စဉ့်ကူးမြို့နယ်တွင် MDY PDF က လုံခြုံရေးစစ်ကြောင်း လှည့်ပြီး ပြည်သူများက ပွေ့ဖက်ကြိုဆို

by

in

စဉ့်ကူးမြို့နယ်တွင် MDY PDF က လုံခြုံရေးစစ်ကြောင်း လှည့်ပြီး ပြည်သူများက ပွေ့ဖက်ကြိုဆို
မန္တလေး၊ဩဂုတ် ၃

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် မြို့လုံခြုံရေးအတွက် လုံခြုံရေးကင်းပတ်နေကြောင်း MDY PDF က ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်ထားပါသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက မြို့လုံခြုံရေးအတွက် ယနေ့တွင် ကင်းပတ်နေတာ ဖြစ်ပြီး ဒေသခံပြည်သူများက အောင်သပြေပန်းများဖြင့် ဆီးကြိုခဲ့ကြတာ ဖြစ်သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက ပြီးခဲ့သည့်ဇူလိုင် ၁၇ ရက်နေ့တွင် စဉ့်ကူးမြို့အား အာဏာသိမ်းစစ်အုပ်စုလက်အောက်မှ အပြီးတိုင်း သိမ်းပိုက်နိုင်ခဲ့သည်။