ဧရာဝတီမှလူငယ်များ စစ်မှုထမ်းဥပဒေအကြောင်းပြ ပြန်ပေးဆွဲခံနေရဟု​ဒေသခံများ​ပြော

by

in

ဧရာဝတီမှလူငယ်များ စစ်မှုထမ်းဥပဒေအကြောင်းပြ ပြန်ပေးဆွဲခံနေရဟု​ဒေသခံများ​ပြော
မိထက်/People’s Spring
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စစ်သားစု​ဆောင်း​သောအခါ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ကျပ်သိန်း
ရာချီယူ၍ စာရင်းမှပယ်ဖျက်ပေးပြီး ‌ချို့တဲ့သူများ၏ သားသမီးများအား ညအချိန် တွင်ပင်အိမ်ထဲ စီးနင်းဝင်ရောက်၍ဖမ်းဆီးနေ​ကြောင်း​ဒေသခံပြည်သူများက​ပြောသည်။
စစ်မှုထမ်းဥပဒေနှင့် စစ်သားစု​ဆောင်းနေသည့်လုပ်ရပ်သည် ဧရာဝတီတိုင်းအတွင်းယခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ ပိုမိုဆိုးရွားလာခြင်းဖြစ်သည်။ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ပန်းတနော်၊ ကျုံပျော်၊ အိမ်မဲမြို့ကဲ့သို့ လူဦးရေများသော မြို့နယ်များတွင် မြို့ပေါ်ရပ်ကွက်များမှ ငွေကြေးချမ်းသာသူများ၏သားသမီးများအား ‌ စစ်မှုထမ်းအကျုံးဝင်သည်ဆိုကာ စာရင်းလာပေးကြောင်း၊ ထို့နောက် တစ်ဦးလျှင် သိန်း ၁၀၀
အနည်းဆုံး​တောင်းယူ၍ ဆေးစာလုပ်ပေးခြင်း၊ ဆိုင်းငံ့ကာလသတ်မှတ်ပေးခြင်းတို့ပြုလုပ်နေကြောင်း မြို့ခံများကပြောသည်။
“မြို့ပေါ်ကပိုက်ဆံရှိတဲ့သူတွေကို ပစ်မှတ်ထားပြီးတော့ ငွေတောင်းတယ်။ ပေါ်တာစွဲတဲ့အဆင့်မဟုတ်ဘူး။ ပြန်ပေးဆွဲတဲဲ့အဆင့်ဖြစ်နေပြီ”ဟု
ပုသိမ်မြို့တစ်ဦးကပြောသည်။
ငွေကြေးချမ်းသာသူများ၏ သားသမီးများအား စစ်မှုထမ်းစာရင်းပါသည်ဟု စာပို့ကာ ငွေသိန်းရာချီ​တောင်းယူ​နေခြင်းမှာပုသိမ်နှင့် ဟင်္သာတမြို့မြို့တွင် အများဆုံးဖြစ်ပွားနေသည်ဟုစုံစမ်းသိရသည်။
သို့​သော် ရပ်ကွက်များအတွင်း ငွေကြေးချို့တဲ့သောအိမ်များမှ လူငယ်များကို ညပိုင်းတွင်ဝင်ဖမ်း​လေ့ရှိသဖြင့် ညဘက်၌ အိမ်တွင်မအိပ်ရဲဘဲ လယ်ကွင်းများ၊ တာပေါ်များ၌ သွားရောက်တိမ်းရှောင်ရသည့်အထိ အခြေအနေဆိုးနေ
သည်ဟု မြို့ခံများကပြောသည်။
ဧရာဝတီတိုင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် ည
၈နာရီခန့်မှစ၍ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့
စစ်အဖွဲ့များက ကား၊ဆိုင်ကယ်များဖြင့် ကင်းလှည့်ပြီး လူငယ်များအား ဖမ်းဆီး​လေ့ရှိသည်။ ပုသိမ်မြို့ကမ်းနားလမ်းတွင် ဖေဖော်ဝါရီလဆန်းပိုင်းက
ညဦးပိုင်းအချိန် လူငယ် ၃၀ ဦးထက်မနည်း စစ်ကောင်စီကဖမ်းဆီးသွားပြီး ငွေညှစ်ခဲ့သည်။
ဟင်္သာတမြို့တွင်လည်း ညအချိန် အလုပ်ပြန်လာသော လူငယ်များအား ဖမ်းဆီးနေ၍ နေ့စားလုပ်သားများနှင့် လုပ်ငန်းရှင်များ အခက်အခဲတွေ့နေသည်။
“အရင်ကဆို ည ဆယ်နာရီ အိမ်ပြန်လို့ရတယ်။ အခုကအဖမ်းခံထိမှာစိုးလို့ စားသောက်ဆိုင်မှာပဲအိပ်ရတယ်။ မနက်မှအိမ်ပြန်ရတယ်” ဟု ဟင်္သာ
တမြို့၊ လယ်တီကွင်းရပ်ကွက်ရှိ KTV တစ်ခုမှ ဝန်ထမ်းတစ်ဦးကပြောသည်။
ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် ညဘက်လိုက်ဖမ်းနေပြီး အဆိုပါလုပ်ရပ်သည် စစ်ကောင်စီ၏ သီးသန့်အစီအစဉ်ဖြစ်ပြီး ၎င်းတို့အနေဖြင့် သိရှိ
မထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများကပြောသည်။
ကျုံပျော်မြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး၏ မိသားစုဝင်တစ်ဦးက ” သတိနဲ့နေ။ ဖြစ်ရင် ကိုယ်ဘာသာကိုယ်ရှင်း။ စစ်သင်တန်းမပါအောင် ကိုယ့်အစီအစဉ်နဲ့ကိုယ်ညှိနှိုင်း။ ဒါပဲပြောလို့ရတယ်” ဟု လက်ရှိအခြေအနေကိုပြောသည်။
ဧရာဝတီတိုင်းအတွင်း ရခိုင်ပြည်နယ်နှင့် ထိစပ်​နေသော ရွှေသောင်ယံ၊ သာပေါင်း၊ ရေကြည်မြို့နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှစ၍တိုက်ပွဲများမကြာခဏဖြစ်ပွားသည်။ စစ်ကောင်စီက စစ်မှု
ထမ်း ဥပဒေဖြင့်ခေါ်ဆောင်ထားသော စစ်သင်
တန်းဆင်းများကို ရှေ့တန်းသို့ပို့ဆောင်နေသည်။ရခိုင်ပြည်နယ်တိုက်ပွဲများအပါအဝင် ​ဒေသအနှံတိုက်ပွဲများ အဓ္ဓစစ်သားသစ်စု​ဆောင်းခံရပြီးသင်တန်းဆင်း​ရှေ့တန်းပို့စစ်တိုက်ရ​သောစစ်သားသစ်များ​သေဆုံးမှု၊ထွက်​ပြေးမှု လည်းများ​နေသည်။ ထို​ကြောင့် စစ်သင်တန်းဆင်းများအ‌နေဖြင့် တိုက်ပွဲများအတွင်း အလွယ်တကူလက်နက်မချရရန် စစ်ကောင်စီဒုတိယခေါင်းဆောင်ကိုယ်
တိုင် ပုသိမ်မြို့သို့သွားရောက်စည်းရုံးခဲ့​သေးသည်။
စစ်​ကောင်စီက စစ်မှုထမ်းဥပ​ဒေဖြင့် စု​ဆောင်းထား​သောစစ်သားများကို အ​ခြေခံစစ်သင်တန်း​ပေး​နေသည်မှာအမှတ်စဥ် ၁၀ သို့​ရောက်လာပြီဖြစ်သည်။
(စစ်မှုထမ်းဥပ​ဒေဖြင့်စု​ဆောင်းထားစစ်သားသစ်များကိုစစ်သင်တန်းအမှတ်စဥ် (၁၀)တက်ရန် စစ်​ကောင်စီက စစ်သားအသုံးအ​ဆောင်များ​ပေး​နေ
စဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)