ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊
တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့
အီသာရမ်/MFP ၊ မေ-၁၃
မကွေးတိုင်း ရေစကြိုမှာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေအသင့် စောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့်သေဆုံးခဲ့တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၇ နာရီခန့်မှာ ဆင်ချောင်းပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို ဆန်းသစ်ကျေးရွာမြောက်ဘက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်အုပ်စုစစ်ကြောင်းက ကင်းထောက်လာတဲ့ ဒရုန်းကို ပစ်ချနိုင်ခဲ့သလို စစ်အုပ်စု ၂၇ ယောက် သေ ဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ လောက်ရှိတယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံကိုအောင်မောင်းက ပြောပါ တယ်။
“သူတို့ရောက်တဲ့အချိန်နဲ့ ကျနော်တို့ရောက်တဲ့နေရာနဲ့တိုက်ဆိုင်သွားတယ်။ ပွဲကတော့ ဖြစ်သွားတယ်။ ပထမ ဒ ရုန်းတစ်စီးကို ကျနော်တို့ တစ်ချက်တည်းပစ်လိုက်ရတာ၊ M4 နဲ့ တစ်ချက်တည်းပစ်လိုက်တာ၊ ဒရုန်းကမီးလောင် ပြီးပျက်ကျလာတာ။ ခွေးဘက်ကတော့ ကျနော်တို့ ရတဲ့သတင်းအရတော့ ၂၇ ယောက်သေတယ်။ ထိခိုက်က ၃၀ လောက်ရှိတယ်” လို့ ကိုအောင်မောင်းက ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း Southern YSO PDF အဖွဲ့က ရဲဘော်တစ်ဦးကျဆုံးခဲ့ပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ တယ်လို့ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက်မှာ စစ်အုပ်စုဘက်က စက်တပ်လေထီး (Paramotor) နှစ်စီးနဲ့ရေစကြိုနယ်သဲတော ကျေး ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူတစ်ဦးသေဆုံးပြီး နေအိမ်တွေ ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်အုပ်စုစစ်ကြောင်းတိုက်ခိုက်မှုကို Southern YSO PDF၊ Yesagyo Revolution Group(YRG)၊ ဒေါင်းညီ နောင်၊ ပြည်သူ့အားမာန် PDF၊King Cobra၊ ဒေါင်းစစ်သည် အဖွဲ့နဲ့ BNRA တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ဆိုပါ တယ်။
ရေစကြိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အရာရှိ အပါအဝင် ၃၀ နီးပါးသေဆုံး
မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မေ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့လို့ အရာရှိတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြတယ်လို့ Southern YSO PDF က မေ ၁၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ဒ့ါအပြင် တိုက်ပွဲအတွင်း PDF ရဲဘော်တယောက် ကျဆုံးသလို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲလို့ ပြည်သူတယောက်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
Southern YSO PDF ရဲ့ ပြန်ကြားရေးတာဝန်ခံက “အဲဒီနေ့ မနက် ၅ နာရီလောက်မှာ ရေစကြိုမြို့က ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေစုပြီး အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းက ပြည်သူ ၅ ယောက်ကို ဓားစာခံ ဖမ်းလာပြီးတော့ ဆန်းသစ်ရွာဘက်ကို စစ်ကြောင်းဆက်ထိုးလာခဲ့တာ သတင်းရလို့ မနက် ၇ နာရီခွဲလောက် အဲဒီရွာရဲ့ အရှေ့မြောက်ဘက်နားမှာ ဖြတ်တိုက်ခဲ့တာ။ မနက် ၉ နာရီ မထိုးခင်လောက်မှာ ပြီးသွားခဲ့တာဆိုတော့ တိုက်ပွဲက ၁ နာရီခွဲလောက် ကြာခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း အရာရှိတယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇ ယောက် သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို သံပြားကာကားတွေနဲ့ လာရောက်သယ်ဆောင်သွားကြတယ်လို့လည်း ဆိုပါတယ်။
Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက “ကျနော်တို့ Southern YSO PDF ရဲ့ နတ်မိကျောင်းစစ်ဆင်ရေးက ဦးဆောင်ပြီး အဲဒီ အင်အား ၁၀၀ လောက်ပါတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တဲ့အခါမှာ သူတို့ဘက်နဲ့ ကျနော်တို့ဘက်က လက်နက်အင်အားချင်း သိပ်မကွာလှဘူး။ အင်အားကတော့ သူတို့ဘက်ကပိုတယ်။ ဒါပေမဲ့ သူတို့ဘက်က အသေအပျောက်နဲ့ အထိအခိုက် များခဲ့တာက ကျနော်တို့ဘက်က အခွင့်ကောင်းနဲ့ အသာစီးရခဲ့လို့ပဲ။ ဒဏ်ရာရတဲ့သူတွေနဲ့ အရာရှိတယောက် အပါအဝင် သေတဲ့ကောင်တွေကို သံပြားကာကားတွေနဲ့ သယ်သွားပြီးတော့ ကျန်နေတဲ့ စစ်ကြောင်းက နေ့လယ် ၁ နာရီလောက်မှာ တိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ ကျောက်လှေကား စစ်တပ်ဂိတ်ကို ဝင်သွားတဲ့အခါမှာ အင်အားက ၃၀ လောက်ပဲ ကျန်တော့တယ်ဆိုတာ သိရတယ်။ ၆၀ လောက် ပျောက်သွားတာပေါ့ဗျာ။ တိုက်ပွဲထဲမှာ သူတို့ဘက်က DJI အမျိုးအစား ကင်းထောက်ဒရုန်းတစီးကိုလည်း ပစ်ချနိုင်ခဲ့သေးတယ်” လို့ DVB ကို ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို Southern YSO PDF၊ Southern Local တပ်ပေါင်းစု၊ Yesagyo Revolution Group-YRG၊ ဒေါင်းညီနောင်၊ ပြည်သူ့အားမာန် PDF၊ ဒေါင်းစစ်သည်တပ်ဖွဲ့၊ BNRA တပ်ဖွဲ့နဲ့ King Cobra တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ပွဲအတွင်း Southern YSO PDF က ရဲဘော်လပြည့် ကျဆုံးခဲ့ရသလို ရဲဘော် ၁၀ ယောက်လည်း မစိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရရှိခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ မနီးစပ်တဲ့ သဲတောကျေးရွာကို စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ရွာခံပြည်သူတယောက် သေဆုံးကာ လူနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
စစ်ကြောင်း တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးလို့ DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။