ခွဲတမ်းဘယ်လောက်ကျန်နိုင်မလဲ ဘယ်ပြည်နယ် ဘယ်တိုင်းဒေသတွေကို မိုးများများပေးမလဲ။ ဘယ်နေ့လဲ ဘယ်အချိန်လဲ ဆိုတာတွေ သေချာအောင် စောင့်ကြည့်ရပါမယ်။”ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောကြားထားသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း နှင့် တောင်ပိုင်း အပါအဝင် နိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်များတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ စပြီး တစ်မှမကြုံဖူးသည့် အဆိုးရွားဆုံး ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီးနောက် ဆက်လက်၍လည်း မုန်တိုင်း ဝင်ရောက်မည်ဟု ကြားသိရသည့်အတွက် စိုးရိမ်နေကြသည်။