ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်(နတခ)က စစ်တပ်အရာရှိကြီး လေးယောက်ကို လာဘ်ငွေယူပြီး ရခိုင်ပြည် ကုန်ပစ္စည်းတွေတင်ပို့ခွင့်ပြုမှုကြောင့် အကျင့်ပျက်ခြစားမှု ဥပဒေတွေနဲ့ သေဒဏ်အပါအဝင် ကြီးလေးတဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ပြစ်ဒဏ်ချမှတ်ခံရသူတွေကတော့ နတခတိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးလွင် (ထောင်ဒဏ် ၁၀ နှစ်)၊ ဗိုလ်မှူးကြီး အောင်ဆန်းလွင် (ထောင်ဒဏ် နှစ် ၂၀)၊ ဒုဗိုလ်မှူးကြီးကျော်စွာထွန်း(သေဒဏ်)၊ ဒုဗိုလ်မှူးကြီးမျိုးဇော်အောင် (ထောင်ဒဏ် တစ်သက်တစ်ကျွန်း)တို့ဖြစ်ပါတယ်။
သူတို့ကို ဇူလိုင်လ ၁၃ ရက်မှာ စစ်ကောင်စီရဲ့ စစ်ခုံရုံးက စစ်ဆေးပြီး ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
အဓိက စစ်ရေးအတွက် အထိနာနေချိန်မှာ အဓိကကျတဲ့ ကုန်တွေ သွင်းခွင့်ပေးလိုက်တာကြောင့် နိုင်ငံတော်သစ္စာဖောက်အနေနဲ့ သတ်မှတ်ခံလိုက်ရတာလို့ နတခက အမည်မဖော်လိုတဲ့အရာရှိတစ်ယောက်က ပြောပါတယ်။