ဂျေညီညီကွယ်လွန်
မတ်-၃၁၊၂၀၂၅ ။ ဆဏ်း / People’s Spring
စွဲနေပြီ၊ အလွမ်းကဖေး၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေရဲ့ အဆိုရှင် ဂျေညီညီက ဒီနေ့ (မတ် ၃၁) နံနက် မှာ ကွယ်လွန်သွားကြောင်း ညီမဖြစ်သူ ဂျေညီမလေးက အသိပေးထားပါတယ်။
“အဆိုတော် ဂျေညီညီ မနက် ၄:၃၀မိနစ်မှာ ဆုံးသွားပါပြီ” လို့ ဂျေညီမလေးက သူ့ဖေ့စ်ဘွတ်ကနေ အသိပေးထားပါတယ်။
ဂျေညီညီ ရဲ့ ဖေ့စ်ဘွတ်မှာ မနေ့(မတ် ၃၀) မနက်က “ဒီမနက်မူးလို့ကောင်းတုန်းတယောက်ထဲ ငလျင်မိနေသလို ဟိုကိုင်ဒီကိုင်လမ်းလျှောက်နေရတယ်” လို့ တင်ထားခဲ့ပါတယ်။
ဂျေညီညီက ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီး နဲ့ သားဖြစ်သူကျန်ရစ်ခဲ့ပါတယ်။
“U J Nyi Nyi ကွယ်လွန်ကြောင်းကြားသိရ၍ မိသားစုနဲ့ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ် ကောင်းရာသုဂတိလားပါစေ အဝေးကနေပဲကန်တော့လိုက်ပါတယ်” လို့ အဆိုတော် Rဇာနည်က ကရေးသားထားပါတယ်။
People’s Spring