မန္တလေးမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု ပြုလုပ် (ရုပ်/သံ)
မေ ၂၄၊ ၂၀၂၅
မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု မှတ်တမ်းရုပ်သံတစ်ခုကို ဒေါက်တာ တေဇာဆန်းက ၎င်းရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပါတယ်။
”မန္တလေးမြို့တော်ကြီးနဲ့တကွ တနိုင်ငံလုံး လွတ်မြောက်ဖို့ ကျနော်တို့ ပြည်သူအားလုံးမှာ တာဝန်ရှိကြပါတယ်။ ပြည်သူအားလုံး ကျရာကဏ္ဍ၊ နိုင်ရာ တာဝန် တိုက်ပွဲမျက်နှာစာအသီးသီးကနေ တော်လှန်ရေးမှာ အစွမ်းကုန် ဆက်လက် ပါဝင်ကြဖို့ နှိုးဆော်လိုက်ပါတယ်ဗျို့”လို့ ဒေါက်တာ တေဇာဆန်းက ဆိုပါတယ်။
အဲဒီမှတ်တမ်းရုပ်သံဟာ ငလျင်ကြီး မတိုင်ခင်က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်တွေနဲ့ ဝန်းရံပြည်သူတွေရဲ့ လုံခြုံရေး၊ ငလျင်ဘေးကြီးကြောင့် ဒုက္ခကြုံတွေ့နေကြရတဲ့ ပြည်သူတွေကို ထောက်ရှုပြီး ယခုအချိန်မှာ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဒေါက်တာ တေဇာဆန်းက ထုတ်ပြန်ခဲ့ပါ တယ်။
Video-Tayzar San