ပြည်သူများ ထမင်းငတ်မယ့်အဖြစ် ရောက်စေသည့် နတ်ထမင်းရွာ ရာအိမ်မှူးကို နေအိမ်ထဲ ဝင်ရောက်ရှင်းလင်း
မတ် ၉၊ ၂၀၂၅
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြိုနယ်၊ နတ်ထမင်းကျေးရွာမှာ ပြည်သူတွေကို စစ်မှုထမ်းကြေး အတင်းကောက်ခံနတဲ့ ရာအိမ်မှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) က ထုတ်ပြန်ပါတယ်။
မနေ့က မတ်လ ၈ရက် နေ့လယ် ၁၂ နာရီဝန်းကျင်အချိန်မှာ အဆိုပါ နတ်ထမင်းကျေးရွာရဲ့ ရာအိမ်မှူးဖြစ်သူ အငယ်လေး (ခေါ်) သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) ၊ တပ်ခွဲ (၂) နဲ့ မင်းလှမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲတို ပူးပေါင်းပြီး သူ့ရဲ့ နေအိမ်မှာပဲ ပစ်ခတ်ရှင်းလင်းခဲ့ကြတာ ဖြစ်တယ်လို သိရပါတယ်။
“သူက အရမ်းဆိုးနေလို ရှင်းရတာ။ နတ်ထမင်းရွာက မရှိနွမ်းပါးသူတွေဆီက အတင်းအကြပ် စစ်မှုထမ်းကြေးတွေ ကောက်နေတာ အများစုက တစ်နေ့လုပ် တစ်နေ့စားတွေဆိုတော့ သူတောင်းတဲ့ငွေ မပေးနိုင်ကြဘူး။ ငွေမပေးလိုဆိုပြီး စခတွေခေါ် ပေါ်တာဆွဲလို ရွာကလူတွေလည်း ပြေးရလွှားရနဲ့ အလုပ်မလုပ်ရတော့ ထမင်းတောင် ငတ်တဲ့အထိဖြစ်နေကြတယ်။ အငယ်လေးကို မရှင်းရင် ပြည်သူတွေ ထမင်းငတ်ကုန်တော့မယ့် အခြေအနေမို စခတွေ အထပ်ထပ်ကို ကျော်ပြီး မိုးညိုမြိုနယ်အစပ်နားထိ သွားရှင်းခဲ့ရတာပါ” လို တပ်ရင်း (၃၈၀၂) တပ်ခွဲ (၃) တာဝန်ရှိသူက မောင်းကို ပြောပါတယ်။
အဆိုပါ နတ်ထမင်းကျေးရွာဟာ မင်းလှမြိုနယ်အပိုင်ထဲမှာ ရှိပေမယ့် မိုးညိုမြိုနယ်အစပ်နားမှာ တည်ရှိတဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။
ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်မှုထမ်းကြေးဟုဆိုကာ မရှိနွမ်းပါးတဲ့ ပြည်သူတွေထံမှ ငွေကြေးတွေ အတင်းအကြပ် ကောက်ခံနေပြီး ကောက်ခံငွေ မပေးနိုင်သူတွေကို စစ်တပ်ခေါ် ဖမ်းဆီးခိုင်းတာတွေ၊ စစ်တပ်ထံ မမှန်သတင်းပေးကာ ပြည်သူတွေကို ဖမ်းဆီးခိုင်းတာတွေ လုပ်ဆောင်နေတာကြောင့် အခုလို ပစ်ခတ်ရှင်းလင်းလိုက်ရတာ ဖြစ်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံစာ – ပစ်ခတ်ရှင်းလင်းခံရသည့် နတ်ထမင်းကျေးရွာ ရာအိမ်မှူး အငယ်လေး (ခေါ်) သက်နိုင်စိုး