Category: News
-
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားသည်ဆိုသော သတင်းများကို တရုတ်က ငြင်း ပယ်လိုက်ပြီး ဆေးကုသမှုခံယူနေဟုဆို 🟥 တရုတ်ပြန် မင်းအောင်လှိုင်၏ လားရှိုးနှင့်ရမခ ကို ပြန်သိမ်းယူရေး “ရန်နိုင်မင်း” စစ်ဆင်ရေးရည်မှန်းချက် ပိုမိုခိုင်မာလာနေ
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားသည်ဆိုသော သတင်းများကို တရုတ်က ငြင်း ပယ်လိုက်ပြီး ဆေးကုသမှုခံယူနေဟုဆို 🟥 တရုတ်ပြန် မင်းအောင်လှိုင်၏ လားရှိုးနှင့်ရမခ ကို ပြန်သိမ်းယူရေး “ရန်နိုင်မင်း” စစ်ဆင်ရေးရည်မှန်းချက် ပိုမိုခိုင်မာလာနေ ရန်ကုန်၊ နိုဝင်ဘာ ၂၀ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းများနှင့်ပတ်သက်ပြီး တရုတ်အစိုးရက တရားဝင် ငြင်းပယ်လိုက်ပြီး ဖုန်တာရွှင်သည် တရုတ်နိုင်ငံတွင် ဆေးကုသမှု ခံယူနေကာ ပြန်လည်သက်သာ ကျန်းမာစေရန် လုပ် ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Lin Jian က အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။…
-
တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော
တရုတ်နိုင်ငံက မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ဟု အကြမ်းဖက် မင်းအောင်လှိုင် ပြော ရန်ကုန်၊ နိုဝင်ဘာ ၂၀ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်နိုင်ငံအနေဖြင့် မိမိတို့ဘက်မှ ပြတ်ပြတ်သားသား ရပ်တည်နေကြောင်း ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော် ပြုလုပ်သော အကြမ်းဖက်စစ်ကောင်စီ အစည်းအဝေးတွင် အကြမ်းဖက် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ နိုဝင်ဘာလဆန်းပိုင်း မဲခေါင်နိုင်ငံများ အစည်းအဝေး တက်ရောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ရာတွင် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang နှင့်တွေ့ဆုံခဲ့ကြောင်း၊ တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို အမြဲထောက်ခံ အားပေးသည်ဟု ပြောဆိုကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ငန်းစဉ် ၅ ရပ်ကိုလည်း တရုတ်က ထောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံရေး တည်ငြိမ်မှု…
-
ဖားဆောင်းတွင် စစ်ကောင်စီတပ်ရင်း ၂ ခုသာကျန်ရှိပြီး တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက မြို့သိမ်းနိုင်ရေး ကြိုးပမ်းနေ
ဖားဆောင်းတွင် စစ်ကောင်စီတပ်ရင်း ၂ ခုသာကျန်ရှိပြီး တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက မြို့သိမ်းနိုင်ရေး ကြိုးပမ်းနေ ဧရာဝတီတိုင်းမ် (ဖားဆောင်း)၊ နိုဝင်ဘာ ၁၉ ရက် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီ တပ်ရင်းနှစ်ခုသာကျန်ရှိ နေပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် ဖားဆောင်းမြို့သိမ်းနိုင်ရေးအတွက် စစ်ကောင်စီတပ်ဖွဲ့များကို ဝိုင်းရံ ပိတ်ဆို့ထားကြောင်းလည်း သိရသည်။ လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့များသည် ဖားဆောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စခန်းများ၊ ကာကင်းကုန်းများကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ရင်းအနေဖြင့် ခလရ-၁၃၄ တပ်ရင်းနှင့် ခလရ-၁၃၅ တပ်ရင်း နှစ်ခုသာ ကျန်ရှိတော့ကြောင်း သိရသည်။ “ကျွန်တော်တို့ကြိုးစားနေပါတယ်။ ဖားဆောင်းရရှိရေးအတွက် မြို့သိမ်းတိုက်ပွဲဖြစ်တဲ့အတွက် ကျွန်တော်တို့တတ်နိုင်သမျှကြိုးစားနေတယ်။ စစ်ကောင်စီဘက်က အနေအထားကတော့ လေယာဉ် စစ်ကူတွေကိုတောင်းနေတယ်။ ကျွန်တော်တို့ ဒရုန်းတွေနဲ့ရော မြေပြင်ကရော စစ်ရေးလှုပ်ရှားမှုတွေ ကောင်းမွန်စွာဖော်ဆောင်နေတာတော့ရှိတယ်” ဟု ဖားဆောင်းPDF…
-
“မင်းအောင်လှိုင်တို့က မြန်မာပြည်ကို တရုတ်လက်ထဲ ထိုးအပ်သွားတာ။ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်က တိုင်းပြည်ကို ရောင်းစားတာ။ ပြည်သူတွေရဲ့ ဘ၀တွေကို သူတစ်ပါးရဲ့ လက်ထဲကို ထည့်လိုက်တာ။ သမိုင်းမှာ အရိပ်မည်းတစ်ခုဖြစ်သွားစေတဲ့ အဖြစ်အပျက်။”
“မင်းအောင်လှိုင်တို့က မြန်မာပြည်ကို တရုတ်လက်ထဲ ထိုးအပ်သွားတာ။ စစ်ရှုံးနေတဲ့ မင်းအောင်လှိုင်က တိုင်းပြည်ကို ရောင်းစားတာ။ ပြည်သူတွေရဲ့ ဘ၀တွေကို သူတစ်ပါးရဲ့ လက်ထဲကို ထည့်လိုက်တာ။ သမိုင်းမှာ အရိပ်မည်းတစ်ခုဖြစ်သွားစေတဲ့ အဖြစ်အပျက်။” အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်တွေ့ဆုံခြင်း ယခုအပတ် ပြည်သူမှ ပြည်သူသို့ အစီအစဉ်တွင် တင်ဆက်သူ ကိုဟန်ဇော်လတ်က အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးနှင့် လက်ရှိ တော်လှန်ရေး အခြေအနေများ၊ နိုင်ငံရေးအခြေအနေများနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါသည်။
-
MNDAA ခေါင်းဆောင်ဖုန်တာရွှင် ယူနန်ပြည်နယ်တွင်ဆေးကုသမှုခံယူနေဟု တရုတ်ဆို
MNDAA ခေါင်းဆောင်ဖုန်တာရွှင် ယူနန်ပြည်နယ်တွင်ဆေးကုသမှုခံယူနေဟု တရုတ်ဆို အီယိုရီ၊ယောနသံ /People’s Spring ကိုးကန့်တပ်မတော်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဆေး ကုသမှုခံယူနေကြောင်း တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယနေ့(နိုဝင်ဘာ ၁၉ရက်)ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ Lin Jian က MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း ပြောကြားသည်။ “မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ်နိုင်ငံလာရောက်ဖို့ အစောပိုင်းက လျှောက်ထားခဲ့ပါတယ်။ (သူဟာ)လက်ရှိ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် MNDAA ခေါင်းဆောင် မည်သည့်အချိန်က တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်အစိုးရ သို့မဟုတ် ယူနန်ပြည်နယ်အစိုးရက ဖုန်တာရွှင်ကို မည်သို့ထားရှိသည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယမန်နေ့(နိုဝင်ဘာ…
-
မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ်
မန္တလေးမြို့လယ်ရှိ အိမ်ထောင်စု ၂ဝခန့်ကို ကျူးကျော်ဟုဆိုကာ စစ်တပ်က အင်အားအများအပြားသုံး၍ နှင်ထုတ် အင်ကြင်း/People’s Spring မန္တလေးမြို့လယ်နေ အိမ်ထောင်စု ၂ဝ ခန့်ကို ကျူးကျော်ဟုဆိုကာ စစ်ကောင်စီက အင်အားအများအပြားသုံး၍ နှင်ထုတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။ ယနေ့(နိုဝင်ဘာ ၁၉ ရက်) နံနက် ၁၀ နာရီခွဲခန့်က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၈၅ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်းကြားရှိ ဝင်းတစ်ခုအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် အချုပ်ကားပါယူဆောင်လာကာ လမ်းပိတ်ထားခဲ့ကြောင်း မြို့ခံအချို့က ပြောသည်။ ထို့နောက် အဆိုပါလမ်းကြားရှိ ဝင်းတစ်ခုအတွင်းမှ အိမ်ထောင်စုပေါင်း ၂၀ ခန့်အား ကျူးကျော်နေထိုင်သည်ဟု စွပ်စွဲပြီး အင်အားအများအပြားဖြင့် လာရောက်ကာ နှင်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ “အရင်တုန်းကတော့…
-
KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး
KNU တပ်မဟာ ၆ နယ်မြေကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အရာရှိသေကာ ပြန်ဆုတ်ပြေး နိုဝင်ဘာ ၁၉၊ ၂၀၂၄ ကရင်ပြည်နယ် တပ်မဟာ ၆နယ်မြေမှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ အနန်းကွင်းဗျူဟာကုန်းစခန်းကို စစ်ကူတက်လာတဲ့ စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး G1 အဆင့် အရာရှိအပါအဝင် စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ပြီး ပြန်လည်ဆုတ်ခွာပြေးသွားကြောင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ အနန်းကွင်းဗျူဟာကုန်း အနီးနားမှာ အကြမ်းဖက်စစ်တပ်နဲ့ KNLA ဦးဆောင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကူတက်လာတဲ့ အကြမ်းဖက်စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။ “အင်အား ၁၀၀ ကျော်တယ် တက်လာတာ။ အနန်းကွင်းဗျူဟာကုန်းက တိုက်ပွဲဖြစ်တဲ့နေရာကို စစ်ကူတက်လာတာ။ အရာရှိကြီးကို စနိုက်ပါနဲ့ပစ်လို့ ခေါင်းထိမှန်သေဆုံးသွားတယ်။ အခြားအဆင့်…
-
AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း
AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း ရန်ကုန်၊ နိုဝင်ဘာ ၁၉ ရခိုင်ပြည်တွင် တရုတ်နိုင်ငံက ရင်းနှီးမြုပ်နှံထားသော ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရေးအတွက် တရုတ်နှင့် စစ်ကောင်စီတို့ ပူးတွဲဆောင်ရွက်သည့် လုံခြုံရေးအဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်းက ဦးဆောင်ပြီး တရုတ်လုံခြုံရေးများ၊ နည်းပညာရှင်များပါဝင်ဖွဲ့စည်းထားကြောင်း သိရှိရသည်။ AA ၏ ထိုးစစ်ကြောင့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းကို ကာကွယ်ရန် တရုတ်- စစ်ကောင်စီ ပူးတွဲ လုံခြုံရေး အဖွဲ့ကို ဗိုလ်ချုပ်ကျော်ရွှေထွန်း ဦးဆောင်ပြီး တရုတ်များပါ ပါဝင်ဖွဲ့စည်း ယခုနိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ…
-
မဟာအောင်မြေမြို့နယ်ရှိ Power Kyaw Lin ဖုန်းအရောင်းဆိုင်တွင်အမျိုး သမီးတစ်ဦးကဓားဖြင့်လုယက်မှုဖြစ်ပွား
မဟာအောင်မြေမြို့နယ်ရှိ Power Kyaw Lin ဖုန်းအရောင်းဆိုင်တွင်အမျိုး သမီးတစ်ဦးကဓားဖြင့်လုယက်မှုဖြစ်ပွား ———————————————— နိုဝင်ဘာ ၁၈ မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊၆၉လမ်း၊၃၈×၃၉ လမ်း ကြားရှိ POWER KAW LIN ဖုန်းအရောင်းဆိုင် ၌ ယမန်နေ့နံနက်ပိုင်းကအမျိုးသမီးတစ်ဦးကဆိုင်ဝန်ထမ်းအားဓားထောက်လုယက်မှုဖြစ် ပွားကြောင်းသိရသည်။ ဖြစ်စဥ်မှာယမန်နေ့နံနက် ၉ နာရီ ၁၅ မိနစ်အချိန်ခန့်ကမိုးပွင့်ဖြူ၊၂၃နှစ်၊(ဘ) ဦးစိုးမိုး၊မင်းလှဇာတိ၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီးနေသူသည်အဆိုပါဖုန်းအရောင်းဆိုင်အတွင်းသိုရောက်ရှိလာသည်။၎င်းက Kpay သိန်း ၅၀ထုတ်ချင်ကြောင်းပြောရာဆိုင်ဝန်ထမ်းများမှဘဏ်သွားထုတ်ရန်ပြောဆိုခဲ့ကြောင်း၊၎င်းနောက်မမိုးပွင့်ဖြူမှ၎င်းဖုန်းအားစစ် ဆေးပေးရန်ပြသရာဆိုင်ဝန်ထမ်းမှဖုန်းအားကြည့်ပေးနေစဉ်မမိုးပွင့်ဖြူကဓားဖြင့်လှန်းထိုးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဆိုင်ဝန်ထမ်းများကထွက်ပြေးပြီးဆိုင်တံခါးအားပိတ်ထားခဲ့ကာသက်ဆိုင်ရာသို့သတင်း ပို့ခဲ့ခြင်းဖြစ်ကြောင်းနှင့်သက်ဆိုင်ရာတာဝန်ရှိသူများကတရားခံမမိုးပွင့်ဖြူအားဖမ်းဆီးခေါ်ဆောင်သွားပြီးအမှုဖွင့်အရေးယူနိူင်ရေးဆောင် ရွက်လျက်ရှိကြောင်းသိရသည်။ #PAN
-
“ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”
“ဘဘကြီး ဦးသန်းရွှေရဲ့ အချစ်တော်မြေးလေး ဖိုးလပြည့် အလှည့်ရောက်ပြီဟေ့😱”