Category: News
-
ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက် ■ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့် ဖမ်းမိ
ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစု သိမ်းပိုက် ■ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့် ဖမ်းမိ ရဲခေါင်/People’s Spring ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ရရှိပြီး ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား ၁၀ဦးခန့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။ ယနေ့(ဇန်နဝါရီ ၉ ရက်) နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းတပ် မှ အင်အား ၅၀ခန့်ရှိသည့် ရွှေတစ်ဂူတပ်စခန်းကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နိုင်ခဲ့ခြင်းဟု ဆိုသည်။ “၁၀ ယောက်လောက်မိတယ်။ကလေး စစ်သားတွေရော PNO တွေရောပါတယ်။လက်နက်က ၃၀ကျော်ရရှိတယ်”ဟု ကရင်နီတပ်ပေါင်းစု မှ ရဲဘော်တစ်ဦးက ပြောသည်။ ဆီဆိုင်မြို့ဒေသခံတစ်ဦးကလည်း “စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တို့ထိုင်ထားတဲ့ စခန်း။ သေနတ်…
-
စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ
စလင်းမြို့ အနီး တော်လှန်ရေး တပ်များ ရောက်လာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို စစ်တပ်က ယာယီပိတ်လိုက်ပြီး အရေးကြီး စာရွက်စာတမ်းများကို မကွေးသို့ သယ်ယူ၊ Non-CDM ဝန်ထမ်းများ ထွက်ပြေးရန် ပြင်ဆင်နေ ရန်ကုန်၊ ဇန်နဝါရီ ၉ မကွေးတိုင်း၊ စလင်းမြို့ အနီး တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် မြို့ပေါ် ဌာနဆိုင်ရာရုံး အားလုံးကို အကြမ်းဖက် စစ်တပ်က ယာယီ ပိတ်ထားလိုက်ပြီး အရေးကြီး စာရွက်စာတန်းများကို မကွေးမြို့သို့ ပြောင်းရွှေ့သယ်ယူနေကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၅ ရက်နေ့ စလင်း-ဆင်ဖြူကျွန်း ကားလမ်းပိုင်း၌ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ခရီးသွား ပြည်သူများကို သွားလာရေး အဆင်ပြေစေရန်…
-
ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ
ပြင်ဦးလွင်နှင့် အုတ်ဖိုတွင် စစ်မှုထမ်းအပတ်စဉ် ၉ အတွက် လူငယ်များကို ပေါ်တာဆွဲ ဆက်တိုက်ဖမ်းဆီးနေ၊ လှည်းကူးတွင် စစ်မှုထမ်းစာရင်းတွင် ပါဝင်သည်ဟုဆိုကာ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ တောင်းခံ ရန်ကုန်၊ ဇန်နဝါရီ ၉ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက လူငယ်များကို ဆက်တိုက် ပေါ်တာဆွဲ ဖမ်းဆီးနေ၍ ရပ်ကွက် အတွင်းမှ လူငယ် အားလုံး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလမှ စတင်ပြီး ပြင်ဦးလွင်မြို့တွင် အကြမ်းဖက် စစ်တပ်ခန့် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်အေးနှင့် သားဖြစ်သူ ပျူစောထီး ဇော်လတ်က ဦးဆောင်ပြီး ရပ်ကွက်အတွင်းမှ…
-
ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရ
ရန်ကုန်-မန္တလေး အမြန်လမ်းအနီးတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရ ရန်ကုန်၊ ဇန်နဝါရီ ၉ ရန်ကုန်-မန္တလေး အမြန်လမ်းအနီး နတ်မောက်-ပျော်ဘွယ်လမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်း အဖမ်းခံရကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၆၂ အနီး၊ နတ်မောက်-ပျော်ဘွယ် လမ်းပေါ် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး သန်းထွန်းကို စစ်ဆေးဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ အဆိုပါ လက်ထောက်ညွှန်ကြားရေးမှူးမှာ မွေးရပ်ဇာတိ ရွှေတောင်မှ တာဝန်ကျရာ တောင်ကြီးသို့ အသွားတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရှီရသည်။ “သူ့မွေးရပ် ရွှေတောင်ကနေ တာဝန်ကျတဲ့ တောင်ကြီးကို အပြန်လမ်းမှာ အစစ်ဆေးခံရရင်း အဖမ်းခံရတာ ဖြစ်ပါတယ်။…
-
စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူ
စစ်တပ်ပိုင် Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူ ရန်ကုန်၊ ဇန်နဝါရီ ၉ အကြမ်းဖက် စစ်တပ်ပိုင် ဆက်သွယ်ရေး Mytel ကုမ္ပဏီကို အမေရိကန်၏ အမျိုးသားလုံခြုံရေးနှင့် အကျိုးစီးပွားကို ဆန့်ကျင်သော ကုမ္ပဏီ အဖြစ် စာရင်းသွင်းအရေးယူကြောင်း ဇန်နဝါရီလ ၆ ရက်နေ့တွင် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာန၊ စက်မှုလုပ်ငန်းရှင်လုံခြုံရေးဌာနက ကြေညာသည်။ အမေရိကန်စက်မှုလုပ်ငန်းနှင့်လုံခြုံရေးဌာန (BIS) က ကုန်သွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု စည်းမျဉ်းများ (EAR) တွင် ပြင်ဆင်မှုများပြုလုပ်ပြီးနောက် မြန်မာနိုင်ငံမှ စစ်တပ်ပိုင် Mytel ကုမ္ပဏီ ၊ တရုတ်ကုမ္ပဏီ ၁၁ ခု နှင့်ပါကစ္စတန်ကုမ္ပဏီ ၁ ခု စုစုပေါင်း ၁၃ ခုကို အမေရိကန်၏…
-
ဗန်းမော်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်တပ်ကင်းစင်သွားသော မံစီမြို့နယ်တွင် KIA ကချင်အမျိုးသား အလံများ လွှင့်ထူ
ဗန်းမော်မြို့ကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ရေး KIA က ဆက်လက်ထိုးစစ်ဆင်နေပြီး စစ်တပ်ကင်းစင်သွားသော မံစီမြို့နယ်တွင် KIA ကချင်အမျိုးသား အလံများ လွှင့်ထူ ရန်ကုန်၊ ဇန်နဝါရီ ၉ ကချင်ပြည်နယ်၊ မံစီမြို့နယ် တစ်ခုလုံးကို KIA တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ကချင် အလံတော်များ လွှင့်ထူခဲ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် တပ်ရင်းများဖြစ်သော ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် မံစီမြို့နယ် တစ်ခုလုံးကို…
-
Breaking News ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး
Breaking News ရမ်းဗြဲမြို့နယ် ကျောက်နီမော် လေကြောင်းတိုက်ခိုက်ခံရမှု လူ ၄၀ ကျော်သေဆုံးပြီး နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီး အဉ္စနလီညှင်း လေးဝတီ(FM)၊ ၉ ၊ ဇန်နဝါရီ ၊၂၀၂၅ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်ကျောက်နီမော်စံပြကျေးရွာကြီး ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်မူကြောင့် အရပ်သား (၄၀) ကျော်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရကာ နေအိမ် ၅၀၀ ကျော်မီးလောင်ပျက်စီးသွားတယ်လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီဟာ ဂျက်ဖိုက်တာနဲ့ ဇန်နဝါရီ ၈ ရက် နေ့လည် ၁ နာရီကျော် မှာလာရောက်ဗုံးကြဲခဲ့တာဖြစ်ပါတယ်။ ကျောက်နီမော် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်၊ အလယ်ပိုင်းရပ်ကွက် နဲ့ ကျောက်နီမော်ဈေး အနီးဝန်းကျင်တွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး တစ်ရွာလုံးနီးပါး မီးလောင်ပျက်စီးခဲ့တယ် လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ “မနေ့က လာပစ်တယ်။…
-
ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည်
ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များ စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရရှိတော့သည့်အပြင် စစ်တပ်က ပေးထားသည့် အရာရှိအိမ်ရာများမှလည်း ဖယ်ရှားပေးရတော့မည် ရန်ကုန်၊ ဇန်နဝါရီ ၉ ရခိုင်တွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသည့် ဗိုလ်မှူးချုပ် ၃ ဦး၏ မိသားစုဝင်များအနေဖြ့် စစ်တပ်ထံမှ လစာထုတ်ယူခွင့်မရတော့ကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ AA က ဒီဇင်ဘာလ ၂၀ ရက်နေ့ အမ်းမြို့နယ်ရှိ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းကိုလည်းကောင်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းကိုလည်းကောင်း၊ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် စကခ ၁၅ မှ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းကို မောင်တောတွင်လည်းကောင်း အရှင် လက်ရဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအခါ အဆိုပါ ဗိုလ်မှူးချုပ်…
-
အမ်း၊ ဂွနဲ့ တောင်ကုတ် ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီစခန်းများအားလုံးနီးပါးကို AA ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်
အမ်း၊ ဂွနဲ့ တောင်ကုတ် ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီစခန်းများအားလုံးနီးပါးကို AA ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက် ဇန်နဝါရီ ၈/၂၀၂၅ ရခိုင်ပြည်နဲ့ ဗမာပြည်ကို ဆက်သွယ်ထားတဲ့ အမ်း၊ တောင်ကုတ်နှင့် ဂွ ရိုးလမ်း (၃) ခုပေါ်ရှိ စစ်ကောင်စီ စခန်းတွေအားလုံးနီးပါးကို အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပြောဆိုပါတယ်။ အမ်-ပဒါန်းလမ်းပေါ်ရှိ ရိုးမလမ်းပေါ်ရှိ တောင်စောက်စခန်းတွေအပါအဝင် နတ်ရေကန် အရောက်ထိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်လိုက်သလို တောင်ကုတ်နဲ့ ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။ အလားတူ ဂွ- ငသိုင်းချောင်း ရိုးလမ်းပေါ်ရှိ ၂၄ မိုင် အနီးအထိုင်ချထားတဲ့ အမြောက်စခန်း၊ ၂၅…
-
ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး (ရုပ်/သံ)
ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဇန်နဝါရီ ၈ မကွေးတိုင်း၊ ပခုက္ကူ-မြစ်ခြေ လမ်းပိုင်းနှင့် မြိုင်-ပခုက္ကူ လမ်းပိုင်း တို့တွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးနှင့် စစ်တပ် ရိက္ခာပို့ ယာဉ်တန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့က ပြောဆိုသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပခုက္ကူ-မြစ်ခြေ လမ်းခွဲမှ ကောင်းစက်ဝိုင်ဆီဆိုင်အနီးကို အောင်သာပျူစောထီးရွာမှ ပျူစောထီး…