ဟားလီးကွေ့စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦး လက်နက်ချအညံ့ခံခဲ့သည့် မှတ်တမ်း (ရုပ်/သံ)

by

in

ဟားလီးကွေ့စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၆ ဦး လက်နက်ချအညံ့ခံခဲ့သည့် မှတ်တမ်း (ရုပ်/သံ)
ဧပြီ ၂၉၊ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဟားလီးကွေ့စစ်တပ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို YePhyu People Defence Force က ထုတ်ပြန်လိုက်ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီး ၁ ယောက်သေပြီး တပ်သား ၁၆ ယောက် လက်နက်ချအညံ့ခံခဲ့ပါတယ်။
တိုက်ပွဲအတွင်း MA ၉ လက်၊ MA 2 ၁ လက်၊ MA 3 ၆ လက်၊ MA 4 ၁ လက်၊ MA 11 ၁ လက်၊ BA 100 ၁ လက် နဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို DNLA ရဲ့ ဒူရကစစ်ကြောင်းဦးဆောင်မှုနဲ့ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ၊ KNU တပ်မဟာ ၄ တပ်ရင်း ၁၂ တပ်ခွဲ ၅၊ ဥဩစစ်ကြောင်း၊ Dawei Guerilla Revolutionary Force DGRF ၊ Tavoy People Liberation Force TPLF ၊ ‌ဒေါနတပ်ခွဲ ၇၊ Sky Ghost Drone Force ၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၊ အရှေ့တော ပြည်သူ့ကာကွယ်ရေးအင်အားစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။