NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို

NUG လက်အောက်ခံ မဟုတ်တဲ့ တော်လှန်ရေးအင်အားစုတွေ ၀င်ရောက်ပူးပေါင်းပေးဖို့ NUG တောင်းဆို
နို၀င်ဘာ ၂၅၊၂၀၂၄

NUG လက်အောက်ကမဟုတ်ဘဲ စစ်အာဏာရှင်ကိုတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုများ၀င်ရောက်ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ဖို့အမျိုသားညီညွတ်ရေးအစိုးရ NUG ကတိုက်တွန်း တောင်းဆိုလိုက်ပါတယ်
NUG လက်အောက်ခံ PDFတပ်ရင်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီနေ့မှာ ကျရောက်တဲ့ ၁၀၄နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာမှ တဆင့်ဖိတ်ခေါ်လိုက်တာပါ။
ပြန့်ကျဲနေတဲ့ မဟာမိတ်တော်လှန်ရေး အင်အားစုအသီးသီးကို NUGအစိုးရရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF တပ်ရင်းတွေနဲ့ အတူချိတ်ဆက်ပူးပေါင်းပါက ပိုမိုထိရောက်နိုင်ကြောင်း ဖော်ပြရေးသားထားပါတယ်။
တစ်ဆက်တည်းမှာပဲ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေး အတွက်လည်း အတူတကွကြိုးစားကြဖို့ကို NUGအစိုးရက တိုက်တွန်းပါတယ်။
အတိတ်သမိုင်းကို သင်ခန်းစာယူပြီး စစ်အာဏာရှင်စနစ်ကို မြန်မာနိုင်ငံတဝှမ်းလုံးက ကျောင်းသား၊ရှင်၊လူ၊ပြည်သူတရပ်လုံးအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအားလုံး စုစည်းညီညွတ်စွာနဲ့ တွန်းလှန်တိုက်ဖျက်ဖို့လဲလိုအပ်ပြီဖြစ်ကြောင်း ဖော်ပြထားပါတယ်။