ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်တွင် လူငယ် ၁ ဦးကို ရဲနှင့် ပျူစောထီးများက အိမ်စီးကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ပြည်သူများ ဝန်းရံ ကူညီလိုက်မှုကြောင့် လွတ်မြောက်

by

in

ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်တွင် လူငယ် ၁ ဦးကို ရဲနှင့် ပျူစောထီးများက အိမ်စီးကားဖြင့် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ပြည်သူများ ဝန်းရံ ကူညီလိုက်မှုကြောင့် လွတ်မြောက်
ရန်ကုန်၊ ဩဂုတ် ၂၃
ရန်ကုန်မြို့ အောက်ကြည့်မြင်တိုင်လမ်းမ ရွှေလိပ်ပြာအိမ်ရာအနီးတွင် အကြမ်းဖက် ရဲ နှင့် ပျူစောထီးများက အိမ်စီးကားဖြင့် လူငယ် ၁ ဦး ပေါ်တာဆွဲ ဖမ်းဆီးစဉ် ပြည်သူများ ဝိုင်းဝန်းကူညီမှုဖြင့် လွတ်မြောက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် ရဲ နှင့် ပျူစောထီးများက လမ်းသွားလမ်းလာ လူငယ် ၁ ဦးကို အိမ်စီးကား ၁ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးစဉ် အရပ်ဝတ်နှင့် လူ ၅ ဦးက တစ်ပြိုင်ထဲ ဆင်းလာပြီး လိုက်လံ ဖမ်းဆီးစဉ် ပတ်ဝန်းကျင်ကို အော်ဟစ် အကူအညီတောင်းသောကြောင့် ပြည်သူများ ဝိုင်းလာသောကြောင့် ရဲနှင့် ပျူစောထီးများ ကားပေါ်ပြန်တက်၍ မောင်းပြေးသွားကြောင်း သိရှိရသည်။
“ပေါ်တာဆွဲတာမျိုးပါဗျ။ အဲဒီ အိမ်စီးကားကတော့ မြို့နယ်ထဲ ပတ်နေတာပါ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။
လိုက်လံဖမ်းဆီးသည့် အိမ်စီးကားပေါ်မှ ရဲများသည် ကြည့်မြင်တိုင် ၂၃ စခန်းမှ ရဲများဖြစ်နိုင်ကြောင်း၊ အဆိုပါ ကားသည် ကြည့်မြင်တိုင်နှင့် အလုံတဝိုက်တွင် ညအချိန် အမြဲပတ်နေကာ လမ်းသွားလူငယ်များကို ကားပေါ်ဆွဲတင် ဖမ်းခေါ်သွားလေ့ရှိကြောင်း သိရသည်။