နေပြည်တော်ကောင်စီနယ်မြေထဲက မြို့နယ်အချို့မှာ PDF တွေက ကျေးရွာတွေအထိ ဝင်ရောက်ပြီး စည်းရုံးရေးတွေလုပ်လာတာကြောင့် ဗိုလ်ချုပ်စိုးမင်း သတိပေးခံဝန်ထိုးရတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
လယ်ဝေးမြို့နယ်ထဲက ကျေးရွာအချို့မှာ PDF တွေက ရွာသားတွေကို စည်းရုံးရေးဆင်းတဲ့ ကိစွကို စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို တင်ပြခဲ့တာကြောင့် ဗိုလ်ချုပ်စိုးမင်ကို ဧပြီ ၂၉ ရက်က သတိပေးခံဝန်ထိုးခိုင်းတယ်လို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။
“နေပြည်တော်မှာ ၈ မြိုနယ်ရှိတယ်၊ ၄ မြို့နယ်လောက်မှာ PDF တွေ ဝင်ပြီးနေရာယူနေတယ်၊ စည်းရုံးတာတွေလုပ်တယ်၊ အချို့နေရာတွေမှာ သေနတ်တွေ ပေါ်တင်လွယ်ပြီး သွားတာတွေရှိ တယ်၊ ဒါကို ထောက်လှမ်းရေးက တင်ပြတယ်၊ နပတတိုင်းမှူးက မသိဘူး၊ ဒါကြောင့် ခံဝန်ထိုးရတာ။”
နေပြည်တော်လမ်းပိုင်းအချို့မှာ PDF တွေက ယာဥ်စစ်ဆေးတာ၊ တိုက်ပွဲဖော်ဆောင်တာတွေရှိ လာတဲ့အပြင် စစ်ရေးတာဝန်နဲ့သွားလာနေတဲ့ ဗိုလ်မှူးအဆင့်တွေပါ ဖမ်းဆီးခံရတာကြောင့်လည်း သတိပေးခံဝန်ထိုးရတာလို့ စကခ ၆ နဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။
“နေပြည်တော်လမ်းပိုင်းမှာ တပ်ကအရာရှိတွေကို PDF တွေက မကြာခဏဖမ်းနေတဲ့ ကိစွတွေ လည်းပါတယ်။ လယ်ဝေးမြို့ထဲက ရွာတချို့မှာဆို PDF တွေက ဆက်တိုက်စည်းရုံးရေးဆင်း နေတာတွေလည်းရှိတယ်။ ဒါတွေမသိလို့ သတိပေးတာနေမှာ။”
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ မြှောက်ပင့်ပေးမှုကြောင့် အင်အားကြီးထွားလာတဲ့ PDF အဖွဲ့တွေကို တပ်ရင်းတပ်ဖွဲ့တွေအအနေနဲ့ သတိထားဖို့နဲ့ ရန်သူကို အထင်မသေးဖို့ စစ်ခေါင်း ဆောင် ၂ ယောက်လုံးက ပြောထားပါတယ်။