အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်သီဟဆွေ၊ ဒုဗိုလ်မှူးကြီး ဝင်းမိုးနိုင်၊ ဗိုလ်မှူး သက်ပိုင်ကျော်ဦး၊ ဗိုလ်မှူးကျော်နိုင်၊ ဗိုလ်မှူးနိုင်လင်း အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အရာရှိ ၅၃ ဦးကို MNDAA က ကောင်းမွန်စွာ ဖမ်းဆီး ထိန်းသိမ်းထား

by

in

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဘက်မှ အရာရှိအများအပြားကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရရှိထားသည်။
ဇူလိုင်လ ၂၅ ရက်နေ့တွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၃ ရက်နေ့ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်သိမ်းပိုက်စဉ် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးတင့် အပါအဝင် ထိပ်တန်းအရာရှိကြီးအများအပြားကို စစ်သုံ့ပန်း များအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
MNDAA က စက်တင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ခဲ့သော ဗီဒီယိုတွင် ဒုတိယဗိုလ်မှူးကြီးများ၊ ဗိုလ်မှူးများ အပါအဝင် စစ်တပ်အရာရှိများကို ကောင်းမွန်စွာ နေထိုင်စားသောက်ခွင့်ပြုထားခြင်း၊ ဆေးဝါးကုသမှု ပေးနေခြင်း၊ လိုအပ်သော ဆေးဝါး အပါအဝင် လိုအပ်ချက်များကို ဖြည့်ဆည်းထားပေးမှုများကို ရိုက်ကူး ဖော်ပြထားသည်။
များမကြာမီ အဆိုပါ စစ်သုံ့ပန်း အရာရှိကြီးများအနေဖြင့် မိမိတို့၏ မိသားစုဝင်များထံသို့ ဆက်သွယ်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ အခြေအနေ တစ် ခုကြောင့် စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးထိန်းသိမ်းထားရသော်လည်း ချုပ်နှောင်ထားခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံကြိုးဖြင့် ချည်နှောင်ထားခြင်း မရှိကြောင်း၊ အိပ်ရာနှင့် တစ်ကိုယ်ရည်သုံးပစ္စည်းများ ပေးထားပြီး လိုအပ်သော ဆေးဝါးများကိုလည်းမှာယူနိုင်ကြောင်း၊ ဆံပင်ညှပ်ပေးခြင်း၊ ဒဏ်ရာရရှိသူများကို ကျန်းမာရေးစောင့်ရှောက်မှု ကုသပေးမှုများ ပေးသည့်အပြင် လိုအပ်ချက်များကို MNDAA ရဲဘော်များမှတစ်ဆင့် မှာနိုင်ကြောင်း၊ အခြေအနေ တစ်ခုကြောင့်ထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း၊ များမကြာမီ လိုချင် ဖြစ်ချင်သော အရာများ ရှိလာလိမ့်မည်ဖြစ်ကြောင်း MNDAA အရာရှိက ယင်းဗီဒီယိုတွင် ပြောဆိုထားသည်။
ဖမ်းဆီးခံထားရသော စစ်သုံ့ပန်းများတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး အောင်သီဟဆွေ၊ ဒုဗိုလ်မှူးကြီး ဝင်းမိုးနိုင်၊ ဗိုလ်မှူး သက်ပိုင်ကျော်ဦး၊ ဗိုလ်မှူးကျော်နိုင်၊ ဗိုလ်မှူးနိုင်လင်း အပါအဝင် ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး အရာရှိ ၅၃ ဦး ပါဝင်ကြောင်း သိရှိရသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးများ၊ ဗိုလ်မှူးများ အပါအဝင် စစ်သုံ့ပန်း အရာရှိ ၅၃ ဦးကို MNDAA က ကောင်းမွန်စွာ ဖမ်းဆီး ထိန်းသိမ်းထား (ရုပ်/သံ)
ရန်ကုန်၊ စက်တင်ဘာ ၁၁
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဘက်မှ အရာရှိအများအပြားကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရရှိထား သည်။