ရေကြည်ရှိ မြောက်စမ်းအမြောက်တပ် အသိမ်းခံရတော့မည်ဟု သတင်းများထွက်ပေါ်နေ၍ အမြောက် များကို ရေမန်းပက် မွှေးတိုင်ထွန်းပူဇော်နေ

by

in

ရေကြည်ရှိ မြောက်စမ်းအမြောက်တပ် အသိမ်းခံရတော့မည်ဟု သတင်းများထွက်ပေါ်နေ၍ အမြောက် များကို ရေမန်းပက် မွှေးတိုင်ထွန်းပူဇော်နေ
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်

တိုက်ပွဲပြင်းထန်လာသည့် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ မြောက်စမ်းအမြောက်တပ် အမတ ၃၄၄ ကို ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော် (AA) နှင့်ပူးပေါင်းအဖွဲ့များက အပြီးသတ် သိမ်းပိုက် မည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီက အမြောက်များကို ရေမန်းနှင့်ပက် အမွှေးတိုင်ထွန်း ပူဇော်မှုများပြုလုပ်နေကြောင်း သိရသည်။
ယခုလာမည့် မတ်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့တို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက အမြောက် တပ်ကိုအပြီးသတ် သိမ်းပိုက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ယတြာချေ ပူဇော်မှုများ ပြုလုပ်နေကြောင်း တပ်တွင်းသတင်းများကို လေ့လာစုံစမ်းနေသည့် CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရသည်။
“အခု မြောက်စမ်းအမြောက်တပ်ရဲ့ အဓိကအမြောက်စခန်းတစ်ခု လက်ပံပင်လမ်းဆုံအထိ ဆုတ်ထား ရပြီ။ အဲဒီလမ်းဆုံက သီတာကုန်းပြင်ရွာနဲ့ ကပ်ရက်ရှိပြီး အဲဒီရွာကျော်ရင် မြောက်စမ်းကိုရောက်ပြီ။ အဲဒါကြောင့် ရရာနည်းလမ်းနဲ့ ယတြာတွေချေ ရေမန်းတွေပက်နေတယ်လို့ ထင်ပါတယ်။ အဲ့ဒီ သီတာရွာမှာ ပြီးခဲ့တဲ့ရက်က သီတာနတ်ကို ပူဇော်တယ်ဆိုပြီး ဖယောင်းတိုင်တွေ ထွန်းကြသေးတယ်”ဟု ရေကြည်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီက အမတ ၃၄၄ ၏ နောက်ကျောဘက် ရေကြည်နှင့် လေးမျက်နှာအစပ်ရှိ ချင်းလယ်ရွာ၊ လဲခုံ ကြီး၊ လဲခုံကလေး၊ ဝတ်ကုန်း၊ စောပြာ၊ ကျားကိုက်ကွင်းရွာများအနီးရှိ ရိုးမအစပ်နေရာများကို လေကြောင်းမှ အကြိမ်ရေများစွာ ဗုံးကြဲတိုက်ခိုက်လျက်ရှိ ကြောင်း ဒေသခံများထံမှ သိရသည်။
အမြောက်တပ် ၃၄၄ ၏အနီးဝန်းကျင်ရွာများဖြစ်သည့် ဝတ်ကုန်းရွာ တုံးတောတွင် မတ် ၂၁ ရက်နေ့ ည ပိုင်းအထိ မြေပြင်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။
မြောက်စမ်းအမြောက်တပ်၏ အဓိကလက်နက်ကြီးစခန်းတစ်ခုဖြစ်သည့် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ညောင်အိုင်အမြောက်စခန်း လက်ပံပင်လမ်းဆုံအနီးထိ တပ်ဆုတ်သွားရပြီး ယမန်နေ့ မတ် ၂၂ ရက်နေ့ ညနေပိုင်းတွင် ထပ်မံ၍ ‌လက်ပံပင်မှဆုတ်ခွာနေရကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
ပုသိမ်-မုံရွာလမ်းပေါ်ရှိ စက်စက်ယိုရွာတွင်လည်း တိုက်ပွဲများပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုများပြားနေကာ အလောင်းများကို ဖောကားတစ်စီးအပြည့် ပြန်သယ်နေကြောင်း သိရသည်။
လေးမျက်နှာမြို့ ချင်းလယ်၊ ဝတ်ကုန်းဘက်မှ အမြောက်စခန်းများလည်း စတင်ဆုတ်ခွာနေရပြီး ရခိုင်ရိုးမအစပ်တွင် တိုက်ပွဲများပြင်းထန်နေကာ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်နေကြောင်း သိရသည်။
ထိတွေ့တိုက်ပွဲပြင်းထန်နေသည့် တုံးတောရွာမှ ကျေး ရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားပြီး ထိခိုက်ဆုံးရှုံးမှုများပြားကြောင်း သိရသည်။
ပုံစာ-စစ်ကောင်စီ၏အမြောက်ကုန်တစ်ခုအားတွေ့ရစဉ် (ပုံဟောင်း)
#ဧရာဝတီတိုင်း #ရေကြည် #မြောက်စမ်း #အမြောက်တပ် #အမြောက်များ #စစ်ကောင်စီ #ရေမန်းပက် #အမွှေးတိုင်ထွန်း #Ayeyarwaddy_Times