NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

by

in

NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…
မေ ၁၄ ၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။
ဦးမောင်မောင်ဆွေက တပ်ရင်း (၉၀၁) ရဲဘော်တွေနဲ့ တွေ့ဆုံရာမှာ ရဲဘော်တွေရဲ့ တော်လှန်ရေးအပေါ် အာရုံစိုက်ပါဝင်တိုက်ပွဲဝင်နေမှုကို လေးစားပြီး COC​(၂)ရပ် လိုက်နာနိုင်တဲ့ ရဲဘော်ကောင်းတွေ ဖြစ်ရေး အရေးကြီးသလို တော်လှန်ရေးဟာ လူငယ်ရဲဘော်တွေရဲ့ အားနဲ့ တိုက်ပွဲဝင်ရင်း အနိုင်ရမှာဖြစ်တယ်လို့ အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ၊ နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်၊ စစ်ရုံးချုပ် ဒုတိယဆေးတာဝန်ခံ ဒေါက်တာဖီးလစ်နဲ့ တာဝန်ရှိသူတွေ၊ တပ်ရင်း(၉၀၁) ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း (၉၀၁) က ဒီနေ့ ထုတ်ပြန်ပါတယ်။

◼️‌‌နေပြည်တော် PDF ရဲဘော်တွေကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ သွားရောက်တွေ့ဆုံ
၁၄ မေ ||| နွေဦးအသံ |||
နေပြည်တော် PDF တပ်ရင်း ၉၀၁ ရဲဘော်တွေကို NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက သွားရောက်တွေ့ဆုံခဲ့ပြီး COC​ ၂ ရပ် လိုက်နာနိုင်တဲ့ ရဲဘော်ကောင်းတွေဖြစ်ဖို့ အရေးကြီးကြောင်းနဲ့ လူငယ်ရဲဘော်တွေရဲ့အားနဲ့ တိုက်ပွဲဝင်ရင်း တော်လှန်ရေးအနိုင်ရမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ နေပြည်တော်တိုင်းစစ်ဌာန တပ်ရင်း(၉၀၁) ရဲဘော်တွေ၊ တပ်ရင်းမှူး၊ တပ်ရင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံအမှာစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တွေ့ဆုံရာမှာ ရဲဘော်တွေရဲ့ တော်လှန်ရေးအပေါ် အာရုံစိုက်ပါဝင်တိုက်ပွဲဝင်နေမှုကို လေးစားကြောင်း၊ COC​ (၂) ရပ် လိုက်နာနိုင်တဲ့ ရဲဘော်ကောင်းတွေဖြစ်ရေး အရေးကြီးကြောင်းနဲ့ တော်လှန်ရေးဟာ လူငယ်ရဲဘော်တွေရဲ့အားနဲ့ တိုက်ပွဲဝင်ရင်း အနိုင်ရမည်ဖြစ်ကြောင်း အမှာစကားမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတွေ့ဆုံပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ၊ နေပြည်တော်တိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ဗိုလ်လကျာ်၊ စစ်ရုံးချုပ် ဒုတိယဆေးတာဝန်ခံ ဒေါက်တာဖီးလစ်နဲ့ တာဝန်ရှိသူများ၊ တပ်ရင်း(၉၀၁) ရဲဘော်များ၊ တပ်ရင်းမှူးနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ နေပြည်တော် PDF တပ်ရင်း ၉၀၁ က သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။