Uncategorized

မြ၀တီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး သံချပ်ကာ ၁ စီး၊ စစ်သုံး ယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

မြ၀တီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး သံချပ်ကာ ၁ စီး၊ စစ်သုံး ယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ■မြ၀တီ အမှတ် ၂ တံတားတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးပြီး တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး စိုးမင်းထက် အပါအဝင် စစ်သာ ၃၀ ဦးဒဏ်ရာရ ရန်ကုန်၊ ဧပြီ ၂၂ ကရင်ပြည်နယ်၊ မြ၀တီသို့ စစ်ကူလာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၆ ဦးသေဆုံးပြီး သံချပ်ကာ ၁ စီး၊ စစ်သုံး ယာဉ် ၂ စီးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ […]

Uncategorized

မေမြို့နဲ့ နောင်ချိုကြားမှာ စစ်အုပ်စုနဲ့ MDY-PDF တိုက်ပွဲ ပြင်းထန်၊ စစ်အုပ်စုက ဘုန်းကြီးကျောင်းတွေကို လေကြောင်း ဗုံးကြဲ၊

မေမြို့နဲ့ နောင်ချိုကြားမှာ စစ်အုပ်စုနဲ့ MDY-PDF တိုက်ပွဲ ပြင်းထန်၊ စစ်အုပ်စုက ဘုန်းကြီးကျောင်းတွေကို လေကြောင်း ဗုံးကြဲ၊ ဒေါ်လာ၊ ထင်လင်း/MFP ၊ ဧပြီ – ၂၂ မန္တလေးတိုင်း၊ မေမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကြားက သရက်ကုန်းရွာအနီးမှာ မနေ့က စစ်အုပ်စုနဲ့ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့နယ် သရက်ကုန်းရွာဟာ မေမြို့နဲ့ (၁၀)မိုင်ခန့်သာ ကွာဝေးပြီး အဲ့ဒီ သရက်ကုန်းရွာ စစ်အုပ်စု စခန်းကို MDY-PDF က ဧပြီ(၁၅)ရက်မှာ စီးနင်းတိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်အုပ်စု အလောင်း(၂၀)ကျော်နဲ့ လက်နက်(၄၀)ကျော် သိမ်းဆည်း ရရှိထားပါတယ်။ သရက်ကုန်းရွာအနီး မနေ့က […]

Uncategorized

ဒရုန်းဖြင့် ဗုံးကျဲခံရသည့် ဒဏ်ရာမှ သက်သာလာသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီ အစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင် လူလုံးထွက်ပြတော့မည်

ဒရုန်းဖြင့် ဗုံးကျဲခံရသည့် ဒဏ်ရာမှ သက်သာလာသည့် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်ကောင်စီ အစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင် လူလုံးထွက်ပြတော့မည် ရန်ကုန်၊ ဧပြီ ၂၂ မွန်ပြည်နယ်တွင် ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိသွားခဲ့သော ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဒဏ်ရာမှ ပြန်လည်သက်သာသည့်အတွက် စစ်ကောင်စီအစည်းအဝေးများနှင့်ရုံးလုပ်ငန်းများ ပုံမှန် လုပ်ဆောင်ကာ ပြန်လည် လူလုံးပြတော့မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ “လက်နဲ့ ပခုံးမှာ ဒဏ်ရာရတာက သက်သာနေပြီ။ မကြာခင် အစည်းအဝေးတွေနဲ့ ရုံးလုပ်ငန်းတွေ ပုံမှန်လုပ်တော့မယ်။ လူလုံးထွက်ပြတော့မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ဒုစစ်ခေါင်းဆောင် စိုးဝင်းသည် ဧပြီလ ၃ ရက်နေ့ ဗထူးတပ်နယ်သို့သွားရောက်ခဲ့သည့် ခရီးစဉ်မှစ တင်၍ လူမြင်ကွင်းမှ လုံး၀ ပျောက်ကွယ်သွားခဲ့ကြောင်း၊ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် […]

Uncategorized

တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်း

တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်း ရန်ကုန်၊ ဧပြီ ၂၂ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပုဂ္ဂလိက အောင်ရတနာဆေးရုံကို CDM ဆရာဝန်များ လက်ခံထားမှုဖြင့် စစ်ကောင်စီက ပိတ်သိမ်းခိုင်းလိုက်ကြောင်း ကျန်းမာရေးအသိုင်းအ၀ိုင်းက ပြောဆိုသည်။ လာမည့်မေလမှစတင်ပြီး အောင်ရတနာဆေးရုံကို ​CDM ဆရာဝန်များ လက်ခံထားမှုဖြင့် သိမ်းခိုင်းခြင်းဖြစ်ကြောင်း၊ ရန်ကုန်တွင် ပုဂ္ဂလိကပင်လုံဆေးရုံကိုလည်း CDM ဆရာဝန်များ လက်ခံမှုဖြင့် ယင်းကဲ့သို့ ပိတ်သိမ်းခိုင်းမှုရှိခဲ့ကြောင်း၊ ပုဂ္ဂလိက ဆေးရုံများ ပိတ်သိမ်းခံရချိန်တွင် စစ်တပ်ဆရာဝန်များက ပုဂ္ဂလိကကျန်းမာရေးကဏ္ဍတွင် ပုံစံမျိုးစုံဖြင့် လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နေကြောင်း သိရှိရသည်။ “စစ်ဆေးရာဝန်တွေေဖွင့်ထားတဲ့​နေရာ​တွေမှာတော့ လုပ်ချင်တာလုပ်။ ထိုင်ချင်တဲ့သူထိုင်။ ​အေး​ဆေးပဲ။ အခြား ပုဂ္ဂလိကဆေး ရုံတွေကိုတော့ Surprise check လာရတာနဲ့ လိုင်စင်ကို […]

Uncategorized

မြဝတီကိုစစ်ကူလာတဲ့ “အောင်ဇေယျ” စစ်ကောင်စီယာဥ်တန်းကို KNLA / PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ပြီး သံချပ်ကာနှင့်စက်သေနတ်တပ်တပ်ဆင်ထားသည့်ယာဥ်တွေ ရရှိခဲ့တယ်သည့် ရုပ်သံမှတ်တမ်း။

မြဝတီကိုစစ်ကူလာတဲ့ “အောင်ဇေယျ” စစ်ကောင်စီယာဥ်တန်းကို KNLA / PDF ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ပြီး သံချပ်ကာနှင့်စက်သေနတ်တပ်တပ်ဆင်ထားသည့်ယာဥ်တွေ ရရှိခဲ့တယ်သည့် ရုပ်သံမှတ်တမ်း။ (Video – KNLA/ Cobra Column) Apr-22 #Salweenpress #KNU #KNLA #PDF

Uncategorized

ဒေါနတောင်ခြေ တိုက်ပွဲ စစ်ကောင်စီထံမှ သံချပ်ကာယာဉ် ၁စီး သိမ်းရဟု KNLA ပူးပေါင်းတပ်မှ တပ်မှူး အတည်ပြု

ဒေါနတောင်ခြေ တိုက်ပွဲ စစ်ကောင်စီထံမှ သံချပ်ကာယာဉ် ၁စီး သိမ်းရဟု KNLA ပူးပေါင်းတပ်မှ တပ်မှူး အတည်ပြု -ဟန်နွေ/People’s Spring ကရင်ပြည်နယ် မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ရာ ယမန်နေ့ ဧပြီ ၂၁ရက် တိုက်ပွဲတွင် သံချပ်ကာယာဉ် ၁စီး သိမ်းပိုက်ရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးက အတည်ပြု​ပြောကြားသည်။ မြ၀တီသို့လာရန်ကြိုးစား​နေသည့် စစ်ယာဉ်တန်းကို ဧပြီ ၂၁ ရက်တွင် KNLA၊ PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း သံချပ်ကာယာဥ် ၁ စီး၊ စက်သေနတ်တပ် စစ်သုံးယာဥ် ၂ စီးအပြင် အော်လီဂန်း တစ်လက်၊ ပွိုင့်ဖွိုက် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း BAP […]

Uncategorized

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးများကို ဒရုန်းဖြင့် ကျဲချပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးရဲဘော်များ မူးဝေ၊ အော့အန်မှုများ ခံစားရ (ရုပ်/သံ)

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးများကို ဒရုန်းဖြင့် ကျဲချပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးရဲဘော်များ မူးဝေ၊ အော့အန်မှုများ ခံစားရ (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂၂ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ သော အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံး ကျဲချပြီး စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ မူးဝေ၊ အော့န်ပြီး မြို့၏ တချို့နေရာများမှ ယာယီဆုတ်ခွာရကြောင်း ကျားဖြူစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ ကော့ကရိတ်မြို့အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ-၉၇ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက ကော့ကရိတ်မြို့မြောက် ခြမ်းသို့ ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးများ ကျဲချကာ အင်အား […]

Uncategorized

ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ)

ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂၁ ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြင်းကျဒိုး ရဲစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး ဒုတပ်ကြပ် ၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Ywangan PDF – JPRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၁၀ […]

Uncategorized

◼️တံတားဦးလေဆိပ် လုံခြုံရေး လှည့်ကင်းပတ်နေတဲ့ စကစရဲ့ ကား တစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦး သေဆုံးခဲ့

◼️တံတားဦးလေဆိပ် လုံခြုံရေး လှည့်ကင်းပတ်နေတဲ့ စကစရဲ့ ကား တစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်မှု ၄ ဦး သေဆုံးခဲ့ ၂၁ ဧပြီ ||| နွေဦးအသံ ||| မန္တလေး၊ တံတားဦးလေဆိပ် လုံခြုံရေး လှည့်ကင်းပတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အင်အား ၈ ဦး ခန့် ကားတစီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ဧပြီ ၂၁ ရက်၊ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စကစ တပ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အင်အား ၈ ဦးခန့်ပါတဲ့ စကစရဲ့ ကားတစီးကို ခရိုင်ပတ်လမ်းအတိုင်း တံတားဦးလေတပ်သို့ မောင်းနှင်လာစဉ် လမ်းခုလပ်တ‌နေရာအရောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားအနောက်ပိုင်းကြွတက်သွားပြီး လမ်းဘေးယာဘက်သို့ထိုးရပ်ကျသွားကြောင်းနဲ့ […]