သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံရရှိ

သပြေကုန်းရွာ ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီ တပ်စခန်းကို KNDF ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံရရှိ
ဇွန် ၈၊ ၂၀၂၅

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့၊ သပြေကုန်းရွာဘုန်းကြီးကျောင်းဝန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို KNDF တပ်ဖွဲ့တွေက သွားရောက်ပစ်ခတ်ခဲ့တယ်လို့ KNDF ဗျုဟာအမှတ် (၂) က ဇွန်လ ၈ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျုဟာအမှတ် −၂ ပူးပေါင်းတပ်ဖွဲ့ဟာ သပြေကုန်းရွာဘုန်းကြီးကျောင်းမှာ အခိုင်အမာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်သေဆုံးပြီး တော်လှန်ရေးရဲဘော် ၂ ယောက် ထိမှန်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပွားနေချိန် စစ်အုပ်စုဘက်က စစ်ကူလာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ MA – 1 (၅) လက် ၊ AK – 47 (၁) လက် ၊ MA – 4 (၁ ) လက် ၊ RPG (၁) လက် နဲ့ အခြားလက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့တာပဲ ဖြစ်ပါတယ်။
အဆိုပါ တိုက်ပွဲဖော်ဆောင်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ်-၂ နှင့်အတူ ဗျူဟာအမှတ်-၂ အောက်ရှိ တပ်ရင်းတွေနဲ့ မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။