နယ်စပ်က စစ်စခန်းတစ်ခုကို KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်ထပ်မံထိုးစစ်ဆင် ■တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ

by

in

နယ်စပ်က စစ်စခန်းတစ်ခုကို KNLA ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်ထပ်မံထိုးစစ်ဆင်
■တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ
​မေ-၁၀၊၂၀၂၅။People’s Spring

KNLA နဲ့ ပူး​ပေါင်းတပ်​တွေကနယ်စပ်အနီးကစစ်တပ်စခန်းနှစ်စ်ခုသိမ်းပိုက်ပြီး တစ်ရက်အကြာမှာပဲအခြားစခန်းတစ်ခုကိုဆက်လက်ထိုးစစ်ဆင်​နေပြီး၊တိုက်ပွဲ​တွေဖြစ်ပွားလာတာ​ကြောင့် ​မေ ၁၀ ရက်​နေ့မှာထိုင်းနိုင်ငံကို စစ်ရှောင် ၃၀၀ ကျော်လောက်ထပ်မံ ထွက်ပြေး ခိုလှုံလာခဲ့တယ်လို့ထိုင်းအာဏာ
ပိုင်တွေက ပြောပါတယ်။
မေလ ၁၀ ရက်မနက်အစောပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ကရင်အမျိုးသားလွတ်
မြောက်ရေးတပ်မတော် (KNLA)ဦး​ဆောင်တဲ့ပူး​ပေါင်းတပ်​တွေ နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ရှောင် ၃၂၈ ဦးဟာ ထိုင်းဖက်ကို ထွက်ပြေးရောက်ရှိခဲ့တယ်လို့
Bangkok Post သတင်းဌာနက​ဖော်ပြပါတယ်။
KLNA၊ KNDO နဲ့ ပူးပေါင်းတပ်​တွေဟာ ထိုင်းနယ်စပ်နဲ့ ၇ ကီလိုမီတာ(၄ မိုင်​ကျော်) အကွာမှာရှိတဲ့လေးပနာဒီ (ခေါ်)တခေါ်ဘီခွီးကို​မေးလ ၉ ရက်​နေ့မှာအပြီးသတ် သိမ်းယူခဲ့ပါတယ်။ဒါအပြင် တနသာ်ရီတိုင်း KNLA တပ်မဟာ(၄)နယ်​မြေထဲက မြန်မာ-ထိုင်းနယ်စပ် အဓိကကုန်သွယ်​ရေးစခန်းရှိတဲ့ ထီးခီးတယ်စပ်ကုန်သွယ်​ရေးကိုထိန်းချုပ်ထားတဲ့ ထီးခီးစခန်းကြီးကိုလည်း KNLA ၊PDF နဲ့ပူး​ပေါင်းတပ်​တွေက ​မေလ ၉ ရက်​နေ့မှာသိမ်းပိုက်ခဲ့ပါတယ် ။
တခေါ်ဘီခွီးစခန်းကိုသိမ်းယူပြီး KNLA တပ်မဟာ
(၇)နယ်​မြေမှာရှိတဲ့ နယ်စပ်က အခြားစခန်းတစ်ခုကိုမေ ၉ ရက်ညကစပြီးတိုက်ခိုက်​နေတာမှာ တိုက်
ပွဲ​တွေပြင်းထန်​နေပြီး စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ကြောင်း Bangkok Post နဲ့ ထိုင်းသတင်းဌာန​တွေက ဖော်ပြထားပါတယ်။
The Reporters သတင်းဌာနက​လည်း KNLA ၊ KNDO နဲ့ ပူး​ပေါင်းတပ်​တွေဟာ ​မေလ ၉ ရက်ညကစပြီး စစ်ကောင်စီ ရဲ့ ခမရ (၂၄ )တပ်ရင်း တန်လန့် စစ်စခန်းကို ဒရုန်း​တွေ ၊ လက်နက်ကြီး​တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ထိုးစစ်ဆင်နေတယ်လို့​ဖော်ပြပါတယ် ။ စစ်​ကောင်စီတပ်ကလည်း စခန်းမကျ​အောင် တိုက်လေယာဉ်​တွေနဲ့ ဗုံးကြဲခုခံ​နေတယ်လို့​ဖော်ပြပါတယ် ။
နောက်ထပ် ထိုင်းမီဒီယာ တစ်ခုဖြစ်တဲ့ Khaosod
ရဲ့ သတင်းမှာတော့ နယ်စပ်မှာ ကရင် တော်လှန်
ရေး အင်အားစုတွေဟာ စစ်ကောင်စီကို နေ့ရောညပါ ထိုးစစ်ဆင်နေပြီး မေလ ၁၀ ရက်နေ့မှာ ပေါက်
ကွဲသံတွေ ဆက်လက် ကြားနေရတယ်လို့ ဆိုပါတယ်။ ပြီးတော့ အဲဒီ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ YAK-130 တိုက်လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲနေကြောင်းလည်း ထိုင်းသတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။
ဒါ​ကြောင့် ကရင်ပြည်နယ်ရဲ့ ဘားအံခရိုင်နဲ့ ထိစပ်ရာ ထိုင်းဖက်ခြမ်း၊ တက်ခ်ပြည်နယ်ထဲက မယ်လဒေသတလျှောက် နယ်စပ်မှာတော့ ထိုင်းနယ်ခြားစောင့်တပ်နဲ့ စစ်တပ်က အင်အားအလုံးအရင်း ဖြန့်ကျက်ပြီး လုံခြုံရေး တင်းကျပ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်းဖက်ကို ထွက်ပြေးခိုလှုံလာတဲ့ စစ်ရှောင်တွေကို လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ ပေးအပ်ထားပြီး အိမ်နီးချင်း နိုင်ငံဖက်ခြမ်းက စစ်ရေး အခြေ
အနေကို ဆက်လက် စောင့်ကြည့်နေတယ်လို့ ထိုင်းစစ်တပ်က ဆိုပါတယ်။
နှစ်နိုင်ငံ နယ်စပ်နားမှာ ကရင် တော်လှန်ရေး အင်အားစုတွေရဲ့ စစ်ရေး ပစ်မှတ်တွေကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေဟာ ထိုင်းနိုင်ငံရဲ့ လေပိုင်နက် လုံခြုံရေးကို ထိပါးနိုင်ကြောင်း ဝေဖန် ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အခု သီတင်းပတ် အစောပိုင်းတုန်းက ကန်ချနာဘူရီမှာ မြန်မာစစ်တပ်ရဲ့ တိုက်လေယာဉ် နှစ်စီး ပျံသန်းနေတာ တွေ့ရှိခဲ့ကြောင်း ဒေသခံတွေက ပြောပေမယ့် ကာကွယ်ရေးဝန်ကြီး ဖွမ်သန် ဝီချာရာချိုင်ကတော့ အဲဒီ လေယာဉ်တွေဟာ နယ်စပ်နား ကပ်ပျံခဲ့ရုံသာဖြစ်ပြီး ပြဿနာ ကြီးကြီးမားမား မဟုတ်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။
KNLA နဲ့ ပူး​ပေါင်းတပ်​တွေဟာ မြန်မာ-ထိုင်းနယ်
စပ်မှာ ရှိတဲ့ စစ်တပ်စခန်း​တွေကို ဒီဘပိုင်းအတွင်းမှာဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်​နေတာဖြစ်ပါတယ်။
ကိုးကား-Bangkok Post, Khaosod,
The Reporter
(နယ်စပ်ကစစ်စခန်းမှာ​မေ ၁၀ ရက်​နေ့ကတိုက်ပွဲဖြစ်ပွား​နေစဥ်/ ထိုင်းစစ်တပ်က မြန်မာနယ်စပ်မှတိုက်ပွဲ​တွေကို​စောင့်ကြည့်စဥ်/ စစ်​ဘေး​ရှောင်ပြည်သူ​တွေကိုထိုင်းစစ်တပ်ကကူညီစဥ်။
ဓါတ်ပုံ-Addy Chaiyadech )