-
စစ်ကောင်စီနှင့်စစ်တပ်အပေါ် ထိခိုက်စေသည့် ရေးသားမှုများ ရှောင်ကြရန်နှင့် စစ်တပ် ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ် ရေးသားလျှင် သတင်းမီဒီယာများကို အရေးယူမည်ဟု ပြန်/ဝန် မောင်မောင်အုန်း ခြိမ်းခြောက်ပြန်
စစ်ကောင်စီနှင့်စစ်တပ်အပေါ် ထိခိုက်စေသည့် ရေးသားမှုများ ရှောင်ကြရန်နှင့် စစ်တပ် ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ် ရေးသားလျှင် သတင်းမီဒီယာများကို အရေးယူမည်ဟု ပြန်/ဝန် မောင်မောင်အုန်း ခြိမ်းခြောက်ပြန် ရန်ကုန်၊ ဇန်နဝါရီ ၂၂ သတင်းမီဒီယာများအနေဖြင့် စစ်ကောင်စီနှင့်စစ်တပ်အပေါ် ထိခိုက်စေသည့် ရေးသားမှုများ ရှောင်ကြရန်နှင့် စစ်တပ် ဆန့်ကျင်သူများကို အားပေး အားမြှောက်လုပ် ရေးသားလျှင် သတင်းမီဒီယာများကို အရေးယူမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီး မောင်မောင်အုန်း ခြိမ်းခြောက်လိုက်သည်။ အကြမ်းဖက်စစ်ကောင်စီက ဖွဲ့စည်းထားသော စစ်တပ်အလိုကျ အမည်ခံ မြန်မာ သတင်းမီဒီယာကောင်စီနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ထပ်မံ ၍ ခြိမ်းခြောက်ပြောဆိုလာခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် သတင်းမီဒီယာသည် လွန်စွာအရေးကြီးပြီး သတင်းမီဒီယာများ၏လွှမ်းမိုးမှုသည် နေ့စဉ်ဘဝများကို လွန်စွာအကျိုးသက်ရောက်မှုရှိကြောင်း၊ စစ်ကောင်စီနှင့်စစ်တပ် အပေါ် ထိခိုက်စေနိုင်သည့် ရေးသားဖော်ပြမှုများကိုရှောင်ကြဉ်ရန်နှင့်…
-
ပေးဆပ်မှုအလွန်များသည့်တော်လှန်ရေးဖြစ်၍ အခက်အခဲများရှိသော်လည်း ဇွဲမလျှော့ဘဲတိုက်ဖျက်နေဟု NUGဝန်ကြီးချုပ် ပြော
ပေးဆပ်မှုအလွန်များသည့်တော်လှန်ရေးဖြစ်၍ အခက်အခဲများရှိသော်လည်း ဇွဲမလျှော့ဘဲတိုက်ဖျက်နေဟု NUGဝန်ကြီးချုပ် ပြော ဟန်နွေ/People’s Spring လူတစ်ခုက အာဏာရူးပြီးစိတ်ထင်တိုင်းကြဲနေ၍ ပေးဆပ်မှုအလွန်များသည့် တော်လှန်ရေးဖြစ်နေရာများစွာ စိတ်မကောင်းဖြစ်ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပြီး တော်လှန်ရေး မည်မျှပင်ခက်ခဲသည်ဖြစ်စေ ဇွဲမလျှော့ဘဲ ကြိုးပမ်းနေကြကြောင်း အသိပေးသည်။ ယမန်နေ့ (ဇန်နဝါရီ ၂၁ရက်)က ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် ဝန်ကြီးချုပ်က ယခုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ “လူတစ်စု အာဏာရူးပြီး စိတ်ထင်တိုင်းလုပ်ခဲ့ကြတဲ့ အကျိုးဆက်ရဲ့နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်ရဲ့ လူမှုယန္တရားတခုလုံး ပြိုကျပျက်စီးသွားခဲ့ရတာ အတော်စိတ်မကောင်းဖြစ်ရပါတယ်။ ဒီတော်လှန်ရေးဟာ သမိုင်းတစ်လျှောက် တော်လှန်ရေးတွေနဲ့ယှဥ်ရင် အားရကျေနပ်စရာတွေ အများကြီးရရှိခဲ့တယ်ဆိုပေမယ့် ပေးဆပ်ခဲ့ရမှု တွေလည်း အလွန်များတဲ့ တော်လှန် ရေးဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတခါတော့ စစ်အာဏာရှင်ဆိုတဲ့ အပင်ကို အမြစ်ကနေစပြီး တူးထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို…
-
AA ၏ ထိုးစစ်ကြောင့် ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေသော်လည်း အများစုမှာ ပုသိမ်သို့ ပြောင်းရွှေ့နေ၊ သာပေါင်းတွင်လည်း စစ်ဘေးတိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်နေ
AA ၏ ထိုးစစ်ကြောင့် ရွှေသောင်ယံမြို့မှ ပြည်သူများ မပြောင်းရွှေ့ရန် စစ်တပ်က တားမြစ်နေသော်လည်း အများစုမှာ ပုသိမ်သို့ ပြောင်းရွှေ့နေ၊ သာပေါင်းတွင်လည်း စစ်ဘေးတိမ်းရှောင်ပါက နေအိမ် ချိတ်ပိတ်မည်ဟု စစ်တပ်က ခြိမ်းခြောက်နေ ရန်ကုန်၊ ဇန်နဝါရီ ၂၂ AA က ထိုးစစ်ဆင်လာချိန် ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့ကို ထိခိုက်မှုမရှိစေရဟု စစ်တပ်က အာမခံ၍ ပြည်သူများ ဆက် လက် နေထိုင်ရန် လိုက်လံ စည်းရုံးနေသော်လည်း ပြည်သူအများစုက ပုသိမ်မြို့ပေါ် ပြောင်း ရွှေ့နေကြောင်း ပုသိမ်မြို့နယ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တွင် ရွှေသောင်ယံမြို့တွင် အကြမ်းဖက် စစ်တပ်က ဘုန်းကြီးများ နှင့်…
-
တစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီး ချုပ် သတိပေး
တစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဟု NUG ဝန်ကြီး ချုပ် သတိပေး ရန်ကုန်၊ ဇန်နဝါရီ ၂၂ မြန်မာတစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။ ယမန်နေ့ ပြုလုပ်သည့် “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေး သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိ တော်လှန်ရေးမှာ ၄ နှစ်ပြည့်လာချိန်တွင် မည်သူကမှ တားဆီး၍ မရတော့ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ မြဲမြံသော အုတ်မြစ်နှင့် မျိုးဆက်သစ်များ၏ စိတ်ပိုင်းဆုံးဖြတ်မှု အရှိန်အဟုန်ကို…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း CNDF အမျိုးသမီးရဲဘော် ၂၈ ဦး ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေ (အမျိုးသမီးကဏ္ဍ)
ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း CNDF အမျိုးသမီးရဲဘော် ၂၈ ဦး ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေ (အမျိုးသမီးကဏ္ဍ) ဧရာဝတီတိုင်းမ် (ဖလမ်း)၊ ဇန်နဝါရီ ၂၁ ရက် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အမျိုးသမီးရဲဘော် ၂၈ ဦးသည် CNDF ရဲဘော်များနှင့်အတူ ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်လျက်ရှိရာ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီးအလိုက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ CNDF အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတွင် စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား( Medic team)၊ ဆက်သွယ်ရေးနှင့် လေကြောင်းရန် အသိပေးသည့် နေရာတို့တွင် ကျား၊ မ တန်းတူတာဝန် ထမ်းဆောင်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ရှေ့တန်းရောက်…
-
စစ်ကောင်စီက စစ်လေယာဉ်ဖြင့် တော်လှန်ရေးအဖွဲ့များ၏ နယ်မြေများကို ဗုံးကျဲမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီး လေယာဉ်မောင်းများကို စတင်အသုံးပြု
စစ်ကောင်စီက စစ်လေယာဉ်ဖြင့် တော်လှန်ရေးအဖွဲ့များ၏ နယ်မြေများကို ဗုံးကျဲမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီး လေယာဉ်မောင်းများကို စတင်အသုံးပြု ရန်ကုန်၊ ဇန်နဝါရီ ၂၂ အကြမ်းဖက် စစ်ကောင်စီက စစ်လေယာဉ်များဖြင့် တော်လှန်ရေးအဖွဲ့များ၏ နယ်မြေများကို ဗုံးကျဲမှုများ လုပ်ဆောင်ရာတွင် အမျိုးသမီး လေယာဉ်မောင်းများကို စတင်အသုံးပြုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “အမျိုးသမီးလေသူရဲတွေကို အရင်ကတည်းက သုံးပါတယ်။ ဒါပေမယ့် အဓိက စစ်ဆင်ရေးတွေမှာ သုံးတာမျိုး ၊ ဒီလောက်တော့ ပမာဏာ များများစားစား သုံးတာမျိုးမရှိဘူး။ အခုကတော့ အရေအတွက်များများစားစားနဲ့ တွဲဖက် လေသူရဲတွေအဖြစ် စစ်ဆင်ရေးတွေမှာ စတင်အသုံးပြုနေပါတယ်။ တွဲဖက်တွေအဖြစ် စတင် လေ့ကျင့်အသုံးပြုနေတာပါ” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက စတင်အသုံးပြုနေသော အမျိုးသမီးလေသူရဲများတွင် ဇန်နဝါရီလ ၁၆…
-
တိုင်းရင်းသားတပ်များနှင့် ယုံကြည်မှု တည်ဆောက်နိုင်ပြီဟု NUG ထုတ်ပြန်
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်၊ တော်လှန်ရေးသမားများ ဒေသစွဲစိတ် စွန့်လွှတ်ပြီး နိုင်ငံ့အရေး ကြိုးပမ်း ကြရမည်ဟု NUG ယာယီ သမ္မတက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) NUG ယာယီ သမ္မတ ဒူဝါးလရှီးလက ၎င်းတို့နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး ဒေသစွဲစိတ်ကို စွန့်လွှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသွားရန် လိုအပ်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၁) တွင် ပြောကြားသည်။ NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အခုဆိုရင် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့…
-
ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ
ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေ ရန်ကုန်၊ ဇန်နဝါရီ ၂၁ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေ ဟိုတယ်အချို့ ပိတ်သိမ်းထားပြီး လူဝင်လူထွက် မရှိတော့ဘဲ ပုသိမ် -ချောင်းသာ လမ်းပိုင်းတွင် စစ်ဘေးရှောင်ကားများသာ သွားလာနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလပိုင်းမှ စ၍ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ရက္ခိုင့်တပ်တော်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်လာပြီး စစ်တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရပြီးနောက် ချောင်းသာမြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များကလည်း စိုးရိမ်စိတ်ဖြစ်ကာ ဟိုတယ်များကို ပိတ်သိမ်းပြီး ရွှေ့ပြောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိချိန်တွင် ချောင်းသာကမ်းခြေကို အလည်အပတ်ဝင်ရောက်မှုများလည်း သိသိသာသာ လျော့နည်းသွားပြီး ရွှေသောင်ယံမြို့အတွင်း တိုက်ပွဲများသည်လည်း ဆက်လက် ပြင်းထန်နေဆဲဖြစ်ကာ…
-
စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို
စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိဟု MNDAA ၏ လားရှိုးပြန်လည် ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင် ပြောဆို ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကိုးကန့် MNDAA က စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီထားသော်လည်း လားရှိုးမြို့မှ ဆုတ်ခွာရန် မရှိကြောင်း ကိုးကန့် MNDAA ၏ လားရှိုးပြန်လည်ထူထောင်ရေး ပြန်ကြားရေးအဖွဲ့ဝင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် MNDAA နှင့် စစ်ကောင်စီတပ်တို့အကြား လက်ရှိနေရာတွင်ပင် အပစ်အခတ်ရပ်စဲထားရန် ဇန်နဝါရီလ ၁၈ ရက်နေ့တွင် သဘောတူညီခဲ့ကြကြောင်း၊ သို့ရာတွင် လားရှိုးမြို့မှ MNDAA တပ်များ ဆုတ်ခွာမည်ဆိုသော သတင်းများမှာ လုံး၀ မှန်ကန်မှု မရှိကြောင်း ၎င်းက ရှင်းပြသည်။ “အပစ်ခတ်ရပ်စဲတာ…
-
စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ
စစ်ကောင်စီက ငွေစက္ကူကျပ် ၃၁ ထရီလီယံအထိ အလွန်အကျွံ ရိုက်ထုတ်ပြီး တိုင်းပြည်စီးပွားရေးကို ဖျက်ဆီးနေ ဇန်နဝါရီ ၂၁၊ ၂၀၂၅ စစ်ကောင်စီက ကျပ်ငွေ ၃၁ ထရီလီယံအထိ ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်ကာ တိုင်းပြည်ရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်ပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရဲ့ စီးပွားရေးတစ်ခုလုံးကို ဖျက်ဆီးနေပြီး ကုန်စျေးနှုန်းတွေ မတန်မဆ မြင့်တက်ကာ လူထု စီးပွါးရေးချွတ်ခြုံကျ ကျပ်တည်းနေတယ်လို့ ဦးကျော်ဇောကဆိုပါတယ်။ NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇောက ဒီနေ့ ဇန်နဝါရီ ၂၁ရက် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ စစ်အုပ်စုရဲ့ စီးပွားရေးကမောက်ကမ ဖြစ်စေတဲ့ လုပ်ရပ်တွေ၊…