ဘောလခဲမြို့မှာ တိုက်ပွဲ​တွေအချိန်မ​ရွေးဖြစ်နိုင်လို့ ပြည်သူ​တွေ ၁၀ရက်အတွင်း​ရွေ့​ပြောင်းရန် ကရင်နီတပ်​ပေါင်းစု သတိ​ပေး

by

in

ဘောလခဲမြို့မှာ တိုက်ပွဲ​တွေအချိန်မ​ရွေးဖြစ်နိုင်လို့ ပြည်သူ​တွေ ၁၀ရက်အတွင်း​ရွေ့​ပြောင်းရန် ကရင်နီတပ်​ပေါင်းစု သတိ​ပေး
ရဲခေါင်/People’s Spring

ကရင်နီပြည်နယ်၊ဘောလခဲမြို့​ပေါ်မှာ အချိန်မ​ရွေးတိုက်ပွဲ​တွေဖြစ်လာတဲ့နိုင်ပြီး ဒေသခံပြည်သူ​တွေအ​နေနဲ့ ၁၀ ရက်အတွင်း​ရွေ့​ပြောင်းကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သတိ​ပေးလိုက်ပါတယ် ။
ကရင်နီတပ်မတော်(KA )၊ကရင်နီပြည်သူ့လွတ်
မြောက်ရေးတပ်မတော် ၊ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF) နဲ့ ဘောလခဲ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တို့ကအချက် ၄ ချက်ပါတဲ့ ပူးတွဲထုတ်ပြန်ချက်ကို​ဖေ​ဖော်ဝါရီလ၂ရက်​နေ့
မှာ ထုတ်ပြန်တာဖြစ်ပါတယ်။
“မြေပြင်စစ်ဆင်ရေးလိုအပ်ချက်အရ ထုတ်ပြန်တာ ဖြစ်ပါတယ်။အဲဒီတော့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပြည်သူတွေကို စစ်ကောင်စီရှိနေတဲ့ ​ဘောလခဲ မြို့ကို ဝင်ထွက်သွားလာတာမလုပ်ဖို့ မေတ္တာရပ်ခံတာမျိုးပါ။စစ်ဆင်ရေးတွေကပြင်း
ထန်လာနိုင်တာမျိုးရှိတယ်”လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက လူ
ထုနွေဦးကိုပြောပါတယ်။
စစ်ကောင်စီတပ်စခန်း​တွေနား မသွားကြရန် ၊စစ်ကောင်စီရဲ့ ယန္တရားထောက်တိုင်​တွေနဲ့ မပတ်သတ်မပူးပေါင်းကြရန် ၊ Non CDM ၀န်ထမ်း၊ စစ်မှု
ထမ်းဟောင်း​တွေ ရပ်ကွက်အြပ်ချုပ်​ရေးမှူးများအနေ​ နဲ့ စစ်ကောင် စီရဲ့ ယန္တရား လည်ပတ်မှုမှာ မပါဝင်ကြရန် ၊စစ်ကောင် စီတပ်စခန်းအနီးမသွားရန်ဖို့ ပူးတွဲထုတ်ပြန်ချက်မှာသတိ​ပေးထားပါတယ် ။
ဒါအပြင် ပူး​ပေါင်းတပ်ကပြည်သူ​တွေကို​မြို့က​နေရှောင်ရှားကြဖို့ ထုတ်ပြန်တဲ့ ဖေ​ဖော်ဝါရီ ၂ ရက်က​နေ ၁၀ ရက်အတွင်း ရှောင်ရှားကြရန် နဲ့ ​ရှောင်ရှားခြင်းမရှိပါက ဖြစ်ပေါ်လာမယ့် နောက် ဆက်တွဲ ကိစ္စများကို တော်လှန်ရေးတပ်ပေါင်းစုက ဖြေရှင်း​ပေးမှာမဟုတ်ဘူးလို့သတိ​ပေးထားပါတယ်။
ကရင်နီတော်လှန်ရေးတပ်ပေါင်းစုရဲ့တာဝန်ရှိသူတဦးကလည်း “ပြည်သူတွေ ထိခိုက်မှာ မလိုချင်လို့ပဲ။တိုက်ပွဲကတော့ ထုတ်ပြန်စာအတိုင်း အချိန်မရွေးဖြစ်လာနိုင်တယ်”လို့ လူထုနွေဦးကိုပြောပါတယ်။
လက်ရှိ ဘောလခဲမြို့နယ်မှာစစ်ကောင်စီတပ်က စစ်အင်အား ရိက္ခာနဲ့ ဆေးဝါးများဆက်တိုက်ဖြည့်တင်းနေတယ်လို့ဆိုပါတယ် ။ဒါ​ကြောင့်နှစ်ဖက်
ထိတွေ့တိုက်ပွဲ​တွေအချိန်မရွေးဖြစ်ပွားနိုင်တယ်လို့ ကရင်နီပူး​ပေါင်းတပ်ကအသိပေးထားပါတယ်။
“ဘောလခဲ က တပ်မြို့လို့ပြောရတယ်။စစ်အခြေ
ချ ဗျူဟာပါရှိတာဆိုတော့ စကစ အသိုင်းအဝိုင်းများ တယ်။သိရသလောက် ဘောလခဲ ကို စကစ ဘက်က စစ်ပြင်တာ ပြီးခဲ့တဲ့ လကတည်းက “လို့ ကရင်နီ​ဒေသခံ စစ်​ရေးသတင်းရင်းမြစ်တဦးကဆိုပါတယ် ။
ဘောလခဲမြို့မှာ စစ်ကောင်စီတပ်ရဲ့ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိပါတယ်။ဒါအပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားပါတယ် ။
​ဘောလခဲမြို့နယ်မှာ ၂၀၂၀ ခုနှစ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ လူဦး​ရေ ၈,၀၈၉ ဦး​နေထိုင်ပါတယ် ။
ဘောလခဲမြို့နယ်မှာ အရေးပါတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်စလောင်းတောင် စခန်း၊ရေကျော်စခန်း နဲ့ ထူးချောင်းစခန်းကုန်း သုံးခုကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ နှစ်လယ်ပိုင်းကစပြီး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ တို့ပါဝင်သည်။ကျန်ရှိနေ​သေးတဲ့ (၁၂)မိုင် စခန်းကုန်းနဲ့ ဝမ်မလန်း စခန်းကုန်း​တွေ မကျဖို့စစ်တပ်က လေကြောင်း ပစ်ကူရယူ၍ ခုခံနေဆဲဖြစ်ပါတယ်။
ဒါအပြင် ဇန်နဝါရီ ၁၂ ရက်​နေ့ကဘောလခဲမြို့
နယ်၊ မိုင်းထမ်းကျေးရွာ နဲ့ ဝမ်မလန်းကျေးရွာကြားကိုစစ် ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကရင်နီ တော်လှန်ရေးတပ်​တွေက မိုင်းဆွဲတိုက်
ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်သေဆုံးပြီး​တော့ လက်နက်၄ လက်သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF က ထုတ်ပြန်ခဲ့ပါတယ်
(ကရင်နီ တပ်​ပေါင်းစု/ ဇန်နဝါရီလအတွင်း တိုက်
ပွဲအ​ခြေအ​နေပြ​မြေပုံ နဲ့ ကရင်နီတပ်​ပေါင်းစုထုတ်ပြန်ချက်။ဓါတ်ပုံ-KNDF၊CJ)