တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ ▪️နောင်ချိုမြို့နယ် နေရာသုံးခု၌ တိုက်ပွဲဆက်ဖြစ်ဟု TNLAအသိပေး

by

in

နောင်ချိုမြို့ပေါ်သို့ ယမန်နေ့ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲချသွားပြီး လူထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ပျက်စီး
ရန်ကုန်၊ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ပေါ်သို့ ယမန်နေ့ ညသန်းခေါင်ယံအချိန် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးများကျဲချသွားပြီး လူထိခိုက်မှုမရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ပျက်စီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ ည ၁၁ နာရီ ၅၃ မိနစ်အချိန်မှ ည ၁၂ နာရီအထိ စစ်ကောင်စီတပ်က နောင်ချိုမြို့ပေါ်သို့ လေယာဉ်ဖြင့် ဗုံးများကျဲချခဲ့ကြောင်း၊ နောင်ချိုမြို့၊ တောင်ရပ်၊ ကံကြီးလမ်းဘေးရှိ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အခြားသော ဗုံးများမှာ ရွှေမုဌောကျေးရွာဘက်တွင် ကျရောက်ပေါက်ကွခဲ့ကြောင်း၊ လူထိခိုက်မရှိသော်လည်း နေအိမ်နှင့်အဆောက်အအုံများ ထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။
“ည သန်းခေါင်ယံအချိန်ကြီးမှာ စစ်ခွေးတွေက လေယဥ်နဲ့ နောင်ချိုမြို့ပေါ်ကိုဗုံးနှစ်လုံးလာကျဲသွားတယ်။ ပြည်သူတွေမှာလည်း ဒီခွေးတွေရန်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရ ဘယ်လိုငရဲမှန်းမသိ။ လူတော့ထိခိုက်မှုမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ၂ နာရီ ၃၀ မိနစ်အချိန်အထိ အကြမ်းဖက် စစ်တပ်က Jet fighter ဖြင့် ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်​ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် ကျဲချသော ပေါင် ၅၀၀ ဗုံး ၂ လုံးတွင် ၁ လုံးသာပေါက်ကွဲခဲ့ပြီး ရော့ကတ်ဒုံးများဖြင့်လည်း ၈ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုသည် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိကာ လူနေအိမ်အဆောက်အဦးများလည်း ပျက်စီးခဲ့ကြောင်း၊ စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က လေကြောင်းအသုံးပြုကာ နောင်ချိုမြို့ အတွင်း ဗုံး ၁၃ လုံး လာရောက် ကျဲချ တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

တောင်းခမ်းတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေ
▪️နောင်ချိုမြို့နယ် နေရာသုံးခု၌ တိုက်ပွဲဆက်ဖြစ်ဟု TNLAအသိပေး
ဒီးဒီ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာ၌ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲပစ်ကူပေးခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယနေ့ည အသိပေးထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) ၈၂ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်လျက်ရှိသည်ဟု TNLAက ဆိုသည်။
နောင်ချိုမြို့နယ်၌ နေရာသုံးခုတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီ​၏ အမတ (၂၀၆)တပ်စခန်း၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ်စခန်းနှင့် မကျီးရေကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယနေ့ နံနက် ၁၀နာရီကျော်တွင် စစ်ကောင်စီ အမြောက်တပ် (၂၀၆)တပ်စခန်း၌ လည်းကောင်း၊ နံနက် ၁၀နာရီ ၄၅မိနစ်တွင် တောင်ခမ်းရွာရှိ စစ်ကောင်စီတပ် (၉၀၂)တပ် စခန်း ၌လည်းကောင်း၊ နေ့လည် ၁၂နာရီကျော် တွင် မကျီးရေကျေးရွာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
တောင်ခမ်းကျေးရွာ၊ တောင်ရွှေကျေးရွာနှင့် စစ်ကောင်စီတပ် အမတ (၃၅၄)တပ်စခန်း နေရာများအား စစ်ကောင်စီက Y-12လေယာဉ်ဖြင့် (၇)ကြိမ် ဗုံး ၆၀လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု TNLAက အသိပေးသည်။
TNLA၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် တောင်းခမ်း၌ စစ်ကောင်စီ၏ အမတ (၃၅၄) တပ်စခန်းတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု ဆိုသည်။
နောင်ချိုမြို့တောင်ဘက် ဒုဋ္ဌဝတီမြစ်ကူးတံတား အနောက်ဘက်၌ရှိသော တောင်းခမ်းကျေးရွာ၌ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂) နှင့် ယင်းလက်အောက်ခံ အမြောက်တပ်ရင်း သုံးရင်းဖြစ်သော အမတ(၃၅၄)၊ အမတ (၂၀၆)၊ အမတ(၄၀၆)တို့ တည်ရှိသည်။ မစခ-၉၀၂ သည် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(ရမခ) နယ်မြေအတွင်း တစ်ခုတည်းသော အမြောက်တပ်ကွပ်ကဲမှုဌာနချုပ်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင် အမြောက်တပ်ရင်း ၁၃ ရင်းရှိသည်။
TNLA က အမတ(၄၀၆)နှင့် အမတ(၂၀၆)တို့ကို သြဂုတ် ၂၈ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်းသြဂုတ် ၂၉ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ကြောင့် လက်ကျန်ဖြစ်သော မစခ-၉၀၂နှင့် အမတ(၃၅၄)တပ်ရင်းနှစ်ခု ဆက်လက်သိမ်းပိုက်ရန် ကြိုးပမ်းရာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တိုက်ပွဲအတော်ပြင်းထန်ခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားများ သေဆုံးမှုများပြားခဲ့သည်ဟု လွေးယေဦးက ပြောထားသည်။
သို့သော် ယနေ့ည ထုတ်ပြန်ချက်တွင် အမတ (၂၀၆)တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြထားသည်။
ထို့အပြင် ယနေ့နေ့လည်က နောင်ချိုမြို့ရှိ အေရှားဝေါတိုးဂိတ်အနီးနှင့် သပြေရေရပ်ကွက်တွင်လည်း စစ်ကောင်စီက Jet Fighter ဖြင့်(၂)ကြိမ်လာရောက်ကြဲချခဲ့ပြီး ဟောင်ဝစ်ဇာလက်နက်ကြီးဖြင့် နှစ်ကြိမ် လာရောက် တိုက်ခိုက် ခဲ့သေးသည်။
“ဂျက်ဖိုက်တာနှစ်စီးနဲ့ လာချတာ။ ပထမနှစ်လုံးကတော့ လူထိခိုက်မှုမရှိ။ နောက်နှစ်လုံးကတော့ စုံစမ်းနေတုန်း”ဟု နောင်ချိုဒေသခံက ပြောသည်။
နောင်ချိုမြို့နယ်တိုက်ပွဲနှင့်ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။
ထို့အပြင် သီပေါမြို့ရှိ စစ်ကောင်စီ ခမရ (၂၃) တပ်စခန်းနေရာတွင်လည်း ထောက်ပို့ယာဉ် Y8 ဖြင့် တစ်ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု TNLAက ထုတ်ပြန်သည်။