သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ အင်အား ၁၂၀၀ ကျော်ရှိသော ရေတပ် စခန်းဌာနချုပ်ကို AA က သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၄၀၀ ကျော်သေဆုံး

by

in

သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ အင်အား ၁၂၀၀ ကျော်ရှိသော ရေတပ် စခန်းဌာနချုပ်ကို AA က သိမ်းပိုက်ရရှိပြီး စစ်တပ်ဘက်မှ ၄၀၀ ကျော်သေဆုံး
ရန်ကုန်၊ စက်တင်ဘာ ၆

ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေး တပ်စခန်းဌာနချုပ်ကို AA က သိမ်းပိုက်ရရှိကြောင်း ယနေ့ညပိုင်း ထုတ်ပြန် ကြေညာသည်။
ဩဂုတ်လ ၇ ရက်နေ့မှ စတင်ပြီး သံတွဲမြိုနယ်အတွင်းမှ စစ်ကောင်စီ၏ လက်ကျန်စခန်းကြီးတစ်ခုဖြစ်သော ရေတပ် ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်စခန်း (တပ်မတော်-ရေ) (တနည်းအားဖြင့်) Central Naval Diving And Salvage Deport (Myanmar Navy) CNDSD စခန်းနှင့် ၎င်းပတ်ဝန်းကျင်မှ အဆင့်ဆင့်ခုခံကြသော စစ်တပ်စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ မောင်ရွှေလေးရွာ နှင့် ကွင်းဝိုင်းရွာအကြား၌တည်ရှိသော အဆိုပါ ရေတပ်စခန်းကို တစ်လနီးပါး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး စက်တင်ဘာလ ၅ ရက်နေ့၊ ညနေ ၆ နာရီအချိန်တွင်မှ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မောင်ရွှေလေးရွာ၊ ကွင်းဝိုင်းရွာ၊ သပြုချိုင်ရွာ၊ ရေတပ်ပင်မရေငုပ်နှင့်ဆယ်ယူရေးတပ်(တပ်မတော်-ရေ) စခန်းနှင့် ၎င်းပတ်ဝန်းကျင်များ၌ စစ်ကောင်စီသည် အဆင့်ဆင့်သော ခုခံစစ်ကို လေကြောင်း၊ ရေကြောင်းပစ်ကူအများအပြားဖြင့် ခုခံခဲ့သော်လည်း အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ပင်မရေတပ်စခန်း CNDSD နှင့် ၎င်းပတ်ဝန်းကျင်၌ ရန်သူ စုစုပေါင်းအင်အား ၁၂၀၀ ကျော်ရှိခဲ့ကြောင်း သိရှိရသည်။
ထိုရေတပ်စခန်း နေရာသည် စစ်ရှုး၍ နေရာစုံမှ ထွက်ပြေးလွတ်မြောက်လာကြသော စစ်ကောင်စီတပ်ဖွဲဝင်များ၊ လောလောလတ်လတ် စစ်သင်တန်းဆင်းလာကြသော စစ်ကောင်စီတပ်ဖွဲဝင်များနှင့် အခြားသောနေရာများမှ စစ်ကူအမြောက်အမြားတိုဖြင့် အင်အားဖြည့်တင်းထားသော နေရာလည်းဖြစ်ကြောင်း၊ စစ်ကောင်စီသည် ဤစခန်းမကျစေရေးအတွက် ပင်လယ်ပြင် နှင့် စခန်းအတွင်းမှ လက်နက်ကြီးပစ်ကူ အမြောက်အမြားသုံးပြီး ခုခံကာကွယ်ခဲ့သော စခန်းကြီးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ရေတပ်စခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ တပ်ဖွဲ့ ဝင် ၄၀၀ ကျော် သေဆုံးခဲ့​ပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်တပ်က ၎င်းတို၏ ဒဏ်ရာရ၊ ကျဆုံးသော သူများကို စစ်သင်္ဘောများဖြင့် သယ်ဆောင်ပြီး စစ်တွေ နှင့် ဧရာဝတီတိုင်းဖက်သို အကြိမ်ကြိမ်သယ်ယူရွှေ့ပြောင်းသွားနိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏အလောင်းများကို AA က ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။
စစ်ရှုးစစ်ကောင်စီသည် စခန်းများစွန့်လွှတ်ကျရှုးသည့်အခါတိုင်း၌ ပြုလုပ်လေ့ရှိသည့်အတိုင်း အရပ်သားပြည်သူလူထုများရှိရာသို လက်နက်ကြီး၊ လေကြောင်းမှ တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်ခြင်းနှင့် စစ်ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို ဆက်တိုက်ကျူးလွန်လျက်ရှိကြောင်း သိရှိရသည်။