နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ် လုံခြုံရေး တိုးမြှင့်

by

in

နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းစစ်တပ် လုံခြုံရေး တိုးမြှင့်
ဧရာဝတီ၊ မေ ၁၃၊ ၂၀၂၅

အာဏာသိမ်းစစ်တပ်က နယ်စပ်မျဉ်းအနီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ယနေ့မနက်တွင် ထိုင်းစစ်တပ်မှလက်နက်ကြီးအချို့တပ်ဆင်ကာ နေရာယူတပ်စွဲထားကြောင်း ထိုင်းအခြေစိုက် Khaosod သတင်းဌာန၌ ဖော်ပြသည်။
ထိုင်းနယ်စပ် ၇မှ ကီလိုမီတာခန့်အကွာ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ တာလယ်(Tale)စစ်စခန်းအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များ ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ လေကြောင်းဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။
ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် စစ်တပ်အား လေကြောင်းပစ်ကူပေးနေခြင်းဖြစ်ပြီး ပေါက်ကွဲသံများကို ထိုင်းဘက်ခြမ်းမှ ကြားနေရကြောင်း Khaosod က ဖော်ပြသည်။
ပိုင်ကျုံမြို့နယ်အတွင်းရှိ တခေါ်ဘီခွီးစစ်စခန်းအား KNLA ပူးပေါင်းတပ်များက မေလ ၉ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တာလယ်စစ်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများ ထိုင်းနိုင်ငံဘက်သို့ တိမ်းရှောင်ခဲ့ကြရပြီး ထိုင်းစစ်တပ်နှင့် အရပ်ဘက်အဖွဲ့များက လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ထားကြောင်းလည်း သိရသည်။
ဓာတ်ပုံ- Khaosod English
#WhatsHappeningInMyanmar
#RejectMilitaryCoup