မိုးဗြဲတိုက်ပွဲ တပ်ဆုတ်​ပေးခဲ့ရသည့်​ရှေ့တန်းကင်း ကို ကရင်နီတပ်​ပေါင်းစုပြန်ရရှိ

by

in

မိုးဗြဲတွင် အင်အားသုံး ထိုးစစ်ဆင်လာသော စစ်တပ်ကို တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေ ဆုံးပြီး လက်နက် ၉ လက်ရရှိ၊ စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာသွား
ရန်ကုန်၊ မတ် ၁၅

ရှမ်းပြည်နယ်နှင့်ကရင်နီပြည်အစပ် မိုးဗြဲတွင် အင်အားသုံးထိုးစစ်ဆင်လာသောစစ်တပ်ကို တော်လှန်ရေးတပ်များက ပြန်လည်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးပြီး လက်နက် ၉ လက်ရရှိကာ စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာသွားကြောင်း KNDF က သတင်းထုတ်ပြန်သည်။
မတ်လ ၁၃ ရက်နေ့ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးများ အလွန်အကြူးအသုံးပြုကာ ထိုးစစ်ဆင်တိုက် ခိုက်မူကြောင့် ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရကြောင်း၊ မတ်လ ၁၄ ရက်နေ့တွင် တော်လှန်ရေးအင် အားစုများက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်တပ်ဘက်မှ အနည်းဆုံး စစ်သား ၁၅ ဦး သေဆုံးပြီး ဒဏ်ရာအများအပြား ရရှိကာ ပြန်လှည်ဆုတ်ခွာသွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ရန်သူလက်နက် ၉ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
မြို့ပြတော်လှန်ရေးတပ်ဦး (𝙐𝙧𝙗𝙖𝙣 𝙍𝙚𝙫𝙤𝙡𝙪𝙩𝙞𝙤𝙣𝙖𝙧𝙮 𝙁𝙧𝙤𝙣𝙩 – 𝙐𝙍𝙁) မှ ကိုထက်က ” မတ် ၁၃ ရက်နေ့မှာ ပြည် သူ့စစ်အင်အား အလုံးအရင်းနဲ့ ဒရုန်းတွေ၊ အဆိပ်ငွေ့ ဗုံးတွေနဲ့ မိုးဗြဲမြို့ကို ထိုးစစ်ဆင်တယ်။ မတ်လ ၁၄ ရက်နေ့ တစ်နေ့လုံး တိုက်ပွဲဖြစ်တယ်။ မနေ့က ညနေပိုင်းမှာ မိုးဗြဲမှာ ဆုတ်လိုက်ရတဲ့ နေရာတွေ အကုန်ပြန်ရတယ်။ စစ်တပ်ဘက် အနည်းဆုံး ၁၅ ဦးထက်မနည်းသေဆုံးတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်မှ KNDF/B-03 ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း၊ မိုးဗြဲတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီမှ ဓာတ်ငွေ့ဗုံးများပစ်ခတ်ခြင်းနှင့် မီးလောင်ဗုံးများ အသုံးပြုတိုက် ခိုက် ကြောင်း၊ မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်မူကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်များအတွင်း နေအိမ်အနည်းဆုံး ၁၅ လုံးနှင့်အထက် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစ၍ ယနေ့အထိ မိုးဗြဲကို ရရှိရန် အကြမ်းဖက်စစ်ကောင်စီက လူအင်အားနှင့်ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်မူကို တော်လှန်ရေးအင်အားစုများဖြစ်ကြသော ရှမ်းတောင်စစ်ဒေသခွဲ အမှတ် ၁ ဗျူဟာ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်နှင့် အခြားတပ်ပေါင်းစုများက ခုခံတွန်းလှန်လျက်ရှိကြောင်း သိရှိရသည်။
သည်။