-
မြန်မာ့အာဏာသိမ်းမှု အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် အရေးပေါ်ကာလ သမ္မတထရန့် ၁နှစ်သက်တမ်းတိုး
မြန်မာ့အာဏာသိမ်းမှု အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် အရေးပေါ်ကာလ သမ္မတထရန့် ၁နှစ်သက်တမ်းတိုး အီယိုရီ/People’s Spring မြန်မာ့စစ်အာဏာသိမ်းမှုက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒကို ပုံမှန်မဟုတ်၊ ထူးကဲစွာခြိမ်းခြောက်နေတာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အရေးပေါ်ကာလသက်တမ်း ၁နှစ်တိုးမြှင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ရေးထိုး ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထိုစဉ်က သမ္မတ ဂျိုးဘိုင်ဒန်က မြန်မာ့စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲအခြေအနေများက အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ပုံမှန်မဟုတ် ထူးကဲသောခြိမ်းခြောက်မှုများကို ကိုင်တယ်ဖြေရှင်းဖို့ အပြည်ပြည်ဆိုင်ရာအရေးပေါ်စီးပွါးရေးဆိုင်ရာအာဏာများအက်ဥပဒေအရ အရေးပေါ်အခြေအနေ အတည်ပြုပြဌာန်းခဲ့ပါတယ်။ အဲဒါကို စစ်အာဏာသိမ်းမှု ၄ နှစ်အတွင်း နှစ်စဉ်သက်တမ်းတိုးခဲ့ရာ လက်ရှိသမ္မတ ထရန့်ကလည်း ဖေဖော်ဝါရီ ၄ရက်မှာ လက်မှတ်ရေးထိုး သက်တမ်းတိုးခဲ့တာပါ။ “မြန်မာ့စစ်အာဏာသိမ်းမှုနဲ့ပတ်သက်လို့ အမေရိကန်က လုံးလုံးပစ်မထားဘူးလို့…
-
အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ကျော်သေဆုံးဟု ဗိုလ်မှူးဒါဘော ပြော ■စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ခန့် အင်အားဖြည့်တင်းထားဟုဆို ■အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူနှင့် ဖမ်းမိသူ စုစုပေါင်း ၅၈ဦးရှိ
အောင်ဇေယျစစ်ကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ကျော်သေဆုံးဟု ဗိုလ်မှူးဒါဘော ပြော ■စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ခန့် အင်အားဖြည့်တင်းထားဟုဆို ■အောင်ဇေယျစစ်ကြောင်းမှ အလင်းဝင်လာသူနှင့် ဖမ်းမိသူ စုစုပေါင်း ၅၈ဦးရှိ သတိုး/People’s Spring ကရင်ပြည်နယ်၊ ဒေါနတောင်ပေါ်၌ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းအား တိုက်ခိုက်ခဲ့သည့် ကာလအတွင်း အောင်ဇေယျစစ်ကြောင်းမှ ၅၀၀ကျော် သေဆုံးပြီး လက်ရှိတွင် အဆိုပါစစ်ကြောင်းထံ စစ်မှုထမ်းအပတ်စဉ်(၆)မှ သင်တန်းဆင်း ၆၀၀ကျော် အင်အားဖြည့်ထားကြောင်း ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးသို့ ပြောသည်။ “ကျွန်တော်တို့ ပြန်ပြီးခြုံပြီးသုံးသပ်မယ်ဆိုရင် ဖြုန်းတီးအင်အားနဲ့ သေဆုံးမှုက ၅၀၀ အထက်မှာရှိတယ်။ ဒီအောင်ဇေယျစစ်ဆင်ရေး ဒါကြောင့်လည်း သူတို့ဆက်မတိုးနိုင်တာအခုချိန်အထိ။ အင်အားဖြုန်းတီးမှုတွေ၊ ကျဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေများတဲ့အပေါ်မှာ ရှေ့ဆက်မတိုးနိုင်တာပေါ့” ဟု ဗိုလ်မှူးဒါဘောက ပြောသည်။ ထို့ကြောင့် စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့်…
-
မြန်မာ့အရေးက အမေရိကန်လုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ်ဆက်ရှိနေ
မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့လုံခြုံရေးကို ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး အမျိုးသားအရေးပေါ်အခြေအနေအဖြစ် သက်တမ်း တနှစ် ထပ်တိုးကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် သာမန်မဟုတ်ဘဲ ထူးခြားတဲ့ ခြိမ်းခြောက်မှုဖြစ်နေတာကြောင့် အမျိုးသားအရေးပေါ်အခြေအနေ ဖြစ်တယ်လို့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့ သမ္မတဂျိုးဘိုင်ဒင် လက်ထက်ကတည်းက ထုတ်ပြန်ထားတာပါ။ အခု သမ္မတ ဒေါ်နယ်ထရမ့်ပ် လက်ထက်မှာလည်း ဒီအခြေအနေအတိုင်း ဆက်ရှိနေပြီး သက်တမ်း တနှစ်ထပ်တိုးကြောင်း ဖေဖော်ဝါရီ ၄ ရက် နေ့စွဲနဲ့ သမ္မတအိမ်ဖြူတော်က ကြေညာချက် ထုတ်ပြန်ပါတယ်။ သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး နှစ်ပတ်အကြာမှာ အခုလို ကြေညာချက်ထွက်ပေါ်လာတဲ့အတွက် အမေရိကန်အစိုးရရဲ့ အဓိကကျတဲ့ ရေးရာတွေထဲမှာ…
-
အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ပေးကြရန် ကုလသမဂ္ဂနှင့် နိုင်ငံ တကာသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း မေတ္တာရပ်ခံ
အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ပေးကြရန် ကုလသမဂ္ဂနှင့် နိုင်ငံ တကာသို့ သံအမတ်ကြီးဦးကျော်မိုးထွန်း မေတ္တာရပ်ခံ ရန်ကုန်၊ ဖေဖော်ဝါရီ ၆ အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ မြန်မာကလေးငယ်များနှင့် အနာဂတ်ကို ကယ်တင်ပေးကြရန် ကုလသမဂ္ဂနှင့် နိုင်ငံ တကာသို့ ကုသလမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက မေတ္တာရပ်ခံလိုက်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ပြုလုပ်သော Executive Board of the United Nations Children’s Fund ၏ ၂၀၂၅ ခုနှစ်အတွက် ပထမအကြမ် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ မြန်မာစစ်တပ်က မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်က စ၍ မြန်မာနိုင်ငံရှိ…
-
စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော
စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာအသုံးပြုတဲ့ အလေ့အကျင့်ရှိဖို့ လိုပြီလို့ မီးမှန်မှန် မပေးနိုင်တဲ့ စစ်ကောင်စီရဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်း ပြော ဖေဖော်ဝါရီ ၆၊ ၂၀၂၅ စီးပွားရေးလုပ်ငန်းတွေမှာ ဆိုလာစနစ် အသုံးပြုတဲ့ အလေ့အကျင့်ကို လုပ်ကြဖို့ စစ်အာဏာသိမ်း ဒုခေါင်းဆောင် စိုးဝင်းက ပြောကြားလိုက်ပါတယ်။ နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ် တပ်ဆင်အသုံးပြုမှုကို နမူနာယူပြီး လုပ်ငန်းရှင်တွေလည်း ဆိုလာတပ်ဆင်သင့်ကြောင်း စိုးဝင်းက ဆိုပါတယ်။ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က ဖေဖော်ဝါရီ ၅ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ အခုလို ပြောကြားခဲ့တာပါ။ အာဏာသိမ်းစစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေဟာ တိုင်းပြည်အတွက် လိုအပ်တဲ့ လျှပ်စစ်မီးကို လုံလောက်စွာ…
-
မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက်
မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေ၊ စစ်ကောင်စီလေကြောင်း အလွန်အကျွံသုံး တိုက်ခိုက် ရဲခေါင်/People’s Spring ရှမ်း – ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု အလွန်အကျွံအသုံးပြုနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီ၏ ထိုးစစ်ရက်ပေါင်း ၆၀ကျော် အတွင်း ယမန်နေ့(ဖေဖော်ဝါရီ ၅ရက်)တွင် လေကြောင်းမှ တိုက်ခိုက်မှုအကြိမ်ရေအများဆုံးဟု ကရင်နီစစ် ဘက်သတင်းရင်းမြစ်အချို့ကလည်း ဆိုသည်။ “မိုးဗြဲမှာ မနေ့က တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်။ဒီနေ့ (ဖေဖော်ဝါရီ ၆ ရက်)အထိလည်း စစ်ရေးတင်းမာမှုတွေရှိနေတုန်းပဲ။စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကိုအဆမတန် အသုံးပြုတယ်။အကြိမ်ပေါင်းများစွာလုပ်ခဲ့တယ်”ဟု KNDF တာဝန်ရှိသူက ပြောသည်။ ယမန်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတွင် Y 12၊ဂျက်ဖိုက်တာနှင့် ကင်းထောက်လေယာဥ်များစွာ အသုံးပြုခဲ့ကြောင်းလည်း ကရင်နီစစ်ဘက်သတင်းရင်းမြစ်က အသိပေးသည်။ “နေ့လည်ပိုင်းကတည်း…
-
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်များကို စစ်မှုထမ်းရန်ဟုဆိုကာ စစ်တပ်က ဖမ်းဆီးထား ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား လူငယ်အမျိုးသား များကို စစ်မှု ထမ်း ရန်ဟုဆိုကာ စစ်တပ်က ဖမ်း ဆီး ထားကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၂ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဆွာမင်းလမ်းကျေးရွာအုပ်စု၊ စည်ပင်အေးကျေးရွာနေ ဦးမင်းသောင် ၏ သားဖြစ်သူ မောင်ကျော်ဇင်သက်နှင့် ဦးဌေးလွင်၏ သားဖြစ်သူ မောင်ရဲမင်းအောင် အပါအဝင် လူ ၅ ဦးသည် ပရိုဘောက်ကား 9E/2970 ဖြင့် ပဲခူးမင်္ဂလာ ဆောင်မှ…
-
မီးဖြတ်လိုက်လို့ တရားမဝင်လုပ်ငန်းတွေမှာပါဝင်တယ်လို့ စွပ်စွဲလို့မရတော့ဟု ထိုင်းပြော
ထိုင်းကမီးစဖြတ်တဲ့နေ့ People’s Spring မြန်မာဘက်ခြမ်းမှ ကျားဖြန့်လုပ်ငန်းတွေကို ထိန်းချုပ်ရန်ဖို့ ထိုင်းဘက်ကလျှပ်စစ်မီးအပြင် အင်တာနက်လိုင်းနဲ့ စက်သုံးဆီပေးပို့တာတွေကို ဖြတ်တောက်မယ်လို့ ထိုင်းအစိုးရက ဖေဖော်ဝါရီ ၄ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ -ဖေဖော်ဝါရီ ၅ ရက်နံနက် ကစ၍ ထိုင်းအစိုးရက မြဝတီမြို့နယ်က နှစ်နေရာ၊ မွန်ပြည်နယ်က တစ်နေရာနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ထဲက နှစ်နေရာတို့ကို မီးပေးတာကိုဖြတ်တောက် လိုက်ပါတယ်။ မီးဖြတ်ခံရပြီး မြဝတီမြို့ရှိ ဆေးရုံနဲ့ အောက်ဆီဂျင်စက်ရုံလည်ပတ်မှုရပ်ဆိုင်းပြီး လုပ်ငန်းတွေ စတင်ထိခိုက်ခဲ့တယ်လို့မြို့ခံတွေပြောပါတယ်။ စက်သုံးဆီပါဖြတ်တောက်ခံရမှာစိုးလို့ ပြည်သူတွေ တိုးဝှေ့ဝယ်ယူခဲ့ကြပါတယ်။ မီးဖြတ်တောက်လိုက်ပေမယ့် အင်းကြင်းမြိုင်ဒေသရှိ KK Parkမှာတော့ ဖေဖော်ဝါရီ ၅ ရက်ညဦးပိုင်းမှာ မီးစက်တွေနှိုးပြီး မီးလင်းနေပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴 မီးဖြတ်လိုက်လို့ တရားမဝင်လုပ်ငန်းတွေမှာပါဝင်တယ်လို့ စွပ်စွဲလို့မရတော့ဟု ထိုင်းပြော ~~~ ■…
-
စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပအလုပ်အကိုင်အတွက် ပထမဆုံးအဆင့်ဖြစ်သည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်
စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပအလုပ်အကိုင်အတွက် ပထမဆုံးအဆင့်ဖြစ်သည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင် ရန်ကုန်၊ ဖေဖော်ဝါရီ ၆ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများအားလုံးကို ပြည်ပသို့ သွားရောက် အလုပ်လုပ်ရန် ပထမဦးဆုံးလုပ်ဆောင်ရသည့် ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်း တက်ရောက်ခွင့် စစ်ကောင်စီက တရားဝင် ပိတ်ပင်လိုက်ကြောင်း ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီများက ပြောဆိုသည်။ ယခုဖေဖော်ဝါရီလဆန်းပိုင်းအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်ရန် ပထမဦးဆုံး လုပ်ရသည့် အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းတက်ရောက်ရန်အတွက် လူပေါင်း ရာချီ တင်ပြခဲ့ရာတွင် ၁၄၂ ဦးကို ငြင်းပယ်ခဲ့ကြောင်း၊ ငြင်းပယ်ခံရသူများတွင် အသက်…
-
နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား 🟥 ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား
နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ် ထုတ်ယူသုံးစွဲကြရန် စိုးဝင်း ညွှန်ကြား 🟥 ဆိုလာပြားနှင့်ဓာတ်အားထုတ်စက်များကို မင်းအောင်လှိုင်သားနှင့်ဗိုလ်ချုပ်အသိုင်းအ၀ိုင်းက တင်သွင်းချုပ်ကိုင်ထား ရန်ကုန်၊ ဖေဖော်ဝါရီ ၆ နေပြည်တော်စစ်ရုံးပင် ဆိုလာဓာတ်အားပေးစနစ်သုံးနေရပြီး လုပ်ငန်းရှင်များအားလုံး ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်ထုတ်ယူသုံးစွဲကြရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ညွှန်ကြားလိုက်သည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းအစည်းအဝေးတွင် အကြမ်းဖက် စိုးဝင်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက လျှပ်စစ်ရရှိရေးအတွက် တင်ပြချက်များ ရရှိကြောင်း၊ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အသိပညာပေးလိုသည်မှာ နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံးအတွင်း ၂၀ မဂ္ဂါဝပ်ရှိ ဆိုလာဓာတ်အားပေးစနစ်ကို လွန်ခဲ့သည့်…