လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ ■ရေကြည်၊အမြောက်တပ်(၃၄၄)၏ ကာကင်းစခန်းအချို့မှစစ်သားများဆုတ်ခွာ

by

in

လေးမျက်နှာမြို့နယ်အတွင်းတိုက်ပွဲပြင်းထန်နေ
■ရေကြည်၊အမြောက်တပ်(၃၄၄)၏ ကာကင်းစခန်းအချို့မှစစ်သားများဆုတ်ခွာ
​မေ-၁၄၊၂၀၂၅။ဧရာ/People’s Spring

ဟင်္သာတခရိုင်၊လေးမျက်နှာမြို့နယ်အတွင်းတိုက်
ပွဲပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲနေကြောင်းနှင့် တိုက်ပွဲဖြစ်နေသည့်နေရာများအနီးမှ ဒေသခံများ စစ်ဘေးရှောင်ကြရန် ဒေသခံများအချင်းချင်းသတိပေးနေသည်။
ရေကြည်မြို့နယ်နှင့်အစပ်ကျေးရွာအချို့တွင်မေ
လ ၁၄ရက် နံနက်အစောပိုင်း၌တိုက်ပွဲဖြစ်ပွားပြီး ညနေအထိ သေနတ်သံများကြားနေရကြောင်း လေးမျက်နှာ မြို့ခံတစ်ဦးကပြောသည်။
“ဒေသခံတွေ ရှောင်ကြပါတယ်။ဒါပေမယ့် အခြေ
အနေအရ မထွက်နိုင်သေးသူတွေလည်း ရှိတယ်။ရှောင်မှကို ရမယ့်အခြေအနေဖြစ်ပါတယ်။ တိုက်ပွဲကတော်တော်ပြင်းထန်ပါတယ်”ဟု အဆိုပါဒေသခံကပြောသည်။
‌ရေကြည်နှင့် လေးမျက်နှာမြို့ခံများ၏ ပြောဆိုချက်အရ ရေကြည်မြို့ အမြောက်တပ်(၃၄၄)၏ ကာကင်းစခန်းအချို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားကြောင်း သိရသည်။
“လေးမျက်နှာဖက်ကကာကင်းစခန်းတွေဆုတ်သွားတာပါ။ စစ်တပ်ကတော့ရွာတွေထဲမှာ AAရှိတယ်ဆိုပြီးလက်နက်ကြီးရော၊လေကြောင်းရောပစ်နေတာပါဗျ”ဟုရေကြည်မြို့ခံတစ်ဦးကပြော
သည်။
အမြောက်တပ်(၃၄၄)၏လေးမျက်နှာမြို့နယ်ထဲမှကာကင်းစခန်းအချို့မှ ​တော်လှန်​ရေးတပ်များကသိမ်းယူလိုက်ကြောင်းပြောသော်လည်း People’s Springကသီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အပစ်ရပ်ကြေညာချက်ဖြင့်AAကထိုးစစ်ရပ်တန့်ထားသော်လည်းစစ်ကောင်စီကလေးမျက်နှာမြို့
နယ်၌ လေကြောင်းမှ ဗုံးကြဲနေသည်။
လေးမျက်နှာမြို့နယ်၊ မကျည်းပင်ကွင်းကျေးရွာကို မေလ ၄ရက် ညက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲရာ အရပ်သားတစ်ဦးဒဏ်ရာရပြီးအိမ် ၇ လုံး ပျက်စီးသွားခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလကဧရာဝတီတိုင်း ရွှေသောင်
ယံမြို့၊ သာပေါင်းမြို့နယ်တို့တွင် စတင်ခဲ့သော တိုက်ပွဲများသည်မတ်လမှစတင်ကာရေကြည်၊လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြောသို့ ရောက်ရှိလာသည်။ ဟင်္သာတခရိုင်၊ လေး‌မျက်နှာမြို့နယ်၊ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက ဧပြီလ ၁၇ရက်တွင် သိမ်းယူလိုက်ရာ စစ်ကောင်စီက လေကြောင်းမှ နေစဉ် ဗုံးကြဲတိုက်ခိုက်နေသည်။
AA၊TNLAနှင့် MNDAA ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မတ်လ၂၈ရက်က ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်
တာအဆောက်အအုံများရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်
လက်ဆောင်ရွက်နိုင်ရေးတို့အတွက် တစ်ဖက်
သတ်အပစ်ရပ်ကာလအား ​မေလကုန်အထိသက်
တမ်းထပ်တိုးကြောင်း မေလ ၁ရက်တွင် ကြေညာထားသည်။
(စစ်တပ်၏ အ​မြောက်တပ် တပ်ဖွဲ့ဝင်အချို့/ပုံအ​ဟောင်းဖြစ်ပါသည်။ ဓါတ်ပုံ-မြဝတီ)