မောင်တောမြို့ကို လက်လွတ်ဆုံးရှုံးရခါနီးသည့် စစ်ကောင်စီက ‌မောင်တောမြို့မအရှင်မထံ နတ်ပွဲဖြင့် လာရောက်ပူဇော်

မောင်တောမြို့ကို လက်လွတ်ဆုံးရှုံးရခါနီးသည့် စစ်ကောင်စီက ‌မောင်တောမြို့မအရှင်မထံ နတ်ပွဲဖြင့် လာရောက်ပူဇော်
AK News ၊ မေ ၂၈၊ ၂၀၂၄

ရက္ခိုင်ပြည် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်ရှိ အရေးပါသည့် နယ်ခြားစောင့်စခန်းများနှင့် ဒါဇင်နှင့်ချီသော စစ်စခန်းများကို လက်လွတ်ဆုံးရှုံးထားရသည့် စစ်ကောင်စီသည် မောင်တောမြို့ကိုပါ လက်လွတ်ဆုံးရှုံးရမည်ကို ကြောက်ရွံ့သဖြင့် နတ်ပွဲများဖြင့် ပူဇော်ပသခြင်းများ လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ မောင်တောမြို့၊ မြို့သူကြီး တပ်ရင်း နခခ (၅) မှ အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ယနေ့ မွန်းတည့် ၁၂ နာရီခန့်က ကားအဖြူမှန်လုံပိတ် ၂ စီးဖြင့် မောင်တောမြို့မှ အရှင်မနတ်ကွန်းထံသို့ သွားရောက်ကာ နတ်ပွဲဖြင့် သွားရောက် ပူဇော်ပသခဲ့ကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
“ ဘာအစီအမံတွေနဲ့ သွားလုပ်ကြတာလဲတော့ မသိဘူး။ သူတို့က အရင်ကတည်းကနေ စစ်တိုက်လို့ မနိုင်ဘူးဆိုရင် ယတြာတွေ မျိုးစုံချေကြတယ်လေ။ အခုလည်း မောင်တောမြို့ကို မကျချင်လို့ မြို့ရှင်မကို သွားကန်တော့တာ ထင်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မောင်တောမြို့နယ် မြောက်ပိုင်းမှ အရေးပါသည့် ကြိမ်ချောင်း၊ ကျီးကန်းပြင် ဌာနချုပ်နှင့် လှဖိုးခေါင် နခခ(၁၀)နယ်ခြားစောင့်စခန်းများအပါအဝင် ဒါဇင်နှင့်ချီသော စစ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်မခံရရန် နည်းမျိုးစုံဖြင့် ယခုလို ကြိုးစားပြင်ဆင်နေခြင်းဖြစ်သည်။
အာရက္ခတပ်တော်((AA) နှင့် စစ်ကောင်စီတို့ စစ်ရေးပြင်းထန်နေသော မောင်တောမြို့နယ်တွင် စစ်ကောင်စီသည် မွတ်ဆလင်နှင့် ရခိုင်လူမျိုးများအကြား လူမျိုးရေးပဋိပက္ခများ ဖြစ်ပေါ်စေရန် ဖန်တီးကြိုးစားနေပြီး မောင်တောမြို့တစ်ခုလုံးကို ပိတ်ဆို့ထားကာ မြို့ထဲရှိ ပိတ်မိနေသည့် ရခိုင်နှင့် ဟိန္ဒူလူမျိုး ၇၀ ကျော်ကိုလည်း စစ်ကောင်စီတပ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ စစ်သင်တန်းဆင်း မွတ်ဆလင်များက ယမန်နေ့နံနက်ပိုင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။
One Nation News
AK-Media Live
Maungdaw-News