နောင်ချိုကို စစ်မတိုက်ဖူးသည့် နေပြည်တော်မှ တပ်အချို့ စစ်ကူပို့ခံရ၍ ဒုတပ်ရင်းမှူး ထွက်ပြေးပြီး တပ်ရင်းမှူး စစ်ကြောရေးရောက်

by

in

နောင်ချိုကို စစ်မတိုက်ဖူးသည့် နေပြည်တော်မှ တပ်အချို့ စစ်ကူပို့ခံရ၍ ဒုတပ်ရင်းမှူး ထွက်ပြေးပြီး တပ်ရင်းမှူး စစ်ကြောရေးရောက်
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၆ ရက်

တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုကို နေပြည်တော်မှ တပ်အချို့ကို စစ်ကူပို့ရာ ဒုတပ်ရင်းမှူးထွက်ပြေးပြီး တပ်ရင်းမှူးကို စစ်ကြောရေးပို့ကာ စုံစမ်းစစ်ဆေးရေးခုံရုံး (စုံ/ခုံ) ဖွဲ့စစ်ဆေးနေကြောင်း သိရသည်။
လတ်တလောတွင် တိုက်ပွဲပြင်းထန်နေသည့် နောင်ချို တောင်ခမ်းဘက်သို့ နေပြည်တော် အမှတ် (၆) စစ်ဆင်‌ ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၆) လက်အောက်ခံ ခမရ- ၆၀၅ ကို အရေးပေါ်စစ်ကူပို့ရာတွင် ဒုတပ်ရင်းမှူးဖြစ်သူမှာ တပ်ကိုစွန့်ခွာ ထွက်ပြေးသွားကြောင်း နေပြည်တော် သတင်းရင်းမြစ်ထံက သိရသည်။
ယခု ဩဂုတ်လ တတိယပတ်အတွင်းတွင် နေပြည်တော် ဆိပ်ဖူးတောင်အခြေစိုက် စကခ-၆ လက်အောက်ခံ ခမရ-၆၀၅ တပ်များကို သံတောင်ဘက်တွင် လုံခြုံရေးယူခိုင်ထားရာမှ ပြန်လည် စုဖွဲ့မည်ဟုခေါ်ယူပြီး တိုက်ပွဲများ ပြင်းထန်နေသည့် နောင်ချို၊ တောင်ခမ်းဘက်သို့ အရေးပေါ် စစ်ကူပို့ရန် စေလွှတ်ခဲ့ကြောင်း သိရသည်။
“ပြောရမယ်ဆိုရင် လိမ်ပြီး‌ခေါ်တာပေါ့။ တပ်ရင်းပြန် လည်စုဖွဲ့မယ်ဆိုပြီး ရှေ့တန်းပို့ခံလိုက်ရတာ”ဟု နေ ပြည်တော် တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
နေပြည်တော်တပ်အများစုမှာ စစ်တိုက်ဖူးခြင်းမရှိသောကြောင့် တိုက်ပွဲပြင်းထန်နေသည့် ရှေ့တန်းစစ် မြေပြင်ဖြစ်သည့် နောင်ချိုသို့ စေလွှတ်ရာတွင် ဒုတပ်ရင်းမှူးဖြစ်သူမှာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဒုတပ်ရင်းမှူး ထွက်ပြေးသည့်ကိစ္စနှင့် သက် ဆိုင်သည်ဟုဆိုကာ ခမရ-၆၀၅ ၏ တပ်ရင်းမှူး ဖြစ်သူကို စစ်ကောင်စီက စုံစမ်းစစ်ဆေးရေးခုံရုံး( စုံ/ခုံ) ဖွဲ့စစ်ဆေးနေကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၂၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ် တောင်ခမ်းရွာရှိ စစ်ကောင်စီ၏ ၉၀၂ တပ်ရင်းနှင့် ခမရ ၃၅၄ တပ်ရင်းတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင် အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တအာင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကထုတ် ပြန်ထားသည်။
စစ်ကောင်စီတပ်က လတ်တလောတွင် တိုက်ပွဲပြင်း ထန်နေသည့် ရှမ်းမြောက်နှင့်ရခိုင်တို့ကို တိုက်ပွဲငြိမ် သက်နေသည့် နေရာများတွင် လုံခြုံရေးယူထားသည့် တပ်ရင်း၊ တပ်ဖွဲ့များကို ထုတ်နုတ်၍ စစ်ကူ ပို့နေကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းကလည်း နေပြည်တော်နှင့် ပျဉ်းမနားမြို့နယ်အစပ်တွင်ရှိသည့် ခမရ ၆၀၄ နှင့် ခမရ ၆၀၅ ကြားတွင်ရှိသည့် စစ်ကောင်စီ၏ မြွေဟောက်မြောင်စခန်းကို တော်လှန်ရေး တပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ရာတွင် လက်နက်ခဲယမ်းများ သိမ်းပိုက်နိုင် ခဲ့ကြောင်း သိရသည်။
ရခိုင်ရှိ မောင်တော၊ သံတွဲ၊ ကျိန္တလီတို့တွင်လည်း စစ်ကောင်စီတပ်များ စစ်ရှုံးနေ၍ ရဲတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အစုလိုက် ထွက်ပြေးမှုများနှင့် လက်နက်ချအညံ့ခံမှုများ ရှိနေပြီး အာရက္ခတပ်တော် (AA) က မြို့ကို အလုံးစုံ သိမ်းပိုက်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
#စစ်ကောင်စီ #အရေးပေါ်စစ်ကူပို့ #နေပြည်တော်တပ်ရင်း #ခမရ၆၀၅ #ဒုတပ်ရင်းမှူးထွက်ပြေး #တပ်ရင်းမှူး #စုံခုံဖွဲ့ #Ayeyarwaddy_Times