အောင်ဇေယျစစ်ဆင်ရေးသည် နာမည်သာကျန်ရှိဟုဆို၊ ကျုံဒိုးနှင့်နွားခြံကုန်းကြားတွင် စစ်ကောင်စီတပ်ဖွဲ့များတိုက်ခိုက်ခံရလို့ ၃၀ ဦးသေ

by

in

အောင်ဇေယျစစ်ဆင်ရေးသည် နာမည်သာကျန်ရှိဟုဆို၊ ကျုံဒိုးနှင့်နွားခြံကုန်းကြားတွင် စစ်ကောင်စီတပ်ဖွဲ့များတိုက်ခိုက်ခံရလို့ ၃၀ ဦးသေ
Salween Press
မေလ ၃ ရက်နေ့၊ ၂၀၂၅။

ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းစစ်ရေးဖော်ဆောင်ပြီး အောင်ဇေယျစစ်ဆင်ရေးဟု အမည်ပေးထားသည့်စစ်ကြောင်းများသည် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်မှု ကြောင့်အောင်ဇေယျစစ်ဆင်ရေးသည် နာမည်သာကျန်ရှိနေတယ်လို့ KNLA သတင်းမြစ်ကပြောသည်။
“အောင်ဇေယျစစ်ကြောင်းစစ်ရေးစတင်ဖော်ဆောင်စဉ်ကနေ ကနေ့အထိ ဒီဘက်ကချေမှုန်းလို့ သေဆုံးတဲ့စစ်ကောင်စီတပ်သားတွေတွက်မယ်ဆိုရင် အောင်ဇေယျဆိုတာမရှိ‌ တော့ဘူးလို့ပြောလို့ရတယ်။ အခုဆို မြဝတီအာရှလမ်းလွမ်းမိုးထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များဟာ အောင်ဇေယျတပ်ဖွဲ့မ‌ဟုတ်တော့ဘဲ စစ်ကောင်စီတပ်သားသစ်နှင့် တပ်ရင်း၊တပ်မ အဖွဲ့စုံကနေ စုပေါင်းပြီး စစ်ကြောင်းထိုးနေရတယ်” လို့ အထက်ပါသတင်းရင်းမြစ်မှပြောပါတယ်။
ဒါ့အပြင် ဧပြီ ၃၀ ရက်နေ့တွင် နွားခြံကုန်းဘက်သို့စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ဖွဲ့များသည် KNLA,PDFအပါအဝင်မဟာမိတ်ပူးပေါင်းတပ်များမှဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦး သေဆုံးခဲ့ပြီးလက်နက်ခဲယမ်းလည်းသိမ်းဆည်းရမိတယ်လို့ အဆိုပါသတင်းရင်းမြစ်မှပြောပါသည်။
စစ်ကြောင်းထိုးတိုက်ခိုက်ခံရသည့်စစ်ကောင်စီတပ်ဖွဲ့၀င်များသည် ကျုံဒိုးနှင့်နွားခြံကုန်းကြားတွင် ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခံခဲ့ရတာလို သတင်းအရင်းမြစ်ကပြောပါသည်။
အာရှလမ်းတွင် စစ်ကြောင်းထိုးသည့်စစ်ကောင်စီတပ်ဖွဲ့များနှင့် မြဝတီထိန်းချုပ်နိုင်ရန် ကြိုးစားနေ သည့်စစ်‌ကောင်စီတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းထောက်ပို့လမ်းကြောင်းများကိုလည်း တော်လှန်ရေးပူးတပ်ဖွဲ့များမှ ဝိုင်းဝန်းပိတ်ဆို့ဖြတ်တော့မှုကြောင့် အကြပ်အတည်းများနှင့် ရင်ဆိုင်နေရသည်ဟုသိရသည်။
မြဝတီ-အာရှလမ်းသည် အကြမ်းဖက်စစ်ကောင်စီမှထိန်းချုပ်နိုင်ရန်နည်းမျိုးစုံဖြင့် ကြိုးစားသော် လည်းအရှုံးနှင့်သာရင်ဆိုင်နေရသည်ဟု တော်လှန်ရေးသတင်းအရင်းမြစ်ကပြောပါသည်။
ပုံစံ – ကျုံဒိုးနှင့် နွားခြံကုန်းကြားတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံလို့ သေဆုံးသည့်ပုံများ။ (Photos: Supplied)
#Salweenpress