ရသေ့တောင်လေကြောင်းတိုက်ခိုက်မှု
သေဆုံးသူ ၁၃ဦးရှိလာ
■နှစ်ရက်ဆက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ ဦးထက်မနည်းသေ
ဆုံးပြီး ၇၀ ဦးထက်မနည်း ဒဏ်ရာရ
မေ-၁၃၊၂၀၂၅။ကဖေး/People’s Spring
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ထွန်းရေဝကျေးရွာကို ယနေ့ (မေလ၁၃ရက်) နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုတွင် သေဆုံးသူ ၁၃ ဦးရှိလာပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရထားသည်။
ထွန်းရေဝကျေးရွာကို နံနက် ၁၀ နာရီခန့်တွင် စစ်
တပ်ကဂျက်ဖိုက်တာဖြင့်ဗုံး နှစ်လုံးကြဲခြင်းဟု ရခိုင် ဒေသခံသတင်းရင်းမြစ်ကပြောသည်။
” အလောင်းက ၁၃ လောင်းရထားပါတယ်။ဒဏ်ရာရက ၃၀ ကျော်ပြီးလက်ရှိ၂၀ ကျော်ရထားပါတယ်။ထိခိုက်သူ ပိုများလာနိုင်ပါတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။
သေဆုံးသူနှင့် ဒဏ်ရာရသူများအားလုံး အရပ်
သားများဖြစ်ပြီး ကလေးငယ်နှင့် အမျိုးသမီးများလည်း ပါဝင်သည်ဟုစုံစမ်းသိရသည်။
ထွန်းရေဝကျေးရွာကို စစ်ကောင်စီတပ်က လေ
ကြောင်းတိုက်ခိုက်၍ ၁၃ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရထားကြောင်း အာရက္ခတပ်တော်(AA) ပြောခွင့်ရ ခိုင်သုခက ရခိုင်ပြည်နယ် အခြေစိုက်သတင်းဌာနအချို့အားဖြေကြားထားသည်။ ရသေ့
တောင်မြို့သည် AA သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့ဖြစ်သည်။
စစ်ကောင်စီသည် နှစ်ရက်အတွင်း ထွန်းရေဝရွာအား လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရပ်
သားများအား အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်ကျုးလွန်ထားသည်။
မေလ ၁၂ရက်နေ့က ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းရွာစာသင်ကျောင်းအား လေကြောင်းမှ ဗုံးကြဲရာကျောင်းသား၊ကျောင်းသူ ၂၀ ဦးနှင့် ဆရာမ ၂ဦး၊ စုစုပေါင်း၂၂ဦးသေဆုံးခဲ့သည်။
ထို့အပြင်မေလ ၁၂ရက် နံနက်အစောပိုင်းတွင်
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်လယ်မရွာကို စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး အသက် ၆နှစ်အရွယ် ကလေးငယ်အပါအဝင် အရပ်သား ၁၁ဦးကို သတ်ဖြတ်သွားကာ ၂၀ဦးထက်မနည်း ဖမ်းဆီးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရရှိသည်။
နှစ်ရက်အတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ်တွင် အရပ်သား ၄၆ဦးထက်မနည်း သေဆုံးခဲ့ပြီး ၇၀ထက်မနည်း ဒဏ်ရာရကာ ၂၀ ကျော်ကို ဖမ်းဆီးသွားသည်။
နိုင်ငံတကာအနေဖြင့်စစ်ကောင်စီ၏ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက်သတ်
ဖြတ်မှုများကိုအရေးယူရန် တော်လှန်ရေးအင်အား
စုများက တောင်းဆိုနေကြသည်။
(ဗုံးကြဲမှုကြောင့် သေဆုံး ဒဏ်ရာရသူများ၏ မိသားစုဝင်များ )
ရသေ့တောင်မြိုနယ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံး
ရန်ကုန်| မေ ၁၃
ရခိုင်ပြည်၊ ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ (ဟောင်း) ကို ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်ဝန်းကျင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ် တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချခဲ့ရာ ကလေးငယ်များနှင့် မိခင်များ အပါအဝင် အရပ်သားပြည်သူ ၁၃ ဦးသေဆုံးသွားသည်။
“လောလောဆယ် သေဆုံးတာတာ ၁၃ ယောက်ပါဗျာ။ ပွဲချင်းပြီး သေဆုံးသွားတာလို့ ဆိုရမှာပါ။ ဒဏ်ရာကရထားတာက ၂၀ ဦးနဲ့အထက်ပါ။ ထိခိုက်သေဆုံးတဲ့သူတွေက ဒီထက်လည်း များလာနိုင်ပါတယ်။ စာရင်းအတိကျ နာမည်တွေက နောက်မှ ပြောနိုင်ပါမယ်။ ဒီစာရင်းကတော့ လောလောဆဲ အတည်ပြုနိုင်ပါတယ်” ဟု ဒေသသတင်း ရင်းမြစ်က ပြောသည်။
ထွန်းရဝေကျေးရွာမှာ စစ်ဘက်ရေးရာနှင့် မသက်ဆိုင်ဘဲ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ ပေါင် ၅၀၀ ဗုံး ၂ လုံး အသုံးပြု ကျဲချတိုက်ခိုက်ခဲ့ ဖြစ်ကြောင်း သိရှိရသည်။
“ဒဏ်ရာရသူတွေကိုတော့ အရေးပေါ် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေဆီ ပိုထားပါတယ်။ အဲဒီမှာ အရေးပေါ်လူနာတွေလည်း ပါဝင်ပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတဲ့သူတွေပေါ့” ဟု အခြား သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အာရက္ခတပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခကလည်း ရသေ့တောင်မြိုနယ် ထွန်းရဝေကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်တွင် သေဆုံး ၁၃ ဦး၊ ဒဏ်ရာရရှိသူ ၂၀ ဦးကျော်နှင့် လူနေအိမ် ၁၂ လုံး ထိခိုက်ပျက်စီးသွားသည်ဟု မီဒီယာများအား အတည်ပြုပြောကြားထားသည်။
သေဆုံးသူ ၁၃ ဦးထဲတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦးပါဝင်ကြောင်းနှင့် အမျိုးသမီးများလည်းပါဝင်ကြောင်း သိရသည်။
“စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ လာကျဲသွားတာ။ ဒီရွာက အိမ်ခြေ ၂၀၀ လောက်ရှိမယ်။ စစ်ရေးနဲ့ ဘာမှ မသက်ဆိုင်တဲ့ရွာပါ။ ရွာသူရွာသားတွေ အေးအေးဆေးဆေး နေနေကြတာကို စစ်ကောင်စီက ဗုံးလာကြဲသွားတာ။ အခု အပျက်အစီးတွေ ကြားထဲမှာ သေဆုံးသူတွေ ထပ်ရှိနိုင်တာကြောင့် အခု စာရင်းထက် ပိုများလာနိုင်ပါတယ်” ဟု ရသေ့တောင် ဒေသပြည်သူတစ်ဦးက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကိုလည်း ယနေ့ မေလ ၁၃ ရက် နံနက် ၄ နာရီဝန်းကျင်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ လိပ်ခမော်ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျပျက်စီးသွားကြောင်း သိရသည်။
ငလျင်ကို အကြောင်းပြ၍ စစ်ကောင်စီက မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲသည်ဟု ကြေညာထားသော် လည်း ရခိုင်၊ စစ်ကိုင်း၊ ကရင်နီနှင့် ကရင်ပြည်နယ်တိုကို နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေသည်။
ယမန်နေ့ မေလ ၁၂ ရက် နံနက် ၁၀ နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ဒီပဲယင်းမြိုနယ် အိုးထိမ်းကွင်းကျေးရွာရှိ စာသင်ကျောင်းကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဆရာမနှစ်ဦးအပါအဝင် ကလေးငယ် ၂၂ ဦးသေဆုံးခဲ့ရပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)