◼️ဆိပ်ဖြူမှာ စစ်တပ်ယာဉ်တန်းနဲ့ အထိုင်စခန်းတွေကို တိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး

◼️ဆိပ်ဖြူမှာ စစ်တပ်ယာဉ်တန်းနဲ့ အထိုင်စခန်းတွေကို တိုက်ခိုက်ရာ စကစ ၁၀ ဦးသေဆုံး
၁၄ ဇူလိုင် ||| နွေဦးအသံ |||

မကွေးဒေသ၊ ဆိပ်ဖြူမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်း၊ တညောင်ဓာတ်အားပေးခွဲရုံအထိုင်စခန်းနဲ့ ကင်းပုန်းဝပ်ရာနေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇူလိုင် ၁၀ ရက်မှာ မိုင်းဆွဲပြီး ၆၀ မမ တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဆိပ်ဖြူမြို့မှ တညောင်ဓာတ်အားပေးခွဲရုံသို့ ထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီယာဉ် ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၇ ဦး နေရာမှာတင်သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါယာဉ်တန်းဟာ တညောင်ဓာတ်အားပေးခွဲရုံသို့ ဝင်ရောက်သွားခဲ့တာကြောင့် ည ၁၀ နာရီ ၃၅ မိနစ်မှာ စစ်ကောင်စီအထိုင်ချထားတဲ့ တညောင်ဓာတ်အားပေးခွဲရုံနဲ့ ကင်းပုန်းထွက်တဲ့ နေရာတွေကို ၆၀ မမ တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုကို People Defence Force – Chauk – သခင်ဖိုးလှကြီးတပ်ခွဲနဲ့ ပခုက္ကူခရိုင် အမှတ် ၄ တပ်ရင်း၊ တပ်ခွဲ ၁၊ ၂ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူတွေအနေနဲ့ စကစယာဉ်တွေနဲ့ နီးကပ်စွာသွားလာတာတွေကို ရှောင်ရှားကြဖို့ PDF-Chauk က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
©The Voice of Spring