ငလျင်ကြောင့် ဒုစစ်ခေါင်းဆောင်၏ အရန်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၂၇ ဦးအပြင်းအထန်ဒဏ်ရာရ

by

in

ငလျင်ကြောင့် ဒုစစ်ခေါင်းဆောင်၏ အရန်တပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၂၇ ဦးအပြင်းအထန်ဒဏ်ရာရ
=============
စစ်ခေါင်းဆောင်၏ ကိုယ်ရံတော်တပ် အုပ်ချုပ်မှုအဆောက် အဦများပျက်စီးသွား၍ ရုံးလုပ်ငန်းကို သစ်ပင်အောက်တွင် ဆောင်ရွက်နေရ
ဧရာဝတီတိုင်းမ်
မတ် ၃၁ ရက်

နေပြည်တော်ရှိ စစ်ကောင်စီ၏ တပ်နယ်အတွင်း ရုံးအ ဆောက်အဦများ ပျက်စီး၍ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိခဲ့ရာ ဒုစစ်ခေါင်းဆောင်၏ အရန်တပ်မှ တပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။
ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဒုတိယအရန်တပ်ဖြစ်သည့် ခမရ ၃၀၃ မှစစ်ကောင်စီ တပ်ဖွဲ့ဝင် ခြောက် ဦးသေဆုံးပြီး ၂၇ ဦးပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗိုလ်ကြီးဇင်ယော် ထံမှ သိရသည်။
“စစ်ဘက်ဆိုင်ရာ အဆောက်အဦတွေအကုန်နီးပါးပြိုတယ်။ ဒုခေါင်းဆောင်ရဲ့ အရန်တပ်က ကောင်တွေ လည်း သေတယ်။ တပ်ချုပ်ရဲ့ ကိုယ်ရံတော် တပ်ရဲ့ ရုံးအဆောက်အဦတွေရော အကုန်ပါတာ။ စစ်ဘက်ဆိုင်ရာအဆောက်အဦတွေကို အရင်လုပ်နေကြတာ။ ဝန်ထမ်းအိမ်ရာတွေကိုတောင် မလုပ်နိုင် သေးဘူး”ဟု ဗိုလ်ကြီးဇင်ယော်ကက ဧရာဝတီတိုင်းမ်ကို ပြော သည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ရံ တော်တပ်ဖြစ်သည့် ခမရ ၃၀၅ မှ အုပ်ချုပ်မှု နှင့် လူနေအဆောက်အဦအားလုံး ပြိုကျပျက်စီးသွားသည့်အတွက် အုပ်ချုပ်မှုရုံးလုပ်ငန်းများကို သစ်ပင်အောက်တွင် လုပ်ကိုင်ဆောင်ရွက်နေရကြောင်း သိရသည်။
ငလျင်လှုပ်ခတ်အပြီး မတ် ၂၉ ရက်နှင့် ၃၀ ရက်နေ့တို့တွင် စစ်ခေါင်းဆောင်အပါအဝင် ဒုစစ်ခေါင်းဆောင်နှင့် ဝန်ကြီးအဖွဲ့များ မြေပြင်ပေါ်တွင် တာလပတ်ကာကာ အစည်းအဝေးလုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
စစ်ရုံးချုပ်ရှိ ဝန်ထမ်းများသည် ငါးနီတူကြော်၊ ဘာလချောင်ကြော်နှင့်၊ ကြက်ဥကြော်၊ တစ်အိမ်ထောင် ကို ဆန်နှစ်ဘူးနှုန်း ခွဲတမ်းဖြင့် စားသောက်နေကြရကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအပါအဝင် အလုပ်သမားဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားဌာန၊ ဝန်ထမ်းအိမ်ရာများဖြစ်သည့် ခရေအိမ်ရာ၊ တိုက်အမှတ် ၁၃၂၊ ၁၃၃၊ ၁၃၄၊ ဧက ၁၀၀၀ တိုက်အမှတ် ၁၃၂၂၊ ၁၃၂၇၊ ၁၃၀၇ တို့ ထိခိုက်ပြိုကျပျက်စီးမှူ များပြားခဲ့ပြီး ဧက ၂၀၀၀၊ ဧက၃၀၀၀ တို့ဘက်မှ ဝန်ထမ်းအိမ်ရာများလည်း ပျက်စီးမှုရှိသည်ဟု သိရသည်။
ပုံစာ-ငလျင်ကြောင့် ပျက်စီးသွားသည့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာအချို့နှင့်တွေ့ရသည့်စစ်ခေါင်းဆောင်၊ ဒုစစ်ခေါင်းဆောင်
#နေပြည်တော် #ငလျင် #ဒုစစ်ခေါင်းဆောင် #စိုးဝင်း #အရန်တပ် #သေဆုံး #ထိခိုက် #Ayeyarwaddy_Times