AA ထိန်းချုပ်ထားသော သံတွဲမြို့ကို စစ်ကောင်စီက လက်နက်ကြီးဖြင့်မကြာခဏပစ်ပြီး ဗုံးကြဲ
ဇွန်-၈၊၂၀၂၅။ဇော်ရမ်း/People’s Spring
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့်သံတွဲမြို့ကို ဇွန်လဆန်းမှစ၍ လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည့်စစ်ကောင်စီက ယမန်နေ့
(ဇွန်လ ၇ရက်)ညတွင်လေကြောင်းမှဗုံးကြဲခဲ့သည်။
သံတွဲမြို့၊စစ်သားစုဆောင်းရေးတပ်ကိုဇွန် ၇ ရက် ည ၁၀ နာရီ မိနစ် ၄၀မိနစ်တွင် ဂျက်ဖိုက်တာဖြင့်ဗုံးကြဲခြင်းဖြစ်ကြောင်း ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောသည်။
“လူအထိအခိုက်မရှိခဲ့ဘူးလို့သိရတယ်။ ထူးခြားမှုအနေနဲ့ကတော့ သံတွဲမြို့ကို ဒီရက်ပိုင်းမှာပင်လယ်
ထဲကနေ လက်နက်ကြီးနဲ့လှမ်းလှမ်းပစ်တယ်။သူတို့မထိန်းချုပ်နိုင်တဲ့နေရာကိုအနှောက်အယှက် ပေးနေတဲ့သဘောပဲ”ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ပင်လယ်ကမ်းရိုးတန်းမြို့နယ်များဖြစ်သည့် သံတွဲမြို့နှင့် ဂွမြို့ကို ဇွန်လ၃ရက်နေ့ညမှစ၍ လက်နက်ကြီးများပစ်ခတ်နေခြင်းဖြစ်သည်။ပင်လယ်ပြင်၌ ရှိနေသည့် စစ်ရေယာဉ် ၃ စီးက ပစ်ခတ်ခြင်းဖြစ်ပြီးဒေသခံများသည် ယခုရက်ပိုင်း ပင်လယ်ပြင်၌ငါဖမ်းမထွက်ကြကြောင်း သတင်းရရှိသည်။
သံတွဲမြို့သည် စစ်ကောင်စီ၏ မောင်ရွှေလေးရေ
တပ်စခန်းရှိသည့် မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် စက်
တင်ဘာလ ၅ရက်၌ AAက အပြီးသတ် သိမ်းပိုက်
ခဲ့သည်။ရခိုင်ပြည်နယ်မှမြို့သိမ်းတိုက်ပွဲများအ
နက်သံတွဲမြို့သိမ်းတိုက်ပွဲသည် အခက်အခဲဆုံးဖြစ်ကြောင်း AAက ထုတ်ပြန်ခဲ့သည်။
မတ်လ၂၈ရက်ကငလျင်ကြောင့်ပြန်လည်ထူ
ထောင်ရေးလုပ်ငန်းများ လုပ်ရန်ဟုဆိုကာ စစ်ကောင်စီကရော AAကပါ အပစ်ရပ်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက လေကြောင်း နှင့်လက်နက်ကြီးအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီသည် ၎င်းတို့ထုတ်ပြန်ထားသည့်တစ်ဖက်သတ်အပစ်ရပ်မှုကို မလိုက်နာဘဲ ရပ်သားပြည်သူရှိရာနေရာများကို ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း AAက ထုတ်ပြန်ထားသည်။
(မောင်ရွှေလေး ရေတပ်ပင်မရေငုပ် နှင့် ဆယ်ယူရေးတပ်ကို AA က ၂၀၂၄ စက်တင်ဘာ ၅ ရက်တွင်အပြီးသတ်ပိုက်ပြီးနောက်တွေ့ရစဥ်။
ဓါတ်ပုံ-AA Infodesk )
