Category: News
-
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး PNO ပြည်သူ့စစ် ဗိုလ် မှူးအပါအဝင် စစ်သားအများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိပြီး PNO ပြည်သူ့စစ် ဗိုလ် မှူးအပါအဝင် စစ်သားအများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၃၀ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောာင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်တပ်စခန်းကို သိမ်းပိုက် ရရှိခဲ့ရာ PNO ပြည်သူ့စစ်ဗိုလ်မှူးအပါအဝင် စစ်သား အများအပြား သေဆုံးကာ စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ခုံ PDF ၁၀၀၂ တပ်ရင်းက သတင်းထုတ်ပြန် သည်။ မေလ ၁၇ ရက်နေ့မှစတင်၍ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာရှိ စစ်သား၊ PNO ပြည်သူ့ စစ်များ ပူးပေါင်းကာ တပ်စွဲထားသည့် စစ်ကေင်စီစခန်းကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စခန်းမကျဆုံးစေရေးအတွက် စစ်ကောင်စီတပ်က လေကြောင်း၊ လက်…
-
တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့…
တော်လှန်ရေးကာလ ၄ နှစ်တာအတွင်း ပကဖ ရဲဘော် ၁ ထောင်ကျော် ကျဆုံးခဲ့… မေ ၂၉၊ ၂၀၂၅ အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ကျော်ကာလမှာ တိုက်ပွဲတွေအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော် ၁၀၀၀ ကျော် ကျဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်က ဒီနေ့မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။ PDF စစ်ရုံးအစီရင်ခံစာအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း ပကဖ ရဲဘော် ၂၀၀ ကျော် ကျဆုံးခဲ့ပြီး ၄ နှစ်တာကာလအတွင်းမှာ ၁၀၀၀ ကျော်ပြီလို့ ဒေါက်တာတူးခေါင်က ဆိုပါတယ်။ “အွန်လိုင်းပေါ်မှာတော့ ပကဖ တွေ ဆိုးတဲ့အကြောင်း၊ ပ သုံးလုံးတွေရဲ့ မကောင်းသတင်းပဲ များသောအားဖြင့် တွေ့ရပါလိမ့်မယ်။ မြေပြင်မှာ အသက်ပေးလှူနေကြတဲ့…
-
ကရင်တပ်စခန်းများ ဆုံးရှုံးနေချိန် အပစ်ရပ်ထားမှုကို လိုက်နာပေးရန် စစ်ခေါင်းဆောင်ပြော
ကရင်တပ်စခန်းများ ဆုံးရှုံးနေချိန် အပစ်ရပ်ထားမှုကို လိုက်နာပေးရန် စစ်ခေါင်းဆောင်ပြော ဧရာဝတီ၊ မေ ၃၀၊ ၂၀၂၅ ကရင်ပြည်နယ်ရှိ နယ်စပ်စခန်းများ အပါအဝင် တပ်စခန်းများစွာကို လက်လွှတ်ဆုံးရှုံးနေရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးစီးပွားကို ရှေးရှုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် သက်ဆိုင်သူများအနေဖြင့် ယာယီအပစ်ခတ်ရပ်စဲခြင်း ကြေညာထားမှုအား အလေးထား လိုက်နာဆောင်ရွက်ပေးရန် တိုက်တွန်းပြောဆိုကြောင်း စစ်ကောင်စီသတင်းများ၌ ဖော်ပြသည်။ မေ ၂၉ ရက် နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ငလျင်ဒဏ်ကြောင့် တနိုင်ငံလုံးရှိ ပြည်သူများ စိတ်ထိခိုက်ခံစားနေရသည့်အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသောကာလ ဖြစ်သောကြောင့် တည်ငြိမ်အေးချမ်းမှု လိုအပ်သည်ဟုလည်း စစ်ခေါင်းဆောင်က ပြောသည်။…
-
နေ့စဉ်မိုးလေဝသသတင်း ———————– (၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်)
နေ့စဉ်မိုးလေဝသသတင်း ———————– (၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်နေ့ နံနက် ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်) ======================================= ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ဂလမြို့(Mongla)၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် (Deep Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဒါကာမြို့(Dhaka)၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်း ဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန် ကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး…
-
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်
ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဗျူဟာမြောက် ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက နာရီပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက် ရန်ကုန်၊ မေ ၃၀ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်ရှိ အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိသော ဘုရင့်နောင်စစ်တပ်စခန်းကုန်းကို KNLA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KNLA သတင်းရင်းမြစ်များကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ ယနေ့မေလ ၃၀ ရက်နေ့ နံနက် ၄ နာရီအချိန် KNLA ၊ KNDO ပူးပေါင်းတပ်များက ဝေါ်လေဗျူဟာစစ်စခန်းအနီးရှိ အမြင့်မားဆုံးတောင်ကုန်းတွင် တည်ရှိနေသော ဘုရင့်နောင်ကုန်းစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါစခန်းကုန်းကို ပထမဆုံးအကြိမ်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “မေလ ၂၈ ရက်နေ့ ကနဲလေးစခန်းကို သိမ်းပြီးတော့ အပြန်မှာ မနေ့က အဲဒီဘုရင့်နောင်စခန်းကုန်းကို တက်၀ိုင်းတာ။ ပြီးတော့…
-
အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး မရှိပါက ပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ဟု NUG အစိုးရ ပြောဆို
အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး မရှိပါက ပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ဟု NUG အစိုးရ ပြောဆို ရန်ကုန်၊ မေ ၂၉ အာဆီယံ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာမှ ပါဝင်သော စနစ်ကျသည့် ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့် ထိန်းသိမ်းရေး ယန္တရားမျိုး မရှိပါက အရပ်သားပြည်သူများကို ထိရောက်စွာ ကာကွယ်နိုင်မည် မဟုတ်ကြောင်း NUG အစိုးရက တိုက်တွန်းပြောဆိုထားသည်။ မြန်မာနိုင်ငံရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ ကူညီဖြေရှင်းရန် အာဆီယံခေါင်း ဆောင်များ၏ သီးသန့်သဘောထားကြေညာချက်ထုတ်ပြန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘော ထား ရပ်တည်ချက်ထုတ်ပြန်ရာတွင် ထည့်သွင်းပြောဆိုထားခြင်းဖြစ်သည်။ အရပ်သားပြည်သူများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများအပေါ် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရန်၊ မဆင်မခြင်လုပ်ဆောင်လျက်ရှိသော တိုးမြင့်လာသည့်…
-
ဖားကန့်မြို့နယ်၊ လုံးခင်းရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်သွား
ဖားကန့်မြို့နယ်၊ လုံးခင်းရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်သတ်သွား ရန်ကုန်၊ မေ ၃၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ စစ်တပ်စစ်ကြောင်း ဖြတ်သန်းစဉ် ပြည်သူ ၅ ဦးထက်မနည်းကို ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအနီးသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့နှင့် မေလ ၂၉ ရက်နေ့ လုံးခင်းရွာသို့ ဖြတ်သန်းစဉ် ပြည်သူများကို ပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်သတ်ဖြတ်ခံရသူ ပြည်သူ ၅ ဦးထက်မနည်းရှိပြီး ယမန်နေ့ မွန်းလွဲပိုင်း စစ်တပ်စစ် ကြောင်း ထွက်ခွာသွားစဉ် အလောင်းများကို ကောက်ယူ သဂြိုလ်ရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။…
-
မှော်ဘီတွင် လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူနှင့် ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
မှော်ဘီတွင် လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူနှင့် ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက် ရန်ကုန်၊ မေ ၃၀ ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်တွင် လေတပ် မိသားစုဝင် တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူ၏ ဆွေမျိုးများ ဖွင့်လှစ်ထားသော ဆိုင်ခန်းများကို လက်ပစ်ဗုံး ၃ လုံး ပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Yangon Army (YA) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မေလ ၂၉ ရက်နေ့ ည ၇ နာရီ ၅၅ မိနစ်ခန့်အချိန် မှော်ဘီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ လေတပ်မှ မိသားစုဝင်ဖြစ်သူ တပ်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူး အောင်သူ၏ဆွေမျိုးများ ဖွင့်လှစ်ထားသော…
-
May-29မုန်တိုင်းအထူးသတင်းမုန်တိုင်းကြီးဝင်မဲ့လမ်းကြောင်းမြေပုံနဲ့တကွထွက်လာပြီ-
———————– (၂၀၂၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ ည ၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်) ===================================== ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေတို့ကို ဆာဂါကျွန်း(Sagar Island)နှင့် ခီပူပါရာမြို့(Khepupara) တို့အကြားမှ ဖြတ်ကျော်ခဲ့သော အားကောင်းသောမုန်တိုင်းငယ် (Depression)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ မွန်ဂလမြို့ (Mongla)၏ အနောက်တောင်ဘက်မှ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက် ဖြတ်ကျော်လျက်ရှိပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအလွန်ကောင်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်အထိခန့်မှန်းချက်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊…
-
မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ် ကားအစီးရေ ရာချီပိတ်မိနေ
မုံရွာ-မန္တလေးလမ်းမှာပစ်ခတ်မှုဖြစ် ကားအစီးရေ ရာချီပိတ်မိနေ ဇေအောင်/People’s Spring မုံရွာ-မန္တလေးလမ်းပိုင်းမှာ ပစ်ခတ်မှုတွေဖြစ်ပွားနေလို့ ကားအစီးရေရာချီ ပိတ်မိနေကြောင်း ဒေသခံများက ပြောပါတယ်။ စစ်ကိုင်းမြို့နယ်အတွင်းက မုံရွာ-မန္တလေးလမ်းပိုင်းတနေရာမှာ ပစ်ခတ်မှုတွေ ဖြစ်ပွားနေလို့ ကံတလူတိုးဂိတ်မှာ မန္တလေးဘက်က ပြန်လာတဲ့ကားတွေ ရာချီပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဒီနေ့ လမ်းက အခြေအနေမကောင်းဘူး။ ပစ်ခတ်မှုဖြစ်ထားလို့ ဖြတ်သွားလို့မရသေးဘူး။”လို့ ဒေသ ခံတဦးက ပြောပါတယ်။ ကားတွေကို အစီးရေအနည်းငယ်စီ ခွဲလွှတ်ပေးနေပြီး နေ့လယ်ပိုင်းအထိ ယာဥ်ကြောတွေပိတ်နေတယ်လို့ သွားလာနေသူတချို့က ပြောပြပါတယ်။ တိုက်ပွဲအခြေအနေမသိရသေးပေမဲ့မုံရွာအနောက် မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်ကောင်စီယာဥ် (၈)စီးဟာ ဒီကနေ့မနက် ဆယ်နာရီလောက်မှာ စစ်ကိုင်း တပ်မ(၃၃)ထဲ ဝင်ရောက်သွားတယ်လို့ မြေပြင်ကင်းထောက်တွေဆီက သိရပါတယ်။ မုံရွာ-မန္တလေးလမ်းမကြီးပေါ် စစ်ကောင်စီယာဥ်တွေဖြတ်သန်းသွားတိုင်း လမ်းပိုင်းနေရာအချို့မှာ ပစ်ခတ်မှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။…