-
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား များ ထိုင်းဘက်သို့ ထွက်ပြေးလာကာ ထိုင်းစစ်တပ်က အကူအညီပေးထား
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး စစ်ကောင်စီတပ်သား များ ထိုင်းဘက်သို့ ထွက်ပြေးလာကာ ထိုင်းစစ်တပ်က အကူအညီပေးထား ရန်ကုန်၊ မတ် ၁၄ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ပူလူတူစခန်းကို KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီး မြန်မာစစ်သားများ သေဆုံးခြင်းနှင့် ထိုင်းဘက်သို့ ထွက်ပြေးလာမှုများရှိနေကြောင်း Maesot Media အပါအဝင် ထိုင်းသတင်းဌာနတချို့က သတင်းဖော်ပြသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ စစ်ကောင်စီလက်အောက်ခံ ခလရ ၃၁ တပ်ရင်း၏ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် တောက်လျှောက် ခုခံခဲ့ရာမှ ယနေ့…
-
PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား
PDF နှင့် မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းပြီး နိုင်ငံအနှံ့ ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စတင်ဖို့ အချိန်တန်ပြီဟု NUG ကာကွယ်ရေးဝန်ကြီး ပြောကြား မတ် ၁၃၊ ၂၀၂၅ PDF နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး တစ်နိုင်ငံလုံးမှာ နေရာစုံစစ်မျက်နှာဖွင့်ကာ အထွေထွေ ထိုးစစ်ဆင်နွှဲဖို့ အချိန်တန်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ အထွေထွေထိုးစစ် ဆင်နွှဲပြီး စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးဖို့ မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားလိုက်တာပါ။ “ PDF ပကဖနဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေ ထိုးစစ်ကြီးတရပ်ကို…
-
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ နည်းပညာမြင့် ဒရုန်းများကို ဆက်တိုက်အသုံးပြုနေပြီး အမှတ် ၇ ကပစ စက်ရုံက ပေါက်ကွဲအား ပြင်းထန်သော ဗုံးများ တိုးထုတ်နေ
စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ နည်းပညာမြင့် ဒရုန်းများကို ဆက်တိုက်အသုံးပြုနေပြီး အမှတ် ၇ ကပစ စက်ရုံက ပေါက်ကွဲအား ပြင်းထန်သော ဗုံးများ တိုးထုတ်နေ ရန်ကုန်၊ မတ် ၁၄ အကြမ်းဖက်စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများတွင် ပြင်းအားမြင့် ဗုံးများ၊ ရုရှား နည်းပညာသုံး အဆင့်မြင့် ဒရုန်းများကို အရေအတွက် အများအပြားဖြင့် ဆက်တိုက်အသုံးပြုလာနေသဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များ အထူး သတိပြုရန်လိုအပ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က သတိပေးပြောဆိုသည်။ စစ်ကောင်စီက ယခင်က တရုတ်လုပ်ဒရုန်းများကို အဆင်မြှင့်တင်၍ အသုံးပြုခဲ့ပြီးနောက် ယခုအခါ ရုရှားလုပ်ဒရုန်းများကိုပါ တိုးမြှင့် သုံးစွဲလာကြောင်း၊ အထူးသဖြင့် ဒရုန်းများတွင် ပေါက်ကွဲအား ပြင်းသော ဗုံးများကို ယခင်ထက် ပိုမို တင်ဆောင် အသုံးပြုလာနိုင်ပြီး အချို့သော ဒရုန်းများမှာ…
-
ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို အသုံးမပြုရန် ကရင်နီတပ်ပေါင်းစုညွန်ကြား
ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို အသုံးမပြုရန် ကရင်နီတပ်ပေါင်းစုညွန်ကြား ရဲခေါင်/People’s Spring စစ်ကောင်စီ၏တန်ပြန်ထိုးစစ်ကြောင့် ကရင်နီပြည် ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို မတ်လ ၁၂ ရက်မှစ၍ စစ်ဆင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်း မှလွဲ၍ အသုံးမပြုရန် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ညွန်ကြားလိုက်သည်။ ထို့ကြောင့်အဆိုပါလမ်းပိုင်းတွင် စီးပွားရေး၊လူမှု ရေးကိစ္စရပ်များဖြင့်ဖြတ် သန်းသွားလာခြင်းမလုပ်ရန်နှင့် နောက်ထပ်အမိန့်မထုတ်ပြန်မီအထိ လိုက် နာရန် ညွှန်ကြားထားသည်။ ကရင်နီပြည်နယ်အတွင်းလက်ရှိစစ်ရေးအခြေ အနေအရ ဘောလခဲ မှ စစ်ကောင်စီတပ်သည် တန်ပြန် ထိုးစစ်ဆင်နေ၍ ပြည်သူလူထု၏ လုံခြုံ ရေးကို ရှေးရှုရန် အသိပေးခြင်းဖြစ်သည်ဟုသိရသည်။ “ဒီစာကတော့ တပ်တွင်းထဲမှာပဲထုတ်တဲ့စာ ဖြစ်ပါတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြော သည်။ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့၏ လမ်းပိုင်းအသိ ပေးစာအရ ကရင်နီပြည် တပ်မတော် KA၊ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက် ရေးတပ်ဦး…
-
တစ်နိုင်ငံလုံးတွင် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲ၍ စစ်အာဏာသိမ်းမှုအဆုံး သတ်ပေးရန် NUG ကာကွယ်ရေးဝန်ကြီး အသိပေးကြေညာ
တစ်နိုင်ငံလုံးတွင် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲ၍ စစ်အာဏာသိမ်းမှုအဆုံး သတ်ပေးရန် NUG ကာကွယ်ရေးဝန်ကြီး အသိပေးကြေညာ ရန်ကုန်၊ မတ် ၁၃ တစ်နိုင်ငံလုံးတွင် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီးတစ်ရပ် ဆင်နွှဲ၍ စစ်အာဏာသိမ်းမှုအဆုံး သတ်ပေးရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးကြေညာလိုက်သည်။ မတ်လ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တပ်မှူးသင်တန်း အပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲ သို့ ပေးပို့သော သဝဏ်လွှာ ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံများ ရယူခဲ့ပြီးသဖြင့် PDF ၊ ပကဖ နှင့်မဟာမိတ်တော်လှန်ရေး အဖွဲ့ များအားလုံးလက်တွဲကာ စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားဖြင့် အထွေထွေထိုးစစ်ကြီး စစ်ဆင်နွှဲ၍ စစ်အာ ဏာသိမ်းမှုအဆုံးသတ်ကြရတော့မည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြော ကြားသည်။ “တော်လှန်ရေး အစောပိုင်းကာလမှာ…
-
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မှာ အလောင်းစွန့်ပစ်ခဲ့သည့် IRIS Beauty Clinic ဆေးခန်းပိုင်ရှင်ကို မန္တလေးမှာ ဖမ်းမိ
ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်မှာ အလောင်းစွန့်ပစ်ခဲ့သည့် IRIS Beauty Clinic ဆေးခန်းပိုင်ရှင်ကို မန္တလေးမှာ ဖမ်းမိ ၂၀၂၅ ၊ မတ် ၁၂ အလှအပရေးရာ ဆေးခန်းတွင် ကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်အလောင်းစွန့်ပစ်ခံရသည့် မဇာခြည်ဦးသေဆုံးမှုမှ အဓိကသံသယရှိသူကို မန္တလေးမြို့၌ဖမ်းဆီးရမိခဲ့ကြောင်း သတင်းများအရ သိရသည်။ အဆိုပါဖြစ်ရပ်မှာ ၂၀၂၄ခုနှစ်၊ဒီဇင်ဘာ ၂၇ ညပိုင်းက ဖြစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ဖွင့်လှစ်ထားသော လိုင်စင်မဲ့ IRIS Beauty Clinic အလှအပရေးရာ ဆေး ခန်းသို့ နာမည်ကျော်စားသောက်ဆိုင်ကြီးတစ်ခုမှ စာရင်းကိုင်ချုပ် မဇာခြည်ဦးမှကိုယ်ခန္ဓာအဆီစုပ်ထုတ်ရန် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ပြီးနောက် သူမအလောင်းကို ဆေးခန်းက စွန့်ပစ်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ဇန်န ဝါရီလ ၂ရက်နေ့ ၌ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်…
-
ကရင်နဲ့မွန်ကို စစ်ရေးတာဝန်ယူတဲ့ ရတခရဲ့ ဒုတိုင်းမှုးနေရာ စစ်ကောင်စီ လူသစ်လဲကစား
ကရင်နဲ့မွန်ကို စစ်ရေးတာဝန်ယူတဲ့ ရတခရဲ့ ဒုတိုင်းမှုးနေရာ စစ်ကောင်စီ လူသစ်လဲကစား မေနွယ် /People’s Spring 3. ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ကိုစစ်ရေးတာဝန်ယူတဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ရဲ့ ဒုတိုင်းမှုး နေရာကို စစ်ကောင်စီက အပြောင်းအလဲပြုလုပ်လိုက်တယ်လို့သိရပါတယ်။ ဒုတိုင်းမှုး ဗိုလ်မှုးချုပ်ဇော်မင်းအောင် နေရာမှာ ဗိုလ်မှုးကြီး ဗညားဝင်း ကိုခန့်အပ်လိုက်တာလို့ စစ်ကောင်စီရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမတ်လ ၉ ရက်က ပြုလုပ်တဲ့ ဂျိုင်း(ကော့ကရိတ်) တံတားဖွင့်ပွဲမှာ ဒုတိုင်းမှုးအဖြစ် ဗိုလ်မှုးကြီး ဗညားဝင်း တက်ရောက်တာကိုစစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။ ယခင်ဒုတိုင်းမှုး ဗိုလ်မှုးချုပ်ဇော်မင်းအောင်ဟာ စစ်ကောင်စီခန့် ကရင် ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနဲ့ အချင်းများခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးစောမြင့်ဦးဟာ ဗိုလ်မှုးချုပ်အဆင့်နဲ့ အငြိမ်းစားယူခဲ့တာဖြစ်ပြီး ဗိုလ်မှုးချုပ် ဇော်မင်းအောင်ထက် စစ်တပ်မှာ စီနီယာကျသူဖြစ်ပါတယ်။ အဲဒီနောက်မှာ…
-
ရန်ကုန်၊ မကွေးနှင့်ပဲခူးတိုင်းမှ စစ်မှုထမ်းတပ်သားသစ်များ စစ်သင်တန်းပြီးဆုံးခြင်းမရှိဘဲ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီး သေဆုံးထိခိုက်သူများပြားနေ
ရန်ကုန်၊ မကွေးနှင့်ပဲခူးတိုင်းမှ စစ်မှုထမ်းတပ်သားသစ်များ စစ်သင်တန်းပြီးဆုံးခြင်းမရှိဘဲ ရှေ့တန်းစစ်မြေပြင်သို့ ပို့ဆောင်ခံရပြီး သေဆုံးထိခိုက်သူများပြားနေ ရန်ကုန်၊ မတ် ၁၃ ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့်ပဲခူးတိုင်းတို့မှ စစ်မှုထမ်းတပ်သားသစ်တချို့ စစ်သင်တန်းပြီးဆုံးခြင်းမရှိဘဲ ရှေ့တန်းသို့ ပို့ဆောင်ခံနေရကြောင်း ရှေ့တန်းပို့ဆောင်ခံရသည့် စစ်မှုထမ်းတပ်သားသစ်များ၏ မိဘဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ် အမှတ် ၁ စစ်တပ် တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၈ မှ စစ်မှုထမ်းတပ်သားသစ်တချို့မှာ စစ်သင်တန်းတက်နေစဉ်အချိန်အတွင်း သင်တန်းပြီးဆုံးခြင်းမရှိဘဲ အရေးပေါ် အခြေအနေဖြင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးစခန်းတိုက်ပွဲသို့ ပို့ဆောင်ခံရကြောင်း သိရှိရသည်။ “စစ်မှုထမ်းအပတ်စဉ် ၈ မှာ ညီလေးတက်ရတာ။ တိုက်ကြီး အမှတ် ၁ တန်းမြင့်ကျောင်းမှာ တက်ရတာ။ ညီလေးနဲ့ စစ်မှုထမ်းတပ်သား ၅၀ လောက် ဖေဖော်ဝါရီလ…
-
ရမည်းသင်း ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာသည့် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးမှုများ တောက်လျှောက်ဖြစ်နေ
ရမည်းသင်း ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာသည့် လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီး၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် စစ်မှုထမ်းခိုင်းရန် လူငယ်များကို ဖမ်းဆီးမှုများ တောက်လျှောက်ဖြစ်နေ ရန်ကုန်၊ မတ် ၁၃ မန္တလေးတိုင်း၊ ရမည်းသင်းမြို့၊ ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာရောက်လည်ပတ်သည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများနှင့် ဖမ်းဆီးခံရသော လူငယ်များ၏ မိဘများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြော ဆိုသည်။ ယမန်နေ့ မတ်လ ၁၂ ရက်နေ့မှ စတင်ကာ ရမည်းသင်းမြို့ ရွှေမြင်တင်တောင် ဘုရားပွဲသို့ လာရောက်သည့် လူငယ်များကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းနေခြင်းဖြစ်ပြီး ငွေကြေး တတ်နိုင်သည့် မိဘများက လူငယ်များကို တစ်ဦးလျှင်…