Category: News

  • မိတ္ထီလာက ပျူခေါင်းဆောင်အဖမ်းခံရလို့ ပျူစောထီး ၁၇ဦး နုတ်ထွက်

    မိတ္ထီလာက ပျူခေါင်းဆောင်အဖမ်းခံရလို့ ပျူစောထီး ၁၇ဦး နုတ်ထွက်

    by

    in

    မိတ္ထီလာက ပျူခေါင်းဆောင်အဖမ်းခံရလို့ ပျူစောထီး ၁၇ဦး နုတ်ထွက် မေ ၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ပြည်သူ့စစ် ခေါ် ပျူစောထီးခေါင်းဆောင်ကို စစ်တပ်က ဖမ်းဆီးသွားလို့ ကျန်တဲ့ ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားတယ်လို့ သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၅)ရက်က မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် သူတို့ခေါင်းဆောင်အဖမ်းခံရတဲ့အတွက် သူတို့ပါ နုတ်ထွက်လိုက်ကြောင်း မိတ္ထီလာပြည်သူ့စစ်အဖွဲ့က ကိုဇေယျာဟိန်းဆိုသူက သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ ဇော်ယုထွန်းဦးဆောင်တဲ့ ပြည်သူ့စစ်ဖွဲ့စည်းချိန်ကစပြီး ဒီကနေ့အထိ ကိုယ့်စားရိတ်ကိုယ်စားပြီး မိတ္ထီလာမြို့ကို စောင့်ရှောက်ခဲ့ကြောင်း၊ ယနေ့အထိ နွားထိုးကြီးဒေသတွင် လုံခြုံရေးဆောင်ရွက်ခဲ့ပေမဲ့ အခုအခါ ပြည်သူ့စစ်ခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က ပုဒ်မ ၅၀၅(က)နဲ့ အမှူဖွင့်အရေးယူလိုက်ကြောင်း…

  • နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း

    နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း

    by

    in

    နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း မေ ၂၁၊၂၀၂၅။ဇော်ရမ်း၊သတိုး/People’s Spring ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သုံးရက်ဆက်တိုက်ခိုက်ပြီးနောက် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။ ကွင်းကျယ်ကျေးရွာနှင့် စစ်ကောင်စီ၏ အထိုင်စခန်းကုန်းအား မေလ ၁၈ရက်မှ မေလ ၂၀ရက်အထိ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ” လက်နက်ကြီးသံတွေက မြို့ပေါ်ကလည်း ကြားရတယ်။ ဂျက်ဖိုက်တာတွေလည်းလာတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာရဲ့ အသေးစိတ်အခြေအနေကိုတော့ ကျနော်တို့မသိရဘူး။ နောက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးသတင်းတွေ ထိန်းချုပ်ထားတယ်ဗျ”ဟု နတ်တလင်းဒေသခံတစ်ဦးကပြောသည်။ သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ရာတွင် ကွင်းကျယ်ကျေးရွာမှ စစ်ကောင်စီစခန်း တိုက်ခိုက်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်ကူအများပြား ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကူလမ်းကြောင်းများကို မိုင်းကွင်းများဖော်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း…

  • မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန်

    မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန်

    by

    in

    မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန် ရန်ကုန်၊ မေ ၂၂ မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှုများနှင့် NLD အစိုးရလက် ထက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့ လုပ်ဆောင်မှု၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကြောင့် တိုင်းပြည် ညီညွတ်မှုနှင့် ဟန်ချက်ညီမှု ပြိုကွဲမည့် အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ် ဆောင်ရန် လိုအပ်ကြောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် လေကြောင်းနှင့် ရေကြောင်းလေ့လာရေးသင်တန်းမှ လူငယ်များနှင့်တွေ့ဆုံစဉ်…

  • ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး 🟥 ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု

    ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး 🟥 ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု

    by

    in

    ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး 🟥 ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု ရန်ကုန်၊ မေ ၂၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် ရဟတ်ယာဉ်မှူးများနှင့်လေတပ်အဖွဲ့ဝင်များ အပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါသည့် စစ်ဗျူဟာမှူးနှင့်အဖွဲ့ဝင်များအားလုံးသေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည့်အပြင် ရဟတ်ယာဉ်မှာလည်း ပစ်ချခံရခြင်းမဟုတ်ဘဲ စက်ချို့ယွင်း၍သာ ပျက်ကျခြင်း ဖြစ်သည်ဟု သတင်းဖြန့်လာကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ဗန်းမော်မြို့ စကခ ၂၁ သို့ စစ်ကူ၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ…

  • အမေရိကန်စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်သင်တန်း ရုပ်သံ Tanzim AI Nahyan က ဒီရုပ်သံကို အောက်ပါ စာတန်းနဲ့ အတူ ဖော်ပြလာပါတယ်။

    အမေရိကန်စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်သင်တန်း ရုပ်သံ Tanzim AI Nahyan က ဒီရုပ်သံကို အောက်ပါ စာတန်းနဲ့ အတူ ဖော်ပြလာပါတယ်။

    by

    in

    အမေရိကန်စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်သင်တန်း ရုပ်သံ Tanzim AI Nahyan က ဒီရုပ်သံကို အောက်ပါ စာတန်းနဲ့ အတူ ဖော်ပြလာပါတယ်။ အချိန်နဲ့ နေရာတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ This is the picture of Bangladesh today..

  • ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၃ ဦးသေဆုံး

    by

    in

    ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ စစ်သား ၃ ဦးသေဆုံး ရန်ကုန်၊ မေ ၂၁ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အတွင်းရှိ သစ်ပုတ်စစ်ကောင်စီတပ်စခန်းနှင် သိမ်ကုန်းတာဝါတိုင်စခန်းတို့ကို တော် လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ ၂ ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၁ ပြည်ခရိုင် ၃၆၀၂ တပ်ရင်း မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မေလ ၁၇ ရက်နေ့ ပေါင်းတည်မြို့နယ် စစ်ကောင်စီ၏သိမ်ကုန်း တာဝါတိုင်အထိုင်စခန်းသို့ အင်အားဖြည့်တင်းရန်ထွက်ခွာလာသော အင်အား ၇၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကြောင်း၊ ယင်းနောက် သိမ်ကုန်းတာဝါတိုင် စစ်တပ်စခန်းသို့ ထွက်ပြေးဝင်ရောက်သွားသဖြင့်…

  • ရွှေကူ၌ အရေးပေါ်ဆင်းသက်သည့် စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီး

    ရွှေကူ၌ အရေးပေါ်ဆင်းသက်သည့် စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီး

    by

    in

    ရွှေကူ၌ အရေးပေါ်ဆင်းသက်သည့် စစ်ကောင်စီရဟတ်ယာဉ်ကို KIA ထပ်မံ ပစ်ခတ်ဖျက်ဆီး မေ ၂၁၊၂၀၂၅။ထားမြတ်/People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မေလ ၂၀ ရက်တွင်ပစ်ချခဲ့သည့်စစ်ကောင်စီ၏ရဟတ် ယာဉ် ၂စီးအနက် ရွှေကူမြို့၌ အရေးပေါ် ဆင်း သက်ခဲ့ရသည့် ရဟတ်ယာဉ်ကို ယနေ့(မေလ ၂၁ရက်) မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁၁) ရဲဘော်များက သွားရောက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြော သည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း လက်ကျန်စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁)သို့ စစ်ကူလာပို့သည့် ရ ဟတ်ယာဉ် ၃စီးအနက် ၂စီးကို KIAက ပစ်ခတ်ခဲ့ရာ တစ်စီးသည် ရွှေကူမြို့နှင့် ၁၅ မိုင်ခန့်အကွာတွင် ပျက်ကျခဲ့ပြီး တစ်စီးသည် ရွှေကူမြို့သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဆိုသည်။ “မနေ့ကရွှေကူမြို့ ခလရ(၅၆)မှာသွားဆင်းတဲ့ ရဟတ်ယာဉ် MI−17ကို ဒီကနေ့ ညနေပိုင်း…

  • ရန်ကုန်၊ သံလျင်တံတားအဆင်းတွင် ဆက်ကြေးကောက်နေသော စစ်သားနှင့် ရဲများကို မိုင်းခွဲမှု ထိခိုက်သေဆုံးမှုရှိနိုင်

    ရန်ကုန်၊ သံလျင်တံတားအဆင်းတွင် ဆက်ကြေးကောက်နေသော စစ်သားနှင့် ရဲများကို မိုင်းခွဲမှု ထိခိုက်သေဆုံးမှုရှိနိုင်

    by

    in

    ရန်ကုန်၊ သံလျင်တံတားအဆင်းတွင် ဆက်ကြေးကောက်နေသော စစ်သားနှင့် ရဲများကို မိုင်းခွဲမှု ထိခိုက်သေဆုံးမှုရှိနိုင် ရန်ကုန်၊ မေ ၂၁ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ သံလျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးတွင် ဆက်ကြေး ကောက်နေသော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Operation Flame – OF မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ မေလ ၂၁ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ကသန်လျင်မြို့နယ်၊ မြို့ဟောင်းအနောက်ရပ်ကွက် သန်လျင်တံတားအဆင်း၊ လတ်မှတ်ဂိတ်မှတ်တိုင်အနီး၌ ပြည်သူ့ကားများကို အမြဲတမ်း ဆက်ကြေး ကောက်နေကြသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့် လုံခြုံရေးယူပေးနေ သော စစ်သား၊ ရဲများကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း…

  • ဖားကန့်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    ဖားကန့်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

    by

    in

    ဖားကန့်သို့ ချီတက်လာသော စစ်တပ်စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ မေ ၂၁ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ ချီတက်လာသော စစ်တပ် စစ်ကြောင်းကို တံတားညီနောင်တွင် ပိတ်ဆို့တိုက် ခိုက်လျက်ရှိရာ စစ်သားအများအပြား ထိခိုက်သေဆုံးမှုရှိပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယနေ့မေလ ၂၁ ရက်နေ့ ဖားကန့်မြို့သို့ စစ်ကြောင်း ၂ ကြောင်းဖြင့် ချီတက်လာသော စစ်ကောင် စီ စစ်ကြောင်းသည် လဝါး – ကာမိုင်း -နန့်ယား – ဖားကန့်လမ်းပိုင်းရှိ တံတားညီနောင်သို့ရောက်ရှိနေ ပြီး KIA ၊ KPDF တပ်ဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ အများအပြား…

  • ပေါင်းတည်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်း PDF သိမ်းပိုက်

    ပေါင်းတည်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်း PDF သိမ်းပိုက်

    by

    in

    ပေါင်းတည်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်း PDF သိမ်းပိုက် မေ ၂၁၊၂၀၂၅။ကျော်ဇော၊ရဲခေါင်/People’s Spring ပဲခူးတိုင်း၊ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်းအား သိမ်းပိုက်ရရှိကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ(၂) ပဲခူးတိုင်းစစ်ဌာန ပြည်ခရိုင် (၃၆၀၂)တပ်ရင်းတာဝန်ရှိသူ ရဲဘော် Red Starက လူထုနွေဦးသို့ ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊တပ်ဖွဲ့များ၏ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် သိမ်ကုန်းတာဝါတိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားခြင်းဟု အသိပေးသည်။ “အဲဒီစခန်းမှာ အမြဲထိုင်တဲ့ အင်အားက ၃၀ဝန်းကျင်လောက်တော့ရှိတယ်။မြို့ဧရိယာအနီးတစ်ဝိုက်လောက်မှာပဲ သူတို့တပ်စွဲတာ ကျန်တော့တယ်”ဟု ရဲဘော် Red Starက သိမ်ကုန်းစခန်းသိမ်းပိုက်ရရှိမှုနှင့်ပေါင်းတည်မြို့စစ်ရေးအခြေအနေအပေါ် ရှင်းပြသည်။ စစ်ကောင်စီ၏ သိမ်ကုန်းတာဝါတိုင်တပ်စခန်းသို့ မေလ ၁၇ရက်က အင်အားဖြည့်ရန်ထွက်လာသော ၇၀ခန့်ပါ စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင်တပ်ရင်း တပ်ရင်း ၃၆၀ ၂၊ တပ်ရင်း ၃၆၀၁နှင့်…