ရေဦးတွင် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်…
မေ ၃ ၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ရင်း – ပြည်သူ့ကာကွယ်ရေးတပ်မတော် (ရေဦး) က ဒီနေ့ ထုတ်ပြန်ပါတယ်။
ရေဦးမြို့အတွင်း အခြေပြုနေထိုင် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က ရေဦး-မုံရွာ လမ်းအထွက်ဘက်ရှိ တော်လှန်ရေးတပ်တွေ စိုးမိုးနယ်မြေဖြစ်တဲ့ ထွန်စက်ရုံးနဲ့ အောက်စီဂျင်ရုံး အနီး ကင်းရှည် ထွက်လာရာမှာ ရေဦး PDF က ဒရုန်းတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကလည်း လက်နက်ကြီး ၂ လုံး ၊ လက်နက်ငယ်တွေနဲ့ တရစပ် ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေက ထိရောက်မှု ရှိခဲ့ပေမယ့် အကြမ်းဖက်စစ်ကောင်စီတပ် ထိခိုက်မှုအခြေအနေကို တိကျစွာ မသိရှိရသေးဘူးလို့ ရေဦး PDF က ထုတ်ပြန်ထားပါတယ်။