Category: News
-
ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ (ရုပ်/သံ)
ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ (ရုပ်/သံ) ရန်ကုန်၊ မေ ၂၈ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိကာ အများအပြား သေဆုံးသွားကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို DKBA…
-
တစ်ပြည်လုံး အတိုင်းအတာဖြင့် ထိုးစစ်များ ဆင်နွှဲကျရမည့် အခြေအနေကြောင့် တိုက်ပွဲ အရှိန်အဟုန်မြင့်လာမည်ဟု ဦးမင်းကိုနိုင် ပြောဆို
တစ်ပြည်လုံး အတိုင်းအတာဖြင့် ထိုးစစ်များ ဆင်နွှဲကျရမည့် အခြေအနေကြောင့် တိုက်ပွဲ အရှိန်အဟုန်မြင့်လာမည်ဟု ဦးမင်းကိုနိုင် ပြောဆို ရန်ကုန်၊ မေ ၂၈ အကြမ်းဖက် စစ်ကောင်စီကို တစ်ပြည်လုံး အတိုင်းအတာဖြင့် ထိုးစစ်များ ဆင်နွှဲကျရမည့် အခြေအနေကြောင့် တိုက်ပွဲ အရှိန်အဟုန်မြင့်လာမည်ဟု ဦးမင်းကိုနိုင်က ပြောဆိုလိုက်သည်။ အဆိုပါ ပြောကြားချက်သည် ယမန်နေ့ မေလ ၂၇ ရက်နေ့က မြန်မာနိုင်ငံတွင် ဘေးကင်းသော ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေးအတွက် ဘေးကင်းသော ဆေးရုံများ တည်ဆောက်နိုင်ရန် ပါဝင်ကူညီလှူဒါန်းကြဖို့ ဖိတ်ခေါ်မှုတွင် ဦးမင်းကိုနိုင်က ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ တစ်ပြည်လုံး အတိုင်းအတာအနေနဲ့ ထိုးစစ်တွေ ဆင်နွှဲကျမယ့် အခြေအနေမျိုးမှာ ဒီတိုက်ပွဲရဲ့ အရှိန်အဟုန်မြင့်နေတဲ့ အချိန်မှာ လိုအပ်ချက်က အားလုံးသိကျမှာပါ။ ဖက်ဆစ်တပ်က ဖက်ဆစ် အပြုအမူအတိုင်း…
-
ကျောက်ဖြူမြို့အနီးတိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် သာမာန် တရုတ်ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်မှုတွေရှိနေ
ကျောက်ဖြူမြို့အနီးတိုက်ပွဲတွေ ပြင်းထန်လာတဲ့အတွက် သာမာန် တရုတ်ဝန်ထမ်းတွေ ထွက်ပြေး တိမ်းရှောင်မှုတွေရှိနေ သဉ္ဇာနွယ်- နိရဉ္စရာ၊ မေ ၂၇/၂၀၂၅ ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အနီးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တစ်နေ့ထက် တစ်နေ့ ပြင်းထန်လာတဲ့အတွက် သာမာန်တရုတ်ဝန်ထမ်းတွေဟာ ယခုရက်ပိုင်းအတွင်းမှာ စက်ရုံတွေကနေ ထွက်ပြေး တိမ်းရှောင်မှုတွေ ရှိလာနေတယ်လို့ သတင်းရရှိပါတယ်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” AAနဲ့ တိုက်ပွဲဖြစ်တော့ စစ်ကောင်စီဖက်က တရုတ်စက်ရုံတွေရဲ့ ဧရိယာထဲကို လုံခြုံရေးတဲ့ပုံစံနဲ့ အင်အားတွေဖြည့်တယ်။ အမှန်က ကာဗာယူပြီးနေတာလေ။ ဒါတွေကို စက်ရုံထဲမှာရှိတဲ့ တရုတ် လုပ်သားတွေနဲ့ မြန်မာဝန်ထမ်းတွေက သဘောပေါက်လာလို့ ကြောက်လို့ ထွက်ပြေး တိမ်းရှောင်ကြတာ”လို့ပြောပါတယ်။ ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ်၊ မလကျွန်းဧရိယာဝန်းကျင်ရှိ တရုတ်စီမံကိန်းဧရိယာအနီးထိ တိုက်ပွဲဖြစ်ပွားလာပြီး စစ်ကောင်စီမှ အဆိုပါနေရာတွေမှာ အင်အားဖြည့်တင်းပြီး လုံခြုံရေး ယူထားကာ…
-
Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ
Breaking News- ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိ၊ စစ်သား အများအပြား သေဆုံးပြီး လက်နက်များရရှိ ရန်ကုန်၊ မေ ၂၈ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ သေ့ဘောဘိုးစခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို KNLA ပူးပေါင်းတပ်များက ချေမှုန်းလိုက်ပြီး စစ်သား ၃၀ ကျော်အရှင်မိကာ အများအပြား သေဆုံးသွားကြောင်း KNLA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၂၇ ရက်နေ့မှစတင်ပြီး ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်၊ သေ့ဘောဘိုးစစ်တပ်စခန်းသို့ စစ်ကူလာသော အင်အား ၇၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို…
-
သေဘောဘိုး စခန်း သိမ်းတိုက်ပွဲ ပြင်းထန်နေ
သေဘောဘိုး စခန်း သိမ်းတိုက်ပွဲ ပြင်းထန်နေ မေ – ၂၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ မြဝတီတောင်ဘက် ၊ဒေါနတောင်အရှေ့ခြမ်း ထိုင်း – မြန်မာ နယ်စပ်နားက စစ်ကောင်စီတပ်ရဲ့ သေဘောဘိုး တပ်စခန်း ကို KNU နဲ့ ပူးပေါင်း တပ်က ထိုးစစ်ဆင်ရာမှာ တိုက်ပွဲပြင်းထန်နေပြီး ထိုင်းဘက်ဆီ အရပ်သား ၃၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ထိုင်းနယ်စပ်ရင်းမြစ်တွေက ဖော်ပြပါတယ်။ ဒီနေ့ (မေလ ၂၇ ရက်)မှာ မြဝတီ – ဝေါ်လေလမ်းပိုင်းက သေဘောဘိုး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒရုန်းတွေ၊ လက်နက်ကြီးတွေသုံးပြီး ပစ်ခတ်တိုက်ခိုက်တာလို့သိရပါတယ်။ တစ်နေ့လုံးနီးပါး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေပြီး မြန်မာဘက်က အရပ်သား…
-
နိုင်ကျဥ်းများအား ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်သည့် တန်းစီးခေါင်းဆောင် မင်းရာဇာ
နိုင်ကျဥ်းများအား ပြင်းထန်စွာညှဉ်းပန်းနှိပ်စက်သည့် တန်းစီးခေါင်းဆောင် မင်းရာဇာ တွန်အိုးဝေ အချိန်က ၂၀၂၁ ခုနှစ် မေလပိုင်းဖြစ်သည်။ အင်းစိန်ထောင်မကြီး (၄) ဆောင် ပုံစံခန်းထဲက ‘အား’ဆို သည့်အော်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။ ‘လုပ်ဦးမလား ဟေ့ကောင်’ ဆိုသော စကားသံများနှင့် နောက်ဆက်တွဲ “ဖြန်း ဖြန်း၊ ဖောင်း ဖောင်း” အသံ များကိုကြားရသည်။ လူရိုက်တုတ်အဖြစ်ဖန်တီးထားသော လျှပ်စစ်မီးကြိုး နှစ်ချောင်းကိုပူးလျက် မီးတိတ်အမည်းဖြင့် သေသေ ချာချာကျစ်ကျစ်လစ်လစ် ပတ်စီးထားသော အရှည်နှစ်ပေခွဲရှိ ရိုက်တံတုတ်ကို မင်းရာဇာကကိုင်လျက် နိုင်ငံရေးအကျဥ်းသား တဦးကို ရိုက်နေခြင်း ဖြစ်သည်။ ထိုအချိန်က မင်းရာဇာမှာ (၄)ဆောင်ပုံစံခန်း၏ စည်းကမ်းထိန်းတဦးဖြစ်ပြီး အချုပ်သားအနေဖြင့်သာရှိ သေးသည်။ နေ့တိုင်းလိုလို မင်းရာဇာရိုက်သည့်အသံများကို (၄)ဆောင် (၁)ခန်းမှ ကြားနေရသည်။ သူရိုက် နေသူများမှာ…
-
လူပုဂ္ဂိုလ်စိစစ် ၊စောင့်ကြည့်စနစ် နည်းပညာကိုသုံးပြီး စစ်ကောင်စီ ဖမ်းဆီးမှုတွေစတင်နေ
လူပုဂ္ဂိုလ်စိစစ် ၊စောင့်ကြည့်စနစ် နည်းပညာကိုသုံးပြီး စစ်ကောင်စီ ဖမ်းဆီးမှုတွေစတင်နေ မေ – ၂၇ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring လူပုဂ္ဂိုလ်စိစစ် ၊စောင့်ကြည့်စနစ် (PSMS) နဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကိုယ်ရေးအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးရမိသူတွေ ရှိလာနေပြီလို့ စစ််ကောင်စီဘက်က သတင်းထုတ်ပြန်လာပါတယ်။ လူပုဂ္ဂိုလ်စိစစ် ၊ စောင့်ကြည့်စနစ် ( Person Scrutinization and Monitoring System) နဲ့ တိုက်ဆိုင်စစ်ဆေးပြီး ဖမ်းဆီးရမိသူအချို့ ကိုလည်းစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်အချို့က အခုရက်ပိုင်းမှာ ဓာတ်ပုံတွေနဲ့တကွဖော်ပြလာပါတယ်။ မေလ တတိယပတ်အတွင်း ရှမ်းပြည်နယ် မှာ အသက် ၂၅ နှစ်ဝန်းကျင်အမျိုးသမီး ၂ ဦးကို PSMS စနစ်နဲ့တိုက်ဆိုင်စစ်ဆေးရာမှာ တရားခံပြေး ၂ ဦးဖြစ်နေတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက…
-
ပြည်ပထွက်ခွာသူများပြားပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားနေသည်ဆိုသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မှတ်ချက်ကြောင့် ပြည်ပသို့ သွားရောက်မှုများအားလုံးကို စိစစ်ပြီးမှ ထွက်ခွာ ခွင့်ပြုရန် စစ်ကောင်စီအတွင်း စတင်ဆွေးနွေးနေ
ပြည်ပထွက်ခွာသူများပြားပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားနေသည်ဆိုသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မှတ်ချက်ကြောင့် ပြည်ပသို့ သွားရောက်မှုများအားလုံးကို စိစစ်ပြီးမှ ထွက်ခွာ ခွင့်ပြုရန် စစ်ကောင်စီအတွင်း စတင်ဆွေးနွေးနေ ရန်ကုန်၊ မေ ၂၈ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာသူများပြားပြီး နိုင်ငံခြားငွေသုံးစွဲမှုများပြားနေ သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မှတ်ချက်ပြုမှု၏ နောက်ဆက်တွဲအဖြစ် ပြည်ပသို့ ထွက်ခွာမှုများအားလုံးကို စိစစ်ပြီးမှ ခွင့်ပြုချက်ပေးရန် စစ်ကောင်စီအတွင်း စတင်ဆွေးနွေးနေကြောင်း နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။ မေလ ၂၀ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော စစ်ကောင်စီအစည်းအဝေးတွင် အကြမ်းဖက် စစ်ခေါင်း ဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုများကြောင့် နိုင် ငံခြားငွေသုံးစွဲမှုများပြားပြီး နိုင်ငံခြားငွေစျေး မြင့်တက်နေရကြောင်း မှတ်ချက်ပြု ထုတ်ဖော်ပြောဆိုပြီးနောက် ယင်းကဲ့သို့…
-
အထူးမိုးလေဝသသတင်း ============== ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်တွင် ထုတ်ပြန်ချက်
အထူးမိုးလေဝသသတင်း ============== ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈:၀၀ နာရီအချိန်တွင် ထုတ်ပြန်ချက် ————————————————————————- ၁။ ယနေ့မြန်မာစံတော်ချိန် ၁၆:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း(အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်)တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့်လည်းကောင်း၊ မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်း နေခြင်းကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှု အားကောင်းခြင်းကြောင့်လည်းကောင်း ယနေ့ညနေမှ ၂-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍…
-
စစ်ကောင်စီက PDF တပ်ဖွဲ့များအတွင်း စစ်တပ် ထောက်ခံသည့် လူငယ်များ ထည့်သွင်းပြီး စုံစမ်း ထောက်လှမ်းခြင်း၊ သွေးခွဲခြင်းများ လုပ်ဆောင်နေ၍ တော်လှန်ရေးတပ်ဖွဲ့များ လုံခြုံရေး အသိရှိကြရန် MDY-PDF တိုက်တွန်း
စစ်ကောင်စီက PDF တပ်ဖွဲ့များအတွင်း စစ်တပ် ထောက်ခံသည့် လူငယ်များ ထည့်သွင်းပြီး စုံစမ်း ထောက်လှမ်းခြင်း၊ သွေးခွဲခြင်းများ လုပ်ဆောင်နေ၍ တော်လှန်ရေးတပ်ဖွဲ့များ လုံခြုံရေး အသိရှိကြရန် MDY-PDF တိုက်တွန်း ရန်ကုန်၊ မေ ၂၇ အကြမ်းဖက် စစ်ကောင်စီက PDF တပ်ဖွဲ့အတွင်း စစ်တပ် ထောက်ခံသည့် လူငယ်များ ထည့်သွင်းကာ စုံစမ်းထောက်လှမ်းခြင်း၊ သွေးခွဲခြင်းများ လုပ်ဆောင်နေ၍ တော်လှန်ရေးတပ်ဖွဲ့များ လုံခြုံရေးအသိ၊ သတိ မပေါ့ဆကြရန် တိုက်တွန်းလိုကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော်-မန္တလေး၏ ပြောရေးဆိုခွင့် ရှိသူ ကိုအော်စမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုင်ငံနှင့်အဝှမ်း စစ်မျက်နှာများတွင် စစ်ရှုံး အခြေအနေများနှင့် ရင်ဆိုင် ကြုံတွေ့နေရသည့် အကြမ်းဖက် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များအတွင်း ဒလန်သူလျှို များ စိမ့်ဝင်စေကာ သတင်းအချက်အလက်ရယူသည့်…