ကဘော်ချိုင့်ဝှမ်းကို မြန်မာထံ က ပြန်ရယူပေးဖို့ အိန္ဒိယ အစိုးရကို ဒေသခံ အမတ် တောင်းဆို
People’s Spring
မြန်မာနိုင်ငံ ပိုင်နက်ထဲမှာ ဖွဲ့စည်း ပါဝင်နေတဲ့ ကဘော်ချိုင့်ဝှမ်း ဒေသကို ပြန်လည် သိမ်းသွင်းယူပြီး မဏိပူရ ပြည်နယ် ပိုင်နက်ထဲ ထည့်သွင်းပေးရေး ဆောင်ရွက်ပေးဖို့ ဒေသခံ အမတ်တစ်ဦးက အိန္ဒိယ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မတ်လ ၁၀ ရက်နေ့က အိန္ဒိယ လွှတ်တော်ထဲမှာ ရက်ဂျ်ယာ ဆာဘာ ပါတီအမတ် လီရှမ်ဘာ ဆာနာဂျိုဘာက အဲဒီ ကိစ္စကို အဆိုပြု တင်ပြခဲ့တာ ဖြစ်ပါတယ်။ ကဘော်ချိုင့်ဝှမ်းဟာ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းရဲ့ တမူးမြို့နယ် ပိုင်နက်ထဲမှာ ပါဝင်နေပြီး ချင်းတိုင်းရင်းသား အများစု နေထိုင်ကြပါတယ်။ တမူးမြို့နယ်ဟာ အိန္ဒိယနိုင်ငံ မဏိပူရနယ်နဲ့ ထိစပ်နေတဲ့နယ်စပ်မြို့ဖြစ်ပါတယ်။
စတုရန်း ကီလိုမီတာ ၂၂, ၀၀၀ ကျော် ကျယ်ဝန်းတဲ့ ကဘော်ချိုင့်ဝှမ်းဟာ အစဉ်အလာအားဖြင့် မဏိပူရ စော်ဘွားတွေ ပိုင်ဆိုင်ခဲ့ပြီး ၁၄၅၀ ပြည့်နှစ်ကတည်းက မဏိပူရရဲ့ အစိတ်အပိုင်း ဖြစ်ခဲ့တယ်လို့ အိန္ဒိယ အမတ် ဆာနာဂျိုဘာက ပြောပါတယ်။
ဒါပေမဲ့ ၁၉၅၃ ခုနှစ်မှာတော့ အိန္ဒိယရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဂျာဝါဟာလာ နေရူးဟာ မဏိပူရ ပြည်နယ် အစိုးရကို တိုင်ပင်တာမျိုး လုံးဝ မရှိဘဲ အဲဒီ ဒေသကို မြန်မာ ဝန်ကြီးချုပ် ဦးနုဆီ လက်ဆောင်အဖြစ် လွှဲပြောင်းပေးခဲ့တာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အဲဒီ ဆုံးဖြတ်ချက်ဟာ မဏိပူရ ပြည်နယ် သမိုင်းကြောင်းမှာ အမှောင်မိုက်ဆုံး နေ့ရက်တစ်ခုကို ကြုံတွေ့စေခဲ့တယ်လို့လည်း ဆာနာဂျိုဘာက ဆက်ပြောပါတယ်။
သူက ၁၈၃၄ ခုနှစ် ကဘော်ချိုင့်ဝှမ်း သဘောတူညီမှုဆိုင်ရာ စာချုပ်အတိုင်း သတ်မှတ် လျော်ကြေးကို မြန်မာဖက်က ဆက်ပေးချေဖို့ ကိစ္စကိုလည်း တောင်းဆိုခဲ့ပါတယ်။
၁၈၃၄ ခုနှစ်တုန်းက စာချုပ်အရ မြန်မာဘုရင်ဟာ မဏိပူရ ဘုရင်ခံကို လစဉ် ဆစ်ကာငွေ (ဟိုင်ဒါရာဘတ် ရူပီး) ၅၀၀ ပေးချေနေခဲ့ကြောင်း၊ ၁၉၄၉ ခုနှစ်မှာ မဏိပူရက အိန္ဒိယနဲ့ ပေါင်းစည်းခဲ့ပြီး ချိန်ထိလည်း အဲဒီ ငွေကြေး ပေးချေမှုက ဆက်လက် တည်တံ့နေခဲ့ပေမယ့် ၁၉၅၃ ခုနှစ်၊ နေရူးရဲ့ ဆုံးဖြတ်ချက် အပြီးမှာ မြန်မာက ငွေဆက်မပေးတော့ကြောင်း ဆာနာဂျိုဘာက စွပ်စွဲခဲ့ပါတယ်။
သူက ဝန်ကြီးချုပ် နေရူးရဲ့ ဆုံးဖြတ်ချက်ဟာ သမိုင်းဝင် အမှားကြီး တစ်ခုအဖြစ်လည်း ဝေဖန်ခဲ့ပြီး ဒီလုပ်ရပ်အပေါ် မဏိပူရ ပြည်သူတွေက နေရူးကို ဘယ်တော့မှ ခွင့်လွှတ်တော့မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
သူက အိန္ဒိယ လွှတ်တော် အနေနဲ့ ကဘော်ချိုင့်ဝှမ်းကို မဏိပူရဆီ ပြန်လည် ပေါင်းစည်းနိုင်ရေးနဲ့ ပုံမှန် လျော်ကြေးငွေ ပြန်လည် ရရှိရေး ကိစ္စတွေမှာ ကြားဝင် ဆောင်ရွက်ပေးစေလိုတယ်လို့လည်း ထည့်သွင်း တောင်းဆိုသွားပါတယ်။
ကိုးကား: India Today
အခြားနိုင်ငံနှင့်ပေါင်းစည်းရန်မူဝါဒမရှိ၊အာဏာ
ရှင်ကိုချေမှုန်းပြီးဖက်ဒရေပြည်ထောင်စုတည်
ဆောက်ရေးအတွက်တိုက်ပွဲဝင်နေခြင်းဟု CNF အသိပေး
ဟန်နွေ/People’s Spring
ချင်းအမျိုးသားတပ်ဦး(CNF/CNA) အနေဖြင့် အ
ခြားနိုင်ငံများ၏ နိုင်ငံရေး အချုပ်အခြာတွင် ပါဝင်ပေါင်းစည်းရန် မူဝါဒ မရှိကြောင်း အဖွဲ့ ပြောရေး
ဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားလိုက်သည်။
အိန္ဒိယ နိုင်ငံအမတ်အချို့ ချင်းပြည်နယ်ကို အိန္ဒိ
ယနှင့် ပူးပေါင်းရန် ပြောဆိုမှု၊ ကဘော်ချိုင့်ဝှမ်းကို မဏိပူရ ပြည်နယ်အတွက် ပြန်ရယူပေးရန် အိန္ဒိယ အစိုးရကို တောင်းဆိုမှု တို့နှင့်ပတ်သက်ပြီး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက တုန့်ပြန် ပြောကြားခြင်းဖြစ်သည်။ CNFနှင့် ဒေသကာ
ကွယ်ရေးတပ်(CDF)များသည် ချင်းပြည်ကောင်စီကို ဖွဲ့စည်းကာစစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်သည်။
“ကျနော်တို့အနေနဲ့ တခြားနိုင်ငံရဲ့ နိုင်ငံရေး အချုပ်အချာထဲ ပါဝင်ပေါင်းစည်းဖို့ ဆိုတဲ့ပေါ်လစီတွေ မရှိဘူး၊ အာဏာရှင်မှန်သမျှ အပြီးချေမှုန်းပြီး ဖက်ဒရေ ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပဲ တိုက်ပွဲဝင်နေတာပါ” ဟု ဆလိုင်းထက်နီက မှတ်
ချက်ပြုသည်။
ချင်းတိုင်းရင်းသားအများစုနေထိုင်သည့် မြန်မာ
နိုင်ငံ စစ်ကိုင်း-ချင်းအစပ်ရှိ ကဘော်ချိုင့်ဝှမ်း ဒေ
သကို ပြန်လည် သိမ်းသွင်းယူပြီး မဏိပူရ ပြည်
နယ် ပိုင်နက်တွင် ထည့်သွင်းပေးရန် အန္ဒိယအစိုးရအားတိုက်တွန်းသောအဆိုကို မတ်လ ၁၀ ရက်နေ့ကကျင်းပသည့်အိန္ဒိယ လွှတ်တော်၌ ရက်ဂျ်ယာ
ဆာဘာ ပါတီအမတ် လီရှမ်ဘာ ဆာနာဂျိုဘာက အဆိုပြုခဲ့သည်။
ထိုသို့ပြောဆိုမှုများပေါ်ပေါက်လာခြင်းအပေါ်မှတ်ချက်ပြု သုံးသပ်ပေးရန် မေးမြန်းရာ ဆလိုင်းထက်နီက “အကြမ်းဖက်စကစ ရဲ့ စစ်ရေး နိုင်ငံ
ရေး ဖက်ပေါင်းစုံ ဆုတ်ယုတ်ကြောင်း ကျနော်တို့ဖက်က စစ်ရေး နိုင်ငံရေး ရပ်တည်ချက် ပိုမို အားကောင်းကြောင်း သက်သေပါ”ဟုပြောသည်။
ဖေဖော်ဝါရီလကုန်ပိုင်းကလည်း ချင်းပြည်နယ်ကို အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းရန် မီဇိုရမ်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဖိတ်ခေါ်ခဲ့ကြောင်းသတင်းများထွက်ပေါ်ခဲ့သည်။ CNF ဌာနချုပ် တည်ရှိရာ ချင်းပြည်ကောင်စီ ရုံးစိုက်ရာ ချင်းလုံမြို့(မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်ကောင်စီ သတ်မှတ်ထားသည့် မြို့)သို့ မီဇိုရမ်ပြည်နယ် ကိုယ်စားပြု အိန္ဒိယနိုင်ငံ အထက်လွှတ်တော်အမတ် လာရောက်စဉ် ထိုသို့ ပြောဆိုမှု ရှိခဲ့သည်ဟု ဆလိုင်းထက်နီက အတည်ပြုသည်။
“ဟုတ်ပါတယ်။ CNF ဌာနချုပ်ကိုလာတဲ့အထက်
လွှတ်တော် အမတ် ကတော့ တရားဝင် ပြောဆိုတာမျိုးမဟုတ်ပေမဲ့သွေးရင်းတွေသုံးနိုင်ငံမှာ ပြန့်ကျဲနေထိုင်တာ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့တွေ အားပေးတာမျိုးရေ၊ နွေဦးတော်
လှန်ရေးကာလ ချင်းအရေးကို ဗဟိုအစိုးရမှာ မိမိတို့အတွက် ရပ်တည်ပေးမှုတွေ ဆွေးနွေးတဲ့အဆင့်ပါ” ဟု ဆလိုင်းထက်နီက ရှင်းပြသည်။
CNF ပါဝင်သည့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်အနေဖြင့် လက်ရှိတွင် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်လျက်ရှိသကဲ့သို့ချင်းပြည်အတွင်း တော်
လှန်ရေးအင်အားစု တစ်ခုဖြစ်သော ကြာကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)
/ချင်းညီနောင် တို့နှင့် ပေါင်းစည်းရေးအတွက်လည်း ဆွေးနွေးနေသည်။
ချင်းပြည်ကောင်စီနှင့် ICNCC/ချင်းညီနောင် တို့အနေဖြင့် ပေါင်းစည်းရေး ကြိုးပမ်းလျက်ရှိရာ ဖေဖော်ဝါရီ လကုန်ပိုင်းတွင် ကောင်စီနှစ်ရပ်ကို ချင်းအမျိုးသားကောင်စီအဖြစ် ကောင်စီတစ်ရပ်တည်း ပူးပေါင်းရန် သဘောတူညီခဲ့ကြောင်းပူတွဲထုတ်ပြန်ကြေညာထားသည်။
ချင်းညီနောင်သည် မင်းတပ်၊ မတူပီ၊ကန်ပက်လက်
၊ ကျင်ဒွေးမြို့များကို တိုက်ခိုက်သိမ်းပိုက်ထားသ
ကဲ့သို့ ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည်လည်း တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါ အပါအဝင် မြို့ ၇မြို့နှင့် တပ်စခန်းများ သိမ်းပိုက်ထားသည်။ထို့ပြင် ချင်းညီနောင်က ဖလမ်းမြို့သိမ်း စစ်ဆင်ရေး ဆက်နွှဲနေသကဲ့သို့ ချင်းပြည်ကောင်စီကလည်းထန်တလန်မြို့သိမ်း စစ်ဆင်ရေး ဆင်နွှဲလျက်ရှိသည်။
“ဒီနှစ်ကတော့ ချင်းပြည်အတွင်း စကစ ကင်းစင်ရေးပေါ့”ဟု ဆလိုင်းထက်နီက ပြောသည်
အလားတူ ချင်းညီနောင်တာဝန်ရှိသူများကလည်း ချင်းပြည်နယ်အတွင်း စစ်ကောင်စီ ကင်းစင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းယခင်ကပြောကြားထားသည်။
ချင်းပြည်နယ်တွင် တော်လှန်ရေးတပ်များက
ရိဒ်ခေါဒါရ် ၊တွန်းဇံ ၊ ကျီခါး ၊ပလက်ဝ ၊ လိုင်းလဲန်းပီ၊နှာရိန်း ၊ဝေဘူလ ၊မတူပီ ၊ မင်းတပ် ၊ရေဇွာ ၊ဆူရ်ခွား ၊ကျင်ဒွေး ၊မကွိးအိမ်နူး စသောမြို့များသိမ်းပိုက်ထိန်းချုပ်ထားသည်။
(CNF/CNAပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ၊
ရက်ဂျ်ယာဆာဘာ ပါတီအမတ် လီရှမ်ဘာ ဆာနာဂျိုဘာ ၊မီဇိုရမ်ပြည်နယ် ကိုယ်စားပြု အိန္ဒိယနိုင်ငံ အထက်လွှတ်တော်အမတ် CNF ရုံးချုပ်သို့ရောက်ရှိစဥ် နှင့် ချင်းပြည်နယ်အပါအဝင် နိုင်ငံတဝန်းတော်လှန်ရေးတပ်များသိမ်းပိုက်ထားသော မြို့များပြအင်ဖိုဂရပ်)