မြိုင်နယ် ရေနံမှော်ထဲက PDF မင်္ဂလာဆောင်ကို စစ်အုပ်စု ပေါင် ၅၀၀ ဗုံးကြဲ ထိခိုက်သေဆုံးမှုများပြားပြီး ဒေသခံတွေ ရွှေ့ပြောင်းထွက်ပြေးနေရ

by

in

မြိုင်နယ် ရေနံမှော်ထဲက PDF မင်္ဂလာဆောင်ကို စစ်အုပ်စု ပေါင် ၅၀၀ ဗုံးကြဲ
ထိခိုက်သေဆုံးမှုများပြားပြီး ဒေသခံတွေ ရွှေ့ပြောင်းထွက်ပြေးနေရ
အီသာရမ် / MFP ၊ ဖေဖော်ဝါရီ – ၂၅

မြိုင်နယ် အနောက်တောင်ပိုင်း ရေနံမှော်တွေထဲက PDF မင်္ဂလာဆောင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံး‌မှုများပြားပြီး ပြည်သူတွေရွှေ့ပြောင်းထွက်ပြေးနေရတယ်လို့ ဒေသခံသတင်း ရင်းမြစ်က MFP ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက် ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ မြိုင်နယ်အနောက်တောင်ပိုင်း ကျောက်ခွက်ရေနံမြေအနီး ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းက PDF မင်္ဂလာဆောင်ကို စစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှု များပြားတယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မြိုင်-ပကဖ) တာဝန်ခံ ဗိုလ်လက်ယာ က ပြောပါတယ်။
“အသေအပျောက်က တော်တော်များတယ် လို့ ကြားတယ်။ အလောင်းမကောက်နိုင်တာတွေရော နောက်ထပ် လေ ယာဉ်ဝဲနေတာဆိုတော့ လောလောဆယ်သတင်းက အတိအကျ မရနိုင်သေးဘူး။ အလောင်းကောက်ရတာ တွေ ရော၊ မကောက်ရသေးတာတွေရော သူတို့ သိရတာကတော့ များတယ်လို့ ပြောတယ်” လို့ ဗိုလ်လက်ယာက ပြော ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက မြိုင်နယ်အနောက်ပိုင်း ရေနံမှော်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေက ရေနံတူးဖော်‌တာတွေ၊ ကေတီဗီနဲ့ အနှိပ်ခန်းဖွင့်လှစ်တာတွေ ရှိထားတယ် အကြောင်းအချက်တွေပါဝင်တဲ့ သတင်းဆောင်းပါး လူမှု ကွန်ယက်စာမျက်နှာပေါ် တွင်တွင်ကျယ်ကျယ် ပြန့်နှံ့ပြီးနောက် သုံးရက်အကြာမှာစစ်အုပ်စုကအခုလိုလေကြောင်း နဲ့ဗုံးကြဲတိုက်ခိုက်လာတာပဲ ဖြစ်တယ်လို့ဆိုပါတယ်။
“သူတို့ကတော့ ဒီသတင်းကို အမှန်တစ်ကယ်တော့ အောက်ကို မြေပြင်ကို ခေါင်းဆောင် ဒါမှ မဟုတ် တော်လှန်ရေး သမားတွေနဲ့တွေ့၊ သေချာလေ့လာမေးသင့်တာပေါ့။ အခုလို ဆိုတော့ကျ သူတို့ကြောင့် နည်းနည်းဟော့ပြီး ရမ်း တယ်၊ ဖြစ်တယ်လို့ ယူဆကြတာပေါ့ အကုန်လုံးက။ အခုတောင် သို့လော သို့လော ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက် က တည်းက ပြောနေတာ။ ဗုံးကြဲလို့ ရှိရင်တော့ သူတို့ရဲ့ ရေးတဲ့ကလောင်က ခံရတဲ့ ပြည်သူတွေနစ်နာတဲ့ လက်ပိုင် ရှင် ဖြစ်လိမ့်မယ်လို့ ပြောနေကြတာပဲ” လို့ ဗိုလ်လက်ယာက ပြောပါတယ်။
စစ်အုပ်စုက မနက်ပိုင်းမှာ ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဒုတိယအကြိမ် ထပ်မံ‌ဗုံးကြဲတိုက်ခိုက်နိုင်တာမို့ ဒေသခံ‌တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အခုချိန်ထိ ထိခိုက်သေဆုံးမှု အသေးစိတ်အခြေအနေကို အတိအကျ မသိ ရသေးဘူးလို့ ဆိုပါတယ်။
စစ်အုပ်စု ဗုံးကြဲချခဲ့တဲ့ PDF မင်္ဂလာဆောင် အပျက်အစီးတွေကို တွေ့ရစဉ်/ ဓာတ်ပုံ-ပေးပို့