တောင်ပိုင်းမှာ လက်စွမ်းပြခဲ့တဲ့ ၁၂ / တွေ ပြည်တော်ဝင်ဖို့ ရောက်နေပြီ 💪

by

in

တောင်ပိုင်းမှာ လက်စွမ်းပြခဲ့တဲ့
၁၂ / တွေ
ပြည်တော်ဝင်ဖို့ ရောက်နေပြီ 💪

ရန်ကုန်တိုင်း PDF ရဲ့ တောင်ပိုင်း‌ဒေသမှ တိုက်ပွဲအောင်မြင်မှုမှတ်တမ်း ဗီဒီယိုရုပ်သံဖိုင်ဖြစ်ပါသည် – ) 🥰

သံတောင်ကြီးနဲ့ ကျောက်ကြီးမြို့နယ်တွေမှာ ဩဂုတ်လအတွင်း ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ ဒရုန်းတပ်ဖွဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်တပ်က အရာရှိ ၁ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရ…
စက်တင်ဘာ ၂ ၊ ၂၀၂၄
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ အမှတ်(၂) စစ်ဒေသခွဲရဲ့ ကွပ်ကဲမှုနဲ့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃) ဒရုန်းတပ်ဖွဲ့ (PEGASUS) ၊ ဧရာဝတီ အမှတ်(၃) တပ်ရင်း ဒရုန်းတပ်ဖွဲ့၊ Falcon Drone Force တို့က ဩဂုတ်လအတွင်း KNLA တပ်မဟာ(၃) တပ်ရင်း (၈) နယ်မြေမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွင်း စစ်ကောင်စီတပ်က အရာရှိ ၁ ယောက် သေပြီး ၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့(၃) က ထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၈ ရက်က ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အီနာဂါ(၄)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၀ ရက်မှာ အဲ့ဒီစခန်းကိုပဲ အီနာဂါ(၄)လုံးနဲ့ ၂ ကြိမ်
ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၅ ရက်မှာလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်ကျကျေးရွာနဲ့ သမန်းကျင်းကျေးရွာတို့က စစ်ကောင်စီ တပ်စခန်းကိူ ဒရုန်းဗုံးသီး 1 kg (၂)လုံး၊ အီနာဂါ(၄)လုံးတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိ(၁) ယောက် သေဆုံးခဲ့ပြီး အခြားအဆင့် (၈) ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ်လ ၁၇ ရက်မှာလည်း ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် သပြေညွန့်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အီနာဂါ(၄)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို ဩဂုတ်လ ၂၀ ရက်မှာတော့ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်ကျကျေးရွာ နဲ့ သမန်းကျင်းကျေးရွာတို့က စစ်ကောင်စီ တပ်စခန်းတွေကို အီနာဂါ(၅)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့ (၃) က ထုတ်ပြန်ထားပါတယ်။