ငွေဆောင်သဘောတူညီချက် ၇ ချက်က ဘာတွေလဲ

by

in

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးနဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် ၇ ချက်ကို မြန်မာ့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာပါတယ်။
ဘီဘီစီက ဒီသဘောတူညီချက် မူရင်းကို ဖတ်ရှုခွင့်ရခဲ့ပြီး တိုင်းပြည်ရဲ့နိုင်ငံရေးလက်ငင်းလိုအပ်ချက်ဟာ ‘’ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လို့ အစပြုထားပါတယ်။
ဒီအခြေအနေကို ရောက်ရှိရေးအတွက် သက်ဆိုင်သူအားလုံးလက်ခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်တဲ့နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် လိုအပ်တယ်လို့ ဒုတိယအချက်အနေနဲ့ ဖော်ပြထားပါတယ်။
‘’ငွေဆောင်သဘောတူညီချက်’’ရယ်လို့ လူသိလာကြတဲ့ဒီသဘောတူညီချက်ထဲမှာ နောက်ထပ် ဘယ်လိုအချက်တွေကို အဆင့်လိုက် အကြံပြုထားတာမျိုးရှိပါသလဲ။

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေး နဲ့ နိုင်ငံအနှံ့ကစစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်ထားရေးအပါအဝင် ငွေဆောင်သဘောတူညီချက် ၇ ချက်ကို မြန်မာ့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးစရာ အကြောင်းအရာ ဖြစ်လာပါတယ်။

ဘီဘီစီက ဒီသဘောတူညီချက် မူရင်းကို ဖတ်ရှုခွင့်ရခဲ့ပြီး တိုင်းပြည်ရဲ့နိုင်ငံရေးလက်ငင်းလိုအပ်ချက်ဟာ ‘‘ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လို့ အစပြုထားပါတယ်။

အဆိုပါအခြေအနေကို ရောက်ရှိရေးအတွက် သက်ဆိုင်သူအားလုံးလက်ခံတဲ့ ဖက်ဒရယ် ဒီမိုကရေစီကို ဦးတည်တဲ့နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ် လိုအပ်တယ်လို့ ဒုတိယအချက်အနေနဲ့ ဖော်ပြထားပါတယ်။

နိုင်ငံရေးဘုံသဘောတူညီချက်တစ်ရပ်ရရှိရေးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့စစ်ပွဲတွေကို ရောက်တဲ့နေရာမှာ ရပ်တန့်ဖို့ လိုအပ်တယ် လို့ သဘောတူညီချက်မှာ ဆိုထားပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် နိုင်ငံတကာရဲ့ အကူအညီတွေလိုပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်အချိန်ကာလ သတ်မှတ်ဖို့လည်း ထည့်ထားပါတယ်။

ဆွေးနွေးပွဲကာလအတွင်း အသွင်ကူးပြောင်းရေးဆိုင်ရာ စီမံခန့်ခွဲရေးယန္တရားတစ်ရပ်ကို အဓိကကျတဲ့သက်ဆိုင်ရာအစုအဖွဲ့တွေနဲ့ ဖွဲ့စည်းဖို့ လိုအပ်တဲ့အကြောင်း လည်း ထည့်သွင်းထားပါတယ်။

နောက်ဆုံးအချက်အနေနဲ့ ပြန်လည်ထူထောင်ရေးနဲ့ ကုစားရေးလုပ်ငန်းတွေအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

မနှစ်က ဆောင်းရာသီမတိုင်ခင် ငွေဆောင်ကမ်းခြေမှာ နိုင်ငံရေးအင်အားစုတွေ ဆွေးနွေးသဘောတူခဲ့တာဖြစ်ပေမဲ့ လူသိရှင်ကြားမဖြစ်ခဲ့ပါဘူး။

ဆွေးနွေးပွဲမှာပါဝင်သူ ၈၈ မျိုးဆက် ကိုမြအေးက မဇ္စျိမ သတင်းဌာနနဲ့ အင်တာဗျူးမှာ ထုတ်ပြောလိုက်တဲ့နောက် အခုလိုဆွေးနွေးလာကြတာဖြစ်ပါတယ်။