Author: admin
-
PDF က ဖမ်းဆီးစစ်နေသည်ဆိုသော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ သတင်းအမှားထုတ်ပြန်ပြီး AAနှင့် ပူးပေါင်းသွားဟု စစ်ကောင်စီက ထုတ်ပြန်
PDF က ဖမ်းဆီးစစ်နေသည်ဆိုသော ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ သတင်းအမှားထုတ်ပြန်ပြီး AAနှင့် ပူးပေါင်းသွားဟု စစ်ကောင်စီက ထုတ်ပြန် ရန်ကုန်၊ မေ ၁၂ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို PDF တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဆိုခြင်းမှာ မှန်ကန်ခြင်းမရှိဘဲ ကထိက ဒေါ်ဝင်းဝင်းအောင်က AA နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ပျောက်ဆုံးနေသည့် ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်မှာ AA အဖွဲ့အခြေပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများတွင် AA နှင့် ပူးပေါင်းကူညီနိုင်ရေးအတွက် ကြိုတင်ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါ်ဝင်းဝင်းအောင်က AA နှင့် ကြိုတင်ကြံစည်ဆက်သွယ်မှုများရယူခဲ့ပြီးမေလ…
-
မင်းလှနယ်မှစစ်တပ်စခန်းတစ်ခုစွန့်ခွာထွက်ပြေး၍ PDFများရှင်းလင်း ■မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်သေဆုံးဟုဆို
မင်းလှနယ်မှစစ်တပ်စခန်းတစ်ခုစွန့်ခွာထွက်ပြေး၍ PDFများရှင်းလင်း ■မင်းလှမြို့နယ်တွင်နှစ်လနီးပါးကြာတိုက်ပွဲများအတွင်းစစ်သား ၂၅ ဦးခန့်သေဆုံးဟုဆို မေ-၁၁၊၂၀၂၅။ကဖေး/People’s Spring မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအားရှင်းလင်းနိုင်ခဲ့ပြီး မင်းလှမြို့နယ်အတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့သည့် နှစ်လနီးပါးကြာ မြင့်သည့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ အနည်းဆုံး ၂၅ဦးခန့် သေဆုံးကြောင်းသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803(Myanmar Defense Force)က သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်း အနောက်ခြမ်း၊ မင်းလှမြို့နယ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်များ နှင့် စစ်ကောင်စီတပ်တို့အကြား ဧပြီလမှစ၍ စစ်ရေးတင်းမာခဲ့ပြီးနောက် ဧပြီလ ၂၂တွင် ရန်ကုန်-ပြည်လမ်းပေါ်ရှိ ၅၃ထမင်းဆိုင်တွင် ထမင်းစားသောက်နေသည့် စ-စ်ကောင်စီတပ်သားများအား ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအချို့သေဆုံးခဲ့သည်။ ထို့အပြင် ဧပြီ ၂၂ ရက်နေ့တွင်ပင် သာဝတီခရိုင် အမှတ်(၃)တပ်ရင်း၏စနိုက်ပါတပ်စိတ်က စစ်တပ် မှ သာယာဝတီခရိုင်မှူး လိုက်ပါလာသည့်ယာဉ်တန်းအား ပစ်ခတ်ရာ ခရိုင်မှူး၏…
-
မင်းအောင်လှိုင်က မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံရ
မင်းအောင်လှိုင်က မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံရ ရန်ကုန်၊ မေ ၁၂ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းနှင့် ၎င်း၏မိသားစုစီးရန် Airbus 319 XY-ALK လေယာဉ်ကို အပြီးအပြတ်ဝယ်ယူခဲ့သော်လည်း နိုင်ငံပိုင်မြန်မာ့အမျိုး သားလေကြောင်းလိုင်း(MNA) က ငှားရမ်းထားသော လေယာဉ်များအတွက် ငှားရမ်းခမပေးနိုင်၍ ပြန်သိမ်းခံနေရကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် မင်းအောင်လှိုင်က အမေရိကန်နိုင်ငံ၊ AVIATION CAPITAL GROUP ထံမှ ငှားရမ်းထားသည့် Airbus အမျိုးအစား A319-115 (MSN 5193) လေယာဉ်…
-
အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရသော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်
အောင်ဇေယျ စစ်ကြောင်းတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရသော စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ် ရန်ကုန်၊ မေ ၁၁ ကရင်ပြည်နယ်၊ အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်း အဓမ္မခိုင်းစေခိုင်းခံရသော အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သားများ အနေဖြင့် လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ၏ အကျိုးစီးပွားကို မကာကွယ်ဘဲ အလင်းဝင်ကြရန် KNLA ဖိတ်ခေါ်လိုက်သည်။ မေလ ၁၀ ရက်နေ့တွင် ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က အာရှလမ်းမ စစ်ဆင်ရေးတွင် အတင်းအဓမ္ မခိုင်းစေခံရသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်တစ်ဆုပ်စာ ဗိုလ်ချုပ်ကြီးများ အကျိုးစီးပွားကို ဆက်လက် ကာကွယ်ခြင်းမပြုလုပ်ဘဲ အလင်းဝင်ကြရန် ဖိတ်ခေါ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ “ကျည်ဖြုတ်ထားသော သေနတ်အား ခေါင်းကို မြေကြီးအောက်ချ၍ နောက်ကျောတွင်…
-
ရွှေကျင်မြို့နယ် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်မှု စစ်သားအလောင်း ၃၀ ခုတွေ့ရှိရပြီး စစ်သုံ့ပန်း ၆ ဦးနှင့်မိသားစုဝင် ၇ ဦး ဖမ်းမိ၊ လက်နက်မျိုးစုံ ၈၃ လုံး၊ ဂျန်မာစက် ၃ လုံးနှင့်ခဲယမ်းများ ရရှိ
ရွှေကျင် ခမရ ၅၉၈ တပ်ရင်းဌာနချုပ်သိမ်းတိုက်ပွဲ ရုပ်/သံ ထုတ်ပြန် ဧပြီ ၁၁၊ ၂၀၂၅ စစ်ကောင်စီ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စခန်းသိမ်းစစ်ဆင်ရေးက ရုပ်/သံဖိုင်ကို နဂါးဖြူတပ်ရင်းက ဒီကနေ့ညမှာ ထုတ်ပြန်လိုက်ပါတယ်။ နဂါးဖြူတပ်ရင်း နှင့်ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များရဲ့ ခမရ ၅၉၈ စခန်းသိမ်းရုပ်သံဖိုင်လို့ အမည်တပ်ထားတဲ့ အဆိုပါရုပ်သံကို ခမရ ၅၉၈ တပ်ရင်းဌာနချုပ် သိမ်းပိုက်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ PDFစစ်ရုံးချုပ်က သတင်းထုတ်ပြန်ခဲ့အပြီး ဒီကနေ့ညမှာ ထွက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။ အဆိုပါ ရွေကျင် စစ်ကောင်စီ ခမရ ၅၉၈ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေးတပ်များက မေလ ၈ရက်နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀…
-
လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်
လှည်းကူးရှိ ခမရ(၂၁၁)တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက် မေ ၁၁၊၂၀၂၅။သတိုး/People’s Spring ရန်ကုန်မြို့၊လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁၁) ခြေမြန်တပ်ရင်း (ခမရ-၂၁၁) ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Yangon Army(YA) အဖွဲ့မှတာဝန်ရှိသူက ပြောသည်။ “လမ်းကြုံအခွင့်အရေးရတုန်း ဝင်ဆော်ခဲ့တာပါ။လက်ပစ်ဗုံးနှစ်လုံးပါတာတစ်လုံးဘဲပစ်ပြီးပြန် ဆုတ်လာခဲတယ်”ဟု ၎င်းက ပြောသည်။ ခမရ(၂၁၁)တပ်ရင်းဂိတ်ကင်းစခန်းကို မေလ ၁၀ ရက် ညနေ ၆နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိနိုင်သည်ဟု ဆိုသည်။ “ထိခိုက်ဖို့ကတော့ကျိန်းသေတယ်အထဲကိုကွက်တိကျတာ”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ Yangon Army အနေဖြင့် မေလ ၃ ရက်ကလည်း အနောက်ပိုင်းခရိုင်ပကဖ နှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းများဖြင့် တိုက်ခိုက်ခဲ့သည်။
-
ဒုခေါင်းဆောင် ရန်ကုန်တွင် ပွဲတက်နေချိန် တပ်စခန်းများ အသိမ်းခံရ
ဒုခေါင်းဆောင် ရန်ကုန်တွင် ပွဲတက်နေချိန် တပ်စခန်းများ အသိမ်းခံရ ဧရာဝတီ၊ မေ ၁၀၊ ၂၀၂၅ မေလ ၉ ရက်နေ့တွင် ကျရောက်သည့် ရုရှားနိုင်ငံ၏ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ကို ရန်ကုန်မြို့ရှိ Lotte Hotel ၌ ယမန်နေ့က ကျင်းပခဲ့ရာ စစ်ကောင်စီ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်သည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေးများအား အဓိက ကိုင်တွယ်နေရသည့် ဒုစစ်ခေါင်းဆောင် ယင်းသို့ အခမ်းအနားသို့ တက်ရောက်နေချိန် ယမန်နေ့က KNU ၏ မြိတ်-ထားဝယ်ခရိုင်၏ ခရိုင်ဌာနချုပ်၊ တပ်မဟာဌာနချုပ်ဟောင်းဖြစ်သော ထီးခီးနယ်စပ် ဗျူဟာတပ်စခန်း၊ ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံ(တာကရယ်)မြို့နယ် ခလရ ၂၄ အခြေချတပ်စွဲထားသော လေးပနာဒီ(ခေါ်)…
-
အင်အားသုံးထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ် ဖားကန့်တိုက်ပွဲအတွင်း အထိနာနေ
အင်အားသုံးထိုးစစ်ဆင်နေသည့်စစ်ကောင်စီတပ် ဖားကန့်တိုက်ပွဲအတွင်း အထိနာနေ မေ ၁၀၊၂၀၂၅။သက်ဝေ/People’s Spring ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တိုက်ပွဲများအတွင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် အထိနာသည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဧပြီကတည်းက ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၊ ပြည်သူ့စစ် ပူးပေါင်းတပ်များက ထိုးစစ်ဆင်လျက်ရှိရာ မေလဒုတိယပတ်အထိ တိုက်ပွဲပြင်းထန်နေသည်။ “ဖားကန့်လမ်းတိုက်ပွဲ စစ်ကောင်စီတပ် အထိနာပြီး တပ်ပြန်ဆုတ်ရ။စကစ တပ်ဆုတ်နေရတယ်။ ကပ်မှော်ဇွပ်အထိ တပ်လှန်ကျနေ။ဖားကန့်ကို စစ်အင်အားဖြည့်ပြီး ပြန်လည်ထိန်းချုပ်ချင်နေတာ။ ဝှေခါမှော်နဲ့ ဆိုင်းတောင်၊ ကျန်နေရာတွေကို ပြန်လည်ရယူထိန်းချုပ်ဖို့ပါ” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ကပ်မှော်ကျေးရွာတွင် မေလ ၈ရက်က တနေကုန် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စွဲရာနေရာအချို့ကို KIAက သိမ်းပိုက်ထားသည်။ စစ်ရေးအခြေအနေ အသေးစိတ် အခြေအနေကို မသိရသော်လည်း ဖားကန့်မြို့နယ်အတွင်း…
-
မင်းအောင်လှိုင်က ရှီကျင့်ပင်ကို သမ္မတကြီး ဟု ရိုရိုကျိုးကျိုးသုံးနှုန်း၊ ရခိုင်မှ မြို့နယ်အများစုကို စစ်တပ်က လက်လွှတ်ထားရသော်လည်း တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြန် အကောင်အထည်ဖော် မည်ဟုဆို
မင်းအောင်လှိုင်က ရှီကျင့်ပင်ကို သမ္မတကြီး ဟု ရိုရိုကျိုးကျိုးသုံးနှုန်း၊ ရခိုင်မှ မြို့နယ်အများစုကို စစ်တပ်က လက်လွှတ်ထားရသော်လည်း တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေးစင်္ကြန် အကောင်အထည်ဖော် မည်ဟုဆို ရန်ကုန်၊ မေ ၁၁ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်သမ္မတ ရှီကျင့်ပင်ကို သမ္မတကြီး ဟု ရိုရိုကျိုးကျိုးသုံးနှုန်းပြောဆိုထားသည်ကို စစ်ကောင်စီလက်အောက်ခံ မီဒီယာအင်တာဗျူးတွင် ပြောဆိုဖော်ပြထားသည်။ မင်းအောင်လှိုင်က ရုရှားနိုင်ငံတွင် မေလ ၇ ရက်နေ့မှ မေလ ၁၀ ရက်နေ့အထိ သွားရောက်ခဲ့စဉ် တရုတ်သမ္မတ ရှီကျင့်ပင်နှင့်တွေ့ဆုံခဲ့ပြီး အဆိုပါတွေ့ဆုံမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းမီဒီယာများက မင်းအောင် လှိုင်ကို အင်တာဗျူးပြီး ပြန်လည်ဖော်ပြရာတွင် ရှီကျင့်ပင်ကို သမ္မတကြီးဟု မင်းအောင်လှိုင်က ရိုးကျိုးနွံ့စွာ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ “ကျနော်တို့ မြန်မာနိုင်ငံမှာ ဒါ သမ္မတကြီးကပေါ့ဗျာ။…
-
နယ်စပ်က စစ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ထပ်မံထိုးစစ်ဆင် ■တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ
နယ်စပ်က စစ်စခန်းတစ်ခုကို KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ထပ်မံထိုးစစ်ဆင် ■တိုက်ပွဲတွေကြောင့် ထိုင်းဖက်ကို စစ်ရှောင် ၃၀၀ ကျော် ထွက်ပြေး ခိုလှုံ မေ-၁၀၊၂၀၂၅။People’s Spring KNLA နဲ့ ပူးပေါင်းတပ်တွေကနယ်စပ်အနီးကစစ်တပ်စခန်းနှစ်စ်ခုသိမ်းပိုက်ပြီး တစ်ရက်အကြာမှာပဲအခြားစခန်းတစ်ခုကိုဆက်လက်ထိုးစစ်ဆင်နေပြီး၊တိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် မေ ၁၀ ရက်နေ့မှာထိုင်းနိုင်ငံကို စစ်ရှောင် ၃၀၀ ကျော်လောက်ထပ်မံ ထွက်ပြေး ခိုလှုံလာခဲ့တယ်လို့ထိုင်းအာဏာ ပိုင်တွေက ပြောပါတယ်။ မေလ ၁၀ ရက်မနက်အစောပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ လက်နက်ကိုင် အင်အားစုဖြစ်တဲ့ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော် (KNLA)ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေကြောင့် စစ်ရှောင် ၃၂၈ ဦးဟာ ထိုင်းဖက်ကို ထွက်ပြေးရောက်ရှိခဲ့တယ်လို့ Bangkok Post သတင်းဌာနကဖော်ပြပါတယ်။ KLNA၊ KNDO နဲ့ ပူးပေါင်းတပ်တွေဟာ ထိုင်းနယ်စပ်နဲ့ ၇ ကီလိုမီတာ(၄ မိုင်ကျော်)…