Author: admin
-
မြေပြန့်မဟာဗျူဟာထိုးစစ် အားကောင်းရေး စစ်ရေးပူးပေါင်းမှုမပြုရသေးသည့် တော်လှန်ရေးတပ်ဖွဲ့များအား NUG ဖိတ်ခေါ်
မြေပြန့်မဟာဗျူဟာထိုးစစ် အားကောင်းရေး စစ်ရေးပူးပေါင်းမှုမပြုရသေးသည့် တော်လှန်ရေးတပ်ဖွဲ့များအား NUG ဖိတ်ခေါ် ဟန်နွေ/People’s Spring မြေပြန့်မဟာဗျူဟာထိုးစစ်တွင် ထိရောက်သည့် အားဖြစ်စေရေးအတွက် စနစ်ကျသည့် စုဖွဲ့မှုမျိုးနှင့် ပူးပေါင်းမှုများအရေးကြီး၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ရေးပူးပေါင်းရန် သဘောတူညီမှုရှိမထားသည့် တော်လှန်ရေးတပ်ဖွဲ့များ အတူတကွ ပူးပေါင်းဆောင်ရွက်လာနိုင်ရေး လမ်းဖွင့်ထားကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်က ပြောကြားသည်။ NUG၏ ရပ်တည်ဆောင်ရွက်မှုနှင့် တော်လှန်ရေး အခြေအနေကို လူထုနှင့် နိုင်ငံတကာသို့ အသိပေးသည့် အစီအစဉ်တွင် ယခုကဲ့သို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပဌိဉာဉ်ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ ပပျောက်ရေး၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အရပ်သားပြည်သူ့အစိုးရ ပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များ အလုံးစုံပြီးမြောက်စေရန်အတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်နေသကဲ့သို့ ပြည်သူ့နွေဦး တော်လှန်ရေးကာလအတွင်း…
-
“တပ်ရင်း ၁၃ရင်း သိမ်းလိုက်ပီတဲ့ ဘပုအိပ်လို့ပျော်ပါမလား😍😋”
“တပ်ရင်း ၁၃ရင်း သိမ်းလိုက်ပီတဲ့ ဘပုအိပ်လို့ပျော်ပါမလား😍😋”
-
သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက်
သပိတ်ကျင်းရှိ အမှတ် ၁၃ တပ်မတော် တန်းမြှင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်း တို့ကို ပိတ်ဆို့တိုက်ခိုက် ရန်ကုန်၊ နိုဝင်ဘာ ၁၃ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ အမှတ် ၁၃ တပ်မတော် တန်းမြင့်သင်တန်းကျောင်း၊ ၇ မိုင်စခန်းနှင့်ကျောက်ကြီးစခန်းတို့ကို ပိတ်ဆို့တိုက်ခိုက်လျက်ရှိ ကြောင်း ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာ အကြမ်းဖက်စစ် တပ်စခန်းကို TNLA နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA တို့က စတင်တိုက်ခိုက်ရာ ညနေ ၄ နာရီမှာ တွင်းငယ် တပ်စခန်းမှ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသည့်အတွက် တွင်းငယ်ကျေးရွာတခုလုံးကို အောင်မြင်စွာ…
-
ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်…
ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်… နိုဝင်ဘာ ၁၃၊ ၂၀၂၄ ၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ် နယ်မြေဆီ ထွက်ပြေးရောက်ရှိနေတဲ့ စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် “ရေတော်ငနိုင်” အပါအဝင် စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ပျူစောထီး လက်နက်ကိုင်တွေ၊ ဆည်သည်၊ ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း၊ ရေတော်ဘက်က ပျူစောထီးခေါင်းဆောင်တွေ စုစုပေါင်း ပျူစောထီး အယောက် (၁၀၀)…
-
မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင်
မင်းအောင်လှိုင် တရုတ်မှ ပြန်လာပြီးနောက် ကရင်နီ၊ ရခိုင်နှင့် ရှမ်းမြောက်တို့ တွင် စစ်ကူ အင်အား အလုံးအရင်းဖြင့် ဖြည့်ဆည်းလာ၊ နိုဝင်ဘာလ တာဝန်ချဇယားအရ စစ်လေယာဉ်အတက်အဆင်း များပြားနေ၍ လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်နိုင် ရန်ကုန်၊ နိုဝင်ဘာ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာပြီးနောက် ကယား(ကရင်နီ)၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် စစ်ကူအင်အားများ အလုံး အရင်းဖြင့် ဖြည့်ဆည်းလာကြောင်း ဒေသသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲခေါင်အစည်းဝေး တက်ရောက်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြန် လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့၊…
-
ဖလမ်းမြို့သိမ်းတိုက်ပွဲ ခလရ ၂၆၈ မှအပ ကျန်နေရာများကို ချင်းညီနောင်သိမ်းပိုက်ထား ▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ
ဖလမ်းမြို့သိမ်းတိုက်ပွဲ ခလရ ၂၆၈ မှအပ ကျန်နေရာများကို ချင်းညီနောင်သိမ်းပိုက်ထား ▪︎စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ အိမ်သွင်/People’s Spring ချင်းညီနောင်အဖွဲ့က တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ အမှတ် ၂၆၈ ခြေ လျင်တပ်ရင်း( ခလရ၂၆၈) မှလွဲ၍ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး လက်နက်ချအလင်းဝင်ကြောင်း သတင်းရရှိသည်။ ” ရဲစခန်းနဲ့ထွေအုပ်ရုံးကို ရထားတာ၂ ရက်ရှိပြီ။ ချင်းရဲဘော်တွေက သတင်းမထုတ်ပြန်သေးတာ။ ကျန်နေတာက ခလရ ၂၆၈။ တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ကလေးမြို့ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာပါ” ဟု ဖလမ်းမြို့မှ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။ လက်နက်ချအလင်းဝင်သူ ၄၀ဦးတွင် အရာရှိအချို့ပါဝင်ကြောင်း သိရသော်လည်း ချင်းညီနောင်အဖွဲ့က တရားဝင်သတင်းမထုတ်ပြန်သေး၍ အသေးစိတ်မသိရသေးပေ။တိုက်ပွဲအတွင်း၌ ချင်းညီနောင်အဖွဲ့ထိခိုက်ကျဆုံးမှု အချို့လည်းရှိနေကြောင်း သတင်းရရှိသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို…
-
မင်္ဂလာဒုံမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း(ဘိုခြံလမ်း) ပေါ်ရှိ ၏ ရွှေနံ့သာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံတချို့ ထိခိုက်မှုရှိကြောင်း Operation Flame (OF)မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၆ နာရီ ၅၅ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်လမ်း (ဘိုခြံလမ်း)ပေါ်ရှိ ရွှေနံံ့သာရပ်ကွက်အုပ်ချုပ်ရေးးမှူးရုံးကို အဝေးထိန်းမိုင်းအသုံးပြုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအပြီး စစ်ကောင်စီလက်အောက်ခံ တချို့ ထိခိုက်မှုအချို့ရှိခဲ့ကြောင်း ၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေးအဖွဲ့သားများအားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။ “အဲ့ဒီရုံးမှာ စခတွေရယ် စခ နောက်လိုက် လူမိုက်တွေရယ် အမြဲရှိပါတယ်။…
-
တံတားဦးမြို့တွင် စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားလုပ်သားများ အလုပ်သွားရန် အခက်တွေ့
တံတားဦးမြို့တွင် စစ်တပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားလုပ်သားများ အလုပ်သွားရန် အခက်တွေ့ အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ တံတားဦးမြို့တွင် စစ်ကောင်စီတပ်က လူငယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေ၍ နေ့စားအလုပ်သမားများ အလုပ်သွားလာရန် အခက်တွေ့နေကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းမှစတင်ကာ တံတားဦးမြို့ပေါ်နှင့် အင်းဝမြို့ဟောင်း၊ ဒုဌဝတီတံတားပေါ်တို့၌ စစ်ကောင်စီတပ်က နာရေးကူညီမှုအသင်းကားများအား ချောဆွဲကာ လိုက်လံဖမ်းဆီးခဲ့ရာ လူငယ် ၇၀ကျော် ဖမ်းဆီးခံခဲ့ရသည်။ ထို့အပြင် ယမန်နေ့(နိုဝင်ဘာ ၁၁ ရက်)တွင်လည်း စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးနေ၍ တံတားဦးမြို့နယ်မှ မန္တလေးမြို့သို့ အလုပ်သွားရောက်လုပ်ကိုင်မည့် ပန်းရံ၊ လက်သမား၊ ဆေးသုတ်နေ့စားသမားများ၊ ကုမ္ပဏီဝန်ထမ်းနှင့် အခြားစျေးရောင်းစျေးဝယ်ပြုလုပ်သူများမှာ မသွားရဲတော့ဘဲ အလုပ်ရပ်နားထားရကြောင်း ဒေသခံများက ပြောသည်။ “အလုပ်တောင် မသွားရဲကြတော့ဘူး။ကျွန်တော်တို့ဘက်တွေဆို တစ်ရက် ယောက်ျားလေး…
-
ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)တိုက်ခိုက်မှု တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဟု မိတ္ထီလာ ပကဖပြော
ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉)တိုက်ခိုက်မှု တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးဟု မိတ္ထီလာ ပကဖပြော ▪️ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ပြီး အရာရှိ ၂ဦးအပါအဝင် ၆ဦးထက်မနည်းထိခိုက်၊ Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများပျက်စီးဟုဆို ဇေအောင်/People’s Spring တစ်လေးလုံး ရွှေလင်းယုန်ဒရုန်းအထူးစစ်ဆင်ရေးအဖြစ် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉)တို့အား ဒရုန်း ၂၄စီးဖြင့်တိုက်ခိုက်ခဲ့ရာ အရာရှိ ၂ ဦးအပါအဝင် ၆ဦးထက်မနည်း ထိခိုက်ခဲ့ပြီး Y12 လေယာဥ်နှစ်စီးနှင့် အခြားအဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ဦးနောင်ချိုက ပြောသည်။ ယမန်နေ့(နိုဝင်ဘာ ၁၁ရက်) နံနက် ၄နာရီကစ၍ စစ်ကောင်စီအဖွဲ့ဝင် အများအပြားစိုးမိုးထိန်းချုပ်ရာမြို့ဖြစ်သော မိတ္ထီလာမြို့ရှိ လကသ (လေကြောင်းအတတ်သင်)အရာရှိအိမ်ရာ၊ခဲယမ်းသိုလှောင်ရုံ၊လထခ(လေကြောင်းထုတ်လုပ်) အရာရှိရိပ်သာနှင့် တပ်မ (၉၉ )ဌာနချုပ်နေရာများအား ဒရုန်း ၂၄ စီးဖြင့်တိုက်ခိုက်ခဲ့ရာ ရှမ်းတဲလေတပ်နှင့်…
-
မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု လူ၂၀ သေဆုံး
မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်မှု လူ၂၀ သေဆုံး အိမ်သွင်/People’s Spring မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် ညက စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ အမျိုးသား ၁၆ ဦးနှင့်အမျိုးသမီး လေးဦး စုစုပေါင်း ၂၀ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က အတည်ပြုသည်။ မိုးကုတ်မြို့လယ်ဦးရပ်ကွက်၊ လူးထရပ်ကွက်နှင့် မြို့ဦးရပ်ကွက်တို့ကို ယမန်နေ့ည ၁၁နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် စုစုပေါင်း လူ၂၀ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၃ဦးတွင် ကလေးငယ်တစ်ဦးပါဝင်သည်ဟု TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောသည်။ မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော်(TNLA)၊PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ပြီးခဲ့သည့် ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်၂၄ရက်တွင်သိမ်းယူခဲ့သည်။ မိုးကုတ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့်…