ထိုင်းနှင့်ဆက်ဆံ​ရေးမ​ကောင်းချိန် ၀တောင်ပိုင်း ၁၇၁ စစ်ဒေသ၌ ၀တပ်ဖွဲ့ UWSA စစ်ရေးပြ

by

in

ထိုင်းနှင့်ဆက်ဆံ​ရေးမ​ကောင်းချိန် ၀တောင်ပိုင်း ၁၇၁ စစ်ဒေသ၌ ၀တပ်ဖွဲ့ UWSA စစ်ရေးပြ
​မေ-၃၀၊၂၀၂၅။ထားမြတ်/People’s Spring

ထိုင်းနယ်စပ်နှင့်ထိစပ်​နေ​သော ၀တောင်ပိုင်း ဟု ခေါ်ဆိုသည့် “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ထိန်းချုပ်နယ်မြေ တောင်ပိုင်း (၁၇၁) စစ်ဒေသ၌ တပ်သားသစ်များ စစ်ရေးပြအခမ်းအနား ကျင်းပခဲ့သည်။
၀ တပ်ဖွဲ့ သတင်းဌာနဖြစ်သည့် WSTV ၏ မေလ ၂၇ ရက် သတင်းထုတ်လွှင့်မှုကို Wa News Landက ​မေလ၃၀ရက်​​နေ့တွင် မြန်မာဘာသာဖြင့် ဖော်ပြခဲ့သည်။ယင်းနှင့်ပတ်သက်၍ UWSA ဆက်ဆံရေးရုံး တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးညီရန်းက “ ပုံမှန်လုပ်နေကျပါ” ဟု ပြောကြားသည်။
၀တပ်ဖွဲ့၏ စစ်ရေးပြ အခမ်းအနား မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့ရာ အင်အား ထောင်ချီပါဝင်သည့် ၀တပ်ဖွဲ့ဝင်များက စစ်ရေးပြ လှုပ်
ရှားမှု မြင်ကွင်းများကို တွေ့ရသည်။
ယင်းအခမ်းအနားသို့ UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသမှ စစ်ဘက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ကြပြီး စစ်ရေးပြမြင်ကွင်း ပုံရိပ်တွေဖြစ်တဲ့ လက်နက်အမျိုးအစားအလိုက် ထုတ်ဖော်ပြသခြင်း၊ အမျိုးသား/ အမျိုးသမီးတွေပါဝင်တဲ့ တိုက်ခိုက်ရေးဆိုင်ရာ တိုက်ကွက်ဖော်ဆောင်ခြင်း၊ သိုင်းကွက်ပြ တိုက်ခိုက်ခြင်း၊ လက်ရုံးရည် တိုး
တက်ခြင်းဆိုင်ရာ ကိုယ်ခံပညာသိုင်းကွက် အမျိုးမျိုးနှင့် တိုက်ခိုက်ပြခြင်း စသည်တို့ကို ဖော်ဆောင်ပြသခဲ့ဟု Wa News Land က ဖော်ပြသည်။
ယခုနှစ် ဧပြီလဆန်းကလည်း ၁၇၁ စစ်ဒေသ ၌ စစ်သင်တန်းဆင်းပွဲ အခမ်းအနား တရပ်ကျင်းပခဲ့ဖူးသည်။
UWSA ထိန်းချုပ်နယ်မြေ တောင်ပိုင်းစစ်ဒေသသည် ထိုင်းနှင့် နယ်မြေ ဆက်စပ်လျက်ရှိပြီး နယ်စပ် စခန်းများ အရေးနှင့်ပတ်သက်ပြီး ထိုင်းနှင့် ၀တပ်ဖွဲ့အကြား တင်းမာမှုအချို့ရှိခဲ့သည်။ ၂၀၂၄ နှစ်ကုန်ပိုင်းက မြန်မာ-ထိုင်းနယ်စပ်ရှိ ၀တပ်ဖွဲ့ စခန်း ၉ ခုကို ထိုင်းဘက်က ဖယ်ခိုင်းခဲ့သည့် ဖြစ်စဉ် ရှိခဲ့ပြီး ယခု မေလတွင်လည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ၀တပ်ဖွဲ့ကို မူးယစ်ဆေးဝါးလုပ်ငန်း လုပ်ဆောင်သည်ဟု စွပ်စွဲပြီးထိုင်းနိုင်ငံ၏ ရန်သူအဖြစ် ပြောဆိုခဲ့သည်။၀တပ်ဖွဲ့ ကို မူးယစ်ဆေးဝါး မောင်ခိုမှုနှင့် ဆက်စပ်နေကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က စွပ်စွဲပြီး အရေးယူသင့်ဟုပြောဆိုခဲ့​ကြောင်းထိုင်းသတင်းဌာနများက ​မေလ ၂၇ ရက်တွင်ထုတ်
ပြန်သည်။
ထိုသို့ပြောဆိုမှုအပေါ် ဦးညီရန်းကသက်ဆင်၏ စ
ကားများသည်အချိန်ကိုက်နိုင်ငံရေးကစားကွက်ဖြစ်ပြီးအခြေအမြစ်မရှိသည့်စွပ်စွဲချက်ဖြစ်သည်ဟုတုံ့ပြန်ခဲ့သည်။
ထိုအပြင် ဝ​ဒေသအတွင်း ​ရွှေတူး​ဖော်​ရေးလုပ်ငန်းများမှာ ဓါတုပစ္စည်းများစွန့်ပစ်မှု​ကြောင့် ထိုင်းနယ်
စပ်မှ မြစ်​ချောင်းများ ​​ရေထုညစ်ညမ်းလာသည့်
အ​ပေါ် ထိုင်းသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်း​
ရေးအဖွဲ့များကလည်း ကန့်ကွက်​နေကြသည်။
(စစ်​ရေးပြအခမ်းအနားမှ UWSA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-Wa News Land)